Border News Agency
ရသေ့တောင်၊ စက်တင်ဘာ ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်၊မိုးစဲကမ်းကို စက်တင်ဘာလ ၃ ရက်နေ့၊နေ့လည် ၁ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီရသေ့တောင်မြို့နယ်၊မိုးစဲကမ်းကို အာဏာသိမ်းစစ်တပ်က ပေါင်ငါးရာဗုံးတွေကြဲချတိုက်လိုက်ခဲ့တာပါ။
အဲဒီအပြင်ပုဏ္ဏားကျွန်းမြို့နယ်၊ပဒေသာကျေးရွာ၊ကွမ်းတောင်ကျေးရွာ၊ယာချောင်းကျေးရွာတွေအနီးကို အာဏာသိမ်းစစ်တပ်က ပေါင်ငါးရာဗုံးတွေကြဲချတိုက်ခိုက်ခဲ့ဖြစ်ပါတယ်။
နောက်ပြီး ဂွ၊ကျိန္တလီ၊ဂျိတ်တောအနီးကိုလည်း အာဏာသိမ်ရေတပ်စစ်သင်္ဘောတွေက လက်နက်ကြီးတွေပစ်ခတ်နေတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။
အဲဒီရသေ့တောင်မြို့နယ်၊မိုးစဲကမ်းဟာ စစ်တွေမြို့တဖက်ကမ်း မယူမြစ်ဝအနီးမှာတည်ရှိပြီး စစ်တွေမြို့နယ်ကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
နောက်ဆက်တွဲဆက်ဖော်ပြပါမယ်။










