အင်တာဗျူး
Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ထဲက ဒီလပ်တပ်ဖွဲ့ဝင်ခုနှစ်ဦးအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲမှုရောင်းဝယ်ဖောက်ကားမှုတွေနဲ့အမျိုးသား၊ အမျိုးသမီးခုနှစ်ဆယ်ခုနှစ်ဦးကို ဇူလိုင်လက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအထဲကကျောင်းသားလူငယ်တဆယ့်ကိုးဦးကို သြဂုတ်လ ၁၁ ရက်နေ့မှာမိသားစုတွေဆီ တရားဝင်ပြန်အပ်ပေးခဲ့သလို နောက်ထပ်ပြန်လွှတ်ပေးတာတွေလည်းရှိပါတယ်။
ဒါပေမယ့် ကျန်တဆယ့်ခုနှစ်ဦးကိုတော့ပြန်မလွှတ်ပေးသေးသလို မိသားစုဝင်တွေအဆက်အသွယ်မရကြတာမို့ စက်တင်ဘာလ ၃ ရက်၊မနေ့က မိသားစုဝင်တွေ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြပါတယ်။
အဲဒီအထဲကမိသားစုဝင်တဦးရှင်းပြတာကို Border News Agency ကို ဖော်ပြလိုက်ပါတယ်။
“ကျမရဲ့သားက နာရေးရုံးမှာလုပ်ပါတယ်။ သားတယောက်လုပ်တာကို စားသောက်နေကြရတာပါ။ သူ့အဖေကလ ည်းမလုပ်နိုင်တော့ပါဘူး။ သားကတော့ ၇ လပိုင်း ၁ရက်နေ့ကပါသွားပါတယ်။”
“တွေ့လည်းမတွေ့ပါဘူး။ ဘယ်နေရာမှာရှိနေလည်းဆိုတာကိုလည်းမသိရပါဘူး။ အသက်ရှိသေးလားမရှိသေးဘူးလားဆိုတာ။ နောက်မှသတင်းကြားရတာတော့ အချုပ်ခန်းထဲရောက်နေတယ်လို့ကြားရပါတယ်။”
“ကျမတို့ကတော့ သူတို့ကိုအမြန်လွတ်ပေးစေချင်ပါတယ်။ ကျမတို့မှာက မိဘကိုလုပ်ကျွေးနေတဲ့မောင်လေးနှစ်ယောက်ပါ။ တယောက်က လေးဆယ့်ငါးရက်နဲ့လွတ်လာတာပဲရှိပါသေးတယ်။ အခုကနှစ်ယောက်လုံးပါသွားတယ်ဆိုတော့ အိမ်မှာလည်းဒုက္ခရောက်နေပါတယ်။”
“သူတို့ဖမ်းသွားတဲ့နေ့ကတည်းက ကားနဲ့အိမ်တိုင်လာရောက်ပို့ပေးမယ်ပြောသွားတာပါ။ အဲဒီနေ့ကလည်းအိမ်မှာမတွေ့တော့ ရုံးကိုသွားပြီးမေးမြန်းခိုင်းတာကို သွားရောက်အဖမ်းခံတာနဲ့အတူတူပါပဲ။”
“အကုန်လုံးက အိမ်မှာလုပ်ကျွေးနေတဲ့ကလေးတွေပါ။ ကျမတို့က မြောက်ဦးမြို့ကိုသွားပြီးတော့လည်းမေးပါတယ်။ရှာပါတယ်။ဘယ်မှာမှရှာမတွေ့ပါဘူး ။”
“ကျမတို့က တယောက်ကတော့ လေးဆယ်ငါးရက်ဝင်ထားတာကို နောက်ထပ်တယောက်ကိုမသွင်းချင်တော့ပါဘူး။ အိမ်မှာလည်း လုပ်ကျွေးဖို့ကလိုပါတယ်။အခုကတအိမ်က ညီကိုနှစ်ယောက်လုံးပါသွားတာပါ။ သူတို့ဘက်က သံသယမှုနဲ့လာဖမ်းသွားတာပါ။










