Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

​ဒက်စတိုပီယန်းဘဝတွေ- ၄

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊စက်တင်ဘာ ၅။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကြီးဟာ ဘေးကင်းလုံခြုံမှုကင်းမဲ့မှုနဲ့ စီးပွားရေးပြိုလဲရပ်ဆိုင်းသွားတဲ့ပြဿနာပါ။

အဲဒီဘေးကင်းလုံခြုံမှုကင်းမဲ့မှုနဲ့ စီးပွားရေးပြိုလဲရပ်ဆိုင်းမှုဟာ အာဏာသိမ်းစစ်တပ်ရဲ့ကြည်း၊ရေ၊လေထိုးစစ်နဲ့ဖြတ်လေးဖြတ်ဗျူဟာတွေကြောင့်ဖြစ်ပါတယ်။

အာရက္ခဒေသကိုထိန်းချုပ်ထားသူတွေရဲ့ ကိုင်တွယ်ပုံနဲ့တင်းကျပ်ကန့်သတ်မှုတွေကြောင့်လည်းပါပါတယ်။

အဲဒီအရင်းခံပြဿနာဟာ နိုင်ငံရေးပြဿနာအပေါ်မှာ အခြေခံဖြစ်လာတာပါ။
​
စစ်ပုံသွင်းမှုနဲ့ဖိစီးမှုတွေ

​စစ်ပွဲတွေဟာ အရာအားလုံးကိုဝါးမြိုပါတယ်။ နိုင်ငံရေးအရလှုပ်ရှားဖို့ နယ်ပယ်ကျဉ်းလာလေ စစ်ပွဲဘက်ကိုရွေးချယ်စရာမလိုဘဲ ရောက်သွားလေဖြစ်ကြတာပါ။

စစ်ပွဲအချိန်ကာလ ကြာရှည်လာတာနဲ့အမျှ အရင်းအမြစ်လိုအပ်ချက်ကြောင့် လူထုဆီကအရင်းအမြစ်တွေကိုယူလာရပါတယ်။

အဲဒီလိုယူလာတဲ့အခါ လူထုဟာအခက်အခဲနဲ့ဝန်ထုတ်ဝန်ပိုးတွေကို ရင်ဆိုင်လာရပါတယ်။

အဲဒီခက်ခဲကြမ်းတမ်းမှုကြောင့် လူထုဆန့်ကျင်မှုမဖြစ်လာအောင်အတွက် လူထုကိုအလုံးစုံစစ်ပုံသွင်းပြီး ထိန်းချုပ်ဖို့ဖြစ်လာရပါတယ်။

အဲဒီလိုထိန်းချုပ်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကရက်စက်ကြမ်းကြုပ်ပြတာပဲဖြစ်ပါတယ်။

လူထုကိုလူ့ဂုဏ်သိက္ခာနဲ့အညီ စည်းရုံးဖို့ထက်”စစ်တပ်ထဲ မဝင်ရင်သစ္စာဖောက်”၊ “ဒါဟာ ငြင်းဆန်ခွင့်မရှိတဲ့တာဝန်” စတဲ့ လူထုအပေါ်လူမှုရေးဆိုင်ရာဖိ အား(Sociological pressure)ကို ပိုသုံးလာရပါတယ်။

အဲ​​ဒီလိုတင်းကျပ်မှုမူဝါဒတွေကိုကျင့်သုံးလာရတဲ့အခါ လူထုကိုတင်းကျပ်ဖို့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့၊ဆောင်ရွက်ဖို့သူတွေကို တဖန်မွေးထုတ်လာရပါတယ်။

အဲဒီလိုမွေးထုတ်လာတဲ့အခါ နဂိုကပင်တင်းကျပ်အာဏာပြဖို့ကို ဦးတည်နေတဲ့အတွက် အဲဒီအာဏာအောက်ကလုပ်ပိုင်ခွင့်ရှိသူတွေဟာ ကိုယ်ကျိုးရှာဖို့၊လူထုကို အာဏာပြဖို့အတွက်အလိုလိုလမ်းပွင့်နေပါတော့တယ်။

အဲဒီလိုကိုယ်ကျိုးရှာမှုတွေကနေရာယူလာတဲ့အခါ လူထုအချင်းချင်းကြားထဲမှာ လူမှုရေးရင်းနှီးဆက်ဆံမှုတွေပျက်စီးသွားစေပြန်ပါတယ်။

အဲဒါကြောင့် ကုန်ထုတ်လုပ်ပျက်စီးမှုတွေကတဆင့် လူသုံးကုန်နဲ့စားနပ်ရိက္ခာတွေရှားပါးမှုတွေ၊ကြောက်ရွံ့မှုတွေ၊အနာဂတ်ပြိုလဲမှုတွေနဲ့ပင်ပန်းနွမ်းနယ်မှုတွေကတဆင့် လူထုဟာ စစ်ကို ငြီးငွေ့လာတဲ့စိတ်ဓာတ်(War Weariness)တွေ ဖြစ်လာပါတယ်။

​အဲဒီအပြင် အုပ်ချုပ်သူတွေဘက်မှာရှိ နေတဲ့ချောင်ပိတ်မှုပါ။

စစ်ပွဲဆိုတာမှာ အရှုံးဟာ သူတို့အတွက် အလျှော်အစားကြီးလွန်းနေတာကြောင့်မို့ လူထုရဲ့အသက်နဲ့အနာဂတ်အပေါ် စ စ်ဘောင်သွင်းဖို့လုပ်နေတာလည်းဖြစ်ပါတယ်။

အဲဒီလိုနဲ့ ကိုယ့်အခက်အခဲဒါမှမဟုတ်ကိုယ့်နိုင်ငံရေးအာဂျင်ဒါကိုပဲ ဗဟိုပြုစဉ်းစားနေတဲ့အခါ လူထုဗဟိုပြုမှုကိုဂရုမစိုက်တော့ပါဘူး။

အဲဒီလူထုအပေါ် လူမှုရေးဆိုင်ရာဖိအား (Sociological pressure)ကို ပိုသုံးလာရမှုနဲ့ကိုယ့်ဖာသာကိုယ် တဖက်သတ်ချောင်ပိတ်နေတဲ့အခါ လူထုကိုပါ ချောင်ပိတ်ဖို့ စဉ်းစားမှုမျိုးဘက်ကိုရောက်သွားခဲ့ရင် အန္တရာယ်ရှိလာပါပြီ။

အဲဒီလိုအန္တရာယ်ကို ရင်ဆိုင်နိုင်တာကလည်း အာဏာရှင်စနစ်ထက် ဒီမိုကရက်တန်ဖိုးတွေကသာပိုပြီးရင်ဆိုင်နိုင်တာပါ။

​ဒုတိယကမ္ဘာစစ်ကနဦးပိုင်းကာလတွေမှာ ဂျပန်နဲ့ဂျာမနီတို့ဟာ အာဏာရှင်စနစ်နဲ့လူထုကိုတင်းကျပ်မှုပြုပြီး အရင်းအမြစ်တွေကိုမောင်းနှင်ခဲ့တာကြောင့် ပိုမို အသာစီးရနေသလိုမျိုးထင်ရပါတယ်။

ဒါပေမယ့်စစ်ပွဲကြာရှည်လာတာနဲ့အမျှ အမေရိကန်၊ဗြိတိန်တို့လို ဒီမိုကရေစီလူ့အဖွဲ့အစည်းတွေမှာ ပြည်သူတွေရဲ့စိတ်ဓာတ်၊လွတ်လပ်စွာတီထွင်ဖန်တီးနိုင်မှုနဲ့ စနစ်ရဲ့ခံနိုင်ရည်ကြောင့် ရေရှည်မှာလူထုအတွက်ခံသာနိုင်ပြီး အနိုင်ရရှိခဲ့တာသမိုင်းမှာရှိပါတယ်။

​ဒီနေရာမှာ ဒီမိုကရက်တန်ဖိုးက ပိုပြီးလက်ဝင်ပါတယ်။

ဒါပေမယ့်လည်း လူထုကို ဗဟိုပြုနေတာဖြစ်လို့ (Legitimacy)ပိုင်းမှာ ခုသာခံသာနဲ့ကုစားရလွယ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ စစ်ပွဲအတွင်းထိန်းချုပ်မှု ဒါမှမဟုတ် စစ်မှုထမ်းခိုင်းမှုတွေကို လွှတ်တော်ကတဆင့်ဥပဒေနဲ့အညီ ဆွေးနွေးအတည်ပြုလေ့ရှိတာကြောင့် ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုပိုရရှိပြီး အတွင်းပိုင်းပွတ်တိုက်ဆန့်ကျင်မှုဖြစ်နိုင်ခြေနည်းပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ဝေဖန်နိုင်ခွင့်ရှိတဲ့အတွက် အလွန်အမင်းမတရားတဲ့ စစ်သားစုဆောင်းမှုတွေကို ပြည်သူကဆန့်ကျင်ပုံဖော်နိုင်သလို စစ်ပွဲဘက်ကနေပြီး နိုင်ငံရေးအရလမ်းကြောင်း ပြောင်းနိုင်မှုအတွက်လည်း တက်သာဆုတ်သာရှိပါတယ်။

အဲ​ဒါတွေက လက်ရှိမှာတော့ အာရက္ခဒေသအပါအဝင် မြန်မာနိုင်ငံမှာဖြစ်လာဖို့ခက်နေပါသေးတယ်။

မြန်မာနိုင်ငံရဲ့လူမျိုးစုနိုင်ငံရေးမှာ တဖွဲ့ကိုဖိချင်လို့တဖွဲ့ကိုဟပေးတဲ့ “အဟထဲ ကအခွင့်အရေး”နဲ့”ဒေသတွင်း ပါဝါကြီးတွေရဲ့ထိန်းထည့်မှုအောက်က ရှိနေတဲ့ လုပ်ပိုင်ခွင့်” ဒီနှစ်ချက်ကလည်း ရေပန်းစားနေသလိုဖြစ်နေတာလည်းရှိပါတယ်။

အဲဒီလိုနဲ့အဲဒီလို”အဟ” နဲ့ “ထိန်းထည့်မှု” မှာဖြစ်တည်နေတဲ့ အနေအထားတွေက စစ်ကိုယ်စီမျက်နှာမမူလာအောင် တခြားနေရာဘက် နဂါးခေါင်းလှည့်ပေးတဲ့ ဗျူဟာတွေကလည်း ရှိနေပါတယ်။

အဲဒါတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ အားလုံးပါဝင်ရေးထက်ဖယ်ထုတ်ထားရေးမူဝါဒရဲ့သက်ရောက်မှုတွေကပေးတဲ့ ရလဒ်လည်းဖြစ်ပါတယ်။

အားလုံးပါဝင်ရေးဟာ တထိုင်တည်းနဲ့ဖြစ်ဖို့ခက်ပေမယ့် အားလုံးမပါဝင်ခဲ့ရင်လည်းပြဿနာမပြီးတော့ပါဘူး။

အဲဒါတွေရဲ့အကျိုးဆက်မှာတော့ လက်နက်ကိုင်တော်လှန်ရေးရပ်ဝန်းထဲက တချို့ဟာလူထုရဲ့ချစ်ခင်မှု၊လူထုကို ဗဟိုပြုမှုဆိုတာတွေထက် လူထုဆီကကြောက်ရွံ့ခန့်ညားမှုကို ပိုလိုချင်လာကြတဲ့ (Fear Over Love)ကိုပဲ အလုပ်ဖြစ်တယ်လို့ ထင်မြင်လာပါတယ်။

အဲဒီ”အဟ”နဲ့”ထိန်းထည့်မှု” ကြားက ဖြစ်တည်မှုတွေဟာလည်း တဖန်ပြန်ပြီးနိုင်ငံရေးအရခိုင်မာတဲ့ သဘောတူညီချက်ရဖို့အတွက် နိုင်ငံရေးလမ်းကြောင်းဆီ ပန်သွားနေရပြန်ပါတယ်။
​
ဆက်ရန်….

PrevPreviousကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး
Nextကန်ချနဘူရီမှာ တရားမဝင်မြန်မာနိုင်ငံသားဆယ့်ခုနှစ်ဦးဖမ်းခံရNext
Previous Post

ကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး

Next Post

ကန်ချနဘူရီမှာ တရားမဝင်မြန်မာနိုင်ငံသားဆယ့်ခုနှစ်ဦးဖမ်းခံရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - One Nation News

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

September 5, 2026
(ဓာတ်ပုံ - ရသေ့တောင်မြို့နယ်၊အငူမော်ရွာအနီး စက်တင်ဘာလ ၄ ရက်နေ့ကကျရောက်လာတဲ့လက်နက်ကြီးကျည်/ပေးပို့)

ရသေ့တောင်မြို့နယ် အငူမော်ကို စစ်တပ်ကမ်းတက်ဖို့ ကြိုးစားနေ

September 5, 2026

ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ခြေကုပ်ယူဖို့ ကြိုးစားနေ

September 5, 2026

စစ်တွေမြို့ပတ်ပတ်လည်မှာ ညလုံးပေါက်ပစ်ခတ်တိုက်ခိုက်မှုတွေပြင်းထန်နေ

September 5, 2026

ကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဗီယက်နမ်သမ္မတ မစ္စတာတိုလန်းနဲ့တွေ့ဆုံ

ကံမမြို့နယ် ပကဖ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲ

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

ရသေ့တောင်မြို့နယ် အငူမော်ကို စစ်တပ်ကမ်းတက်ဖို့ ကြိုးစားနေ

ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ခြေကုပ်ယူဖို့ ကြိုးစားနေ

Releated Post

​ဓာတ်ပုံ - RAB-15

ကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး

September 5, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဗီယက်နမ်သမ္မတ မစ္စတာတိုလန်းနဲ့တွေ့ဆုံ

September 5, 2026
​ဓာတ်ပုံ - ကံမမြို့နယ် ပကဖ

ကံမမြို့နယ် ပကဖ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲ

September 5, 2026
​ဓာတ်ပုံ - One Nation News

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

September 5, 2026
(ဓာတ်ပုံ - ရသေ့တောင်မြို့နယ်၊အငူမော်ရွာအနီး စက်တင်ဘာလ ၄ ရက်နေ့ကကျရောက်လာတဲ့လက်နက်ကြီးကျည်/ပေးပို့)

ရသေ့တောင်မြို့နယ် အငူမော်ကို စစ်တပ်ကမ်းတက်ဖို့ ကြိုးစားနေ

September 5, 2026

ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ခြေကုပ်ယူဖို့ ကြိုးစားနေ

September 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page