Border News Agency
အဥ္ဇနပူရ၊စက်တင်ဘာ ၂၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့၊အဥ္ဇနပူရမြို့ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားတဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဉ္ဇနပူရမြို့ရှိ စျေးဟောင်းပိုင်းရပ်ကွက်ကို စက်တင်ဘာလ ၂၇ ရက်၊ဒီနေ့ ညသန်းခေါင် ၁၂ နာရီကျော်အချိန် အာဏာသိမ်းစစ်တပ်က ဒရော့ဗုံးသီးအလုံးရေတဆယ်နဲ့တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်ငါးဆယ်အရွယ် ဦးခင်မောင်ရဲ့ခြေလက်နဲ့ခန္ဓာကိုယ်တွေမှာ လက်နက်ကြီးအစထိမှန်ကာဒဏ်ရာရသွားခဲ့ပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။
အဲဒီကျောက်တော်မြို့နယ်ကိုလည်း စက်တင်ဘာလ ၂၅ ရက်နေ့ကအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ မူဆလင်ငါးဦးအပါအဝင် အရပ်သားခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
စစ်တွေ- ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်နဲ့ အာဏာသိမ်းစစ်တပ်လို့ စက်တင်ဘာလ ၄ ရက်နေ့ကစလို့ တိုက်ပွဲတွေပြင်းနေပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို ခုရက်ပိုင်းတွေမှာ လေကြောင်း၊လက်နက်ကြီးတွေနဲ့ နေ့စဥ်ရွယ်ရည်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သားတွေသေဆုံး၊ဒဏ်ရာရနေကြရပါတယ်။







