Border News Agency
လောင်းလုံး၊ စက်တင်ဘာ ၂၇။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာတွေကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ဖို့ထွက်ခွာလာတဲ့ ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ဟာ စက်တင်ဘာလ ၂၇ ရက်၊ဒီနေ့မနက်က ကမြောကြီးဒေသအနီးရေကြီးရေလျှံမှုကြောင့် လမ်းခရီးမှာ ပိတ်မိနေပါတယ်။
အဲဒီကယ်ဆယ်ရေးအဖွဲ့ဟာ ဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ပြည်သူတွေကို အမြန်ဆုံးကူညီပေးနိုင်ဖို့ အရေးပေါ် ထွက်ခွာလာတာ ဖြစ်ပါတယ်။
ဒါပေမယ့် လမ်းကြောင်းပေါ်မှာ ရေမြင့်တက်မှုများပြားနေတာကြောင့် ရှေ့ဆက်သွားလို့မရဘဲ လမ်းခရီးမှာရပ်တန့်စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။
အရေးပေါ် ကူညီရေးအဖွဲ့အနေနဲ့ ရေပြန်ကျသွားရင် ရှေ့ဆက်သွားနိုင်မယ့်လမ်းကြောင်းကိုရှာဖွေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။













