Border News Agency
ထိုင်း၊ စက်တင်ဘာ ၂၇။
ထိုင်းနိုင်ငံ၊Chanthaburi ပြည်နယ်မှာ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် စက်တင်ဘာလ ၂၆ ရက်မှ စတင်ကာရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး Wat Chanthana Ram တံတားမှာ အဝါရောင်အလံစိုက်ထူကာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
Khao Khitchakut ခရိုင်ရှိ Wat Krathing ဘုန်းကြီးကျောင်းနဲ့ ပတ်ဝန်းကျင်တွေမှာ ရေအမြင့်သုံးပေကျော်(တမီတာကျော်) အထိမြင့်တက်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ ယာဉ်ငယ်တွေသွားလာလို့မရတော့ပါဘူး။
အဲဒီရေထုထည်ဟာ Makham ခရိုင်အတွင်းသို့ ဆက်လက်စီးဝင်ခဲ့တာကြောင့် အိမ်ခြေအများအပြားရေလွှမ်းမိုးခံရပြီး ဒေသခံတွေဟာ ဘေးလွတ်ရာလမ်းဘေးဝဲယာတွေမှာတဲထိုးကာ ယာယီပြောင်းရွှေ့နေထိုင်နေကြရတာပါ။
အဲဒီအပြင် Wang Saem ခရိုင်ခွဲရှိ ဒူရင်းခြံတွေနဲ့ သစ်သီးခြံတွေရေမြုပ်နေတာကြောင့် သစ်သီးပင်တွေအမြစ်ပုပ် ပျက်စီးမှာကို တောင်သူတွေစိုးရိမ်နေကြပြီး အာဏာပိုင်တွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကကူညီဆောင်ရွက်ပေးနေပါတယ်။












