Border News Agency
မီဇိုရမ်၊ စက်တင်ဘာ ၂၇။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်းခရိုင်အတွင်းမှာ ကာလတန်ဖိုး ရူပီး ၁၇ ဒသမ ၈၉ ကုဋေခန့်တန်ဖိုးရှိတဲ့ မှောင်ခိုကွမ်းသီးနဲ့ ဘိန်းစေ့တွေကိုလုံခြုံရေးတပ်ဖွဲ့တွေပူးပေါင်းဖမ်းဆီးရမိခဲ့တယ်လို့ Spear Corps က စက်တင်ဘာလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ဆင်ရေးကို Spear Corps လက်အောက်ရှိ အာသံရိုင်ဖယ်တပ်ဖွဲ့၊အခွန်စုံစမ်းစစ်ဆေးရေးညွှန်ကြားမှုဦးစီးဌာန (DRI) နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
ဖမ်းဆီးရမိမှုအတွင်း အလေးချိန် ၁,၂၅,၆၈၀ ကီလိုဂရမ်ရှိကွမ်းသီးတွေနဲ့ အလေးချိန် ၂၅,၄၄ဝ ကီလိုဂရမ်ရှိ ဘိန်းစေ့တွေကို ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့တာပါ။
မြန်မာ-အိန္ဒိယနယ်စပ်ဒေသတွေမှာ မြန်မာပြည်အတွင်းဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့နယ်မြေမတည်ငြိမ်မှုတွေကြောင့် တရားမဝင် မှောင်ခိုကုန်ကူးမှုတွေ၊မူးယစ်ဆေးဝါးနဲ့ စိုက်ပျိုးရေးထွက်ကုန်ခိုးထုတ်မှုတွေပိုမိုမြင့်တက်လာနေတာဖြစ်ပါတယ်။
အဲဒီအခြေအနေတွေကြောင့် အိန္ဒိယဘက်က နယ်စပ်လုံခြုံရေးစစ်ဆေးမှုတွေကို အရင်ကထက်ပိုမိုတင်းကြပ်ထားပြီး နယ်စပ်ဖြတ်ကျော် မှောင်ခိုကွန်ရက်တွေကို ဖြိုခွဲနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့တွေကအရှိန်အဟုန်မြှင့် တားဆီးစစ်ဆေးနေတယ်လို့ဆိုပါတယ်။









