Border News Agency
ထားဝယ်၊ စက်တင်ဘာ ၂၈။
တနင်္သာရီတိုင်း၊ထားဝယ်မြို့မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးအနီးဝန်းကျင်လမ်းမကြီးတွေပေါ်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပါတယ်။
စက်တင်ဘာလ၂၈ ရက်၊ ဒီနေ့မနက်က မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ဆေးရုံကြီးဝန်းကျင်နဲ့လမ်းမတွေပေါ် ရေမြင့်တက်လာပြီး လမ်းသွားလမ်းလာတွေနဲ့ ဆေးရုံလာရောက်ကြသူတွေ သွားလာရေးအခက်အခဲကြုံတွေ့နေရတာပါ။
လက်ရှိမှာ မိုးဆက်လက်ရွာသွန်းနေတာကြောင့် ဆေးရုံတက်ရောက်နေသူတွေ၊လူနာရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းကြဖို့နဲ့ သွားလာရေးသတိပြုကြဖို့ ဒေသခံတွေကနှိုးဆော်ထားကြပါတယ်။














