Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် ဆောင်းပါး မြောက်ဦးခရိုင် အာရက္ခဒေသ

အကျပ်အတည်းပေါင်းစုံကြား အရပ်သားပြည်သူတွေကို ကာကွယ်ပေးရေး

(ဓာတ်ပုံ - ကျောက်တော်လေကြောင်းတိုက်ခံရမှုက အလောင်းတချို့ကို အာရက္ခအစိုးရမြေမြှုပ်ပေးနေပုံ/ ONN)

(ဓာတ်ပုံ - ကျောက်တော်လေကြောင်းတိုက်ခံရမှုက အလောင်းတချို့ကို အာရက္ခအစိုးရမြေမြှုပ်ပေးနေပုံ/ ONN)

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၃၀။

​မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်တာရှည်လာတာနဲ့အမျှ ပြည်သူလူထုဟာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းပိုများလာပါတယ်။

အာရက္ခဒေသအပါအဝင် အာဏာသိမ်းစစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေအတွင်း အကြောင်းတရားတမျိုးမျိုးကြောင့် ထိခိုက်သေဆုံးရတဲ့အပြစ်မဲ့အရပ်သားအရေအတွက်တွေလည်း တိုးလာနေပါတယ်။

လက်နက်ကိုင်ပဋိပက္ခတာရှည်လာတာနဲ့အမျှ အရပ်သားပြည်သူတွေဟာ နေ့စဥ်ထိခိုက်သေဆုံးမှုတွေ ဆက်ရှိနေကြမှာပါ။

​စစ်ပွဲဖြစ်လာရင် ပထမဆုံးပျောက်ဆုံးသွားတဲ့အရာတွေက အမှန်တရားနဲ့တရားမျှတမှုဖြစ်တယ်ဆိုတဲ့ စကားကသာမန်မဟုတ်ပါဘူး။

အကြောင်းပြချက်ကိုယ်စီကို ဆုပ်ကိုင်ထားတဲ့ဘက်အသီးသီးကြားမှာ လှောင်ပိတ်သလိုဖြစ်နေကြတဲ့အပြစ်မဲ့အရပ်သားပြည်သူလူထုထဲမှာ သက်ကြီးရွယ်အိုတွေ၊ကလေးသူငယ်တွေ၊ကိုယ်ဝန်ဆောင်မိခင်တွေ၊မသန်စွမ်းသူတွေဟာ အဓိကထိခိုက်ခံစားနေကြရပါတယ်။

အဲဒီဘက်အသီးသီးရဲ့စစ်ရေးဆိုင်ရာဦးတည်ချက်တွေနဲ့ တိုက်ပွဲတွေရဲ့ အနေအထားအရ အရပ်သားပြည်သူလူထုနဲ့ ကင်းလွတ်တဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ဖို့ခက်နေပါတယ်။

လက်နက်ကိုင်ပဋိပက္ခထဲက သာမန်အရပ်သားတွေဟာ စစ်ပွဲထဲမှာရှိနေတဲ့ဘက်အသီးသီးကို အရပ်သားအကာအကွယ်ပေးရေးအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းဟာ အဆိုးဆုံးဖြစ်နေပေမယ့် အသံထွက်ဖို့ အင်မတန်ခက်ခဲနေကြပါတယ်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့​ ကျောက်တော်မြို့၊အိန္ဒိယဈေးပတ်ဝန်းကျင်ကို ဗုံးကြဲခံရမှုဟာ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ဘက်အသီးသီးက ပဋိပက္ခအတွင်းအရပ်သားကာကွယ်ရေးစံနှုန်းတွေကို လိုက်နာအောင် ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ ပြောဆိုတိုက်တွန်းရမှာကို မီးမှောင်းထိုးပြနေပါတယ်။

​ဘယ်လိုပဲပြောပြော၊ဘယ်ဘက်ရှုထောင့်ကပဲကြည့်ကြည့် အရပ်သားပြည်သူ လူထုနဲ့အရပ်သားဆိုင်ရာနေရာတွေဟာ စစ်ရေးအရပစ်မှတ်ထားတိုက်ခိုက်မှုအပါအဝင် စစ်ရေးတိုက်ခိုက်မှုရဲ့သေကြေထိခိုက်ပျက်စီးမှု၊သက်ရောက်မှုတွေကဝေးဝေးရှိသင့်ပါတယ်။

အရပ်သားပြည်သူလူထုနဲ့အရပ်သားဆိုင်ရာနေရာတွေဟာ စစ်ဘက်ဆိုင်ရာအတွက် အသုံးချမှု၊နေရာယူမှုတွေကလည်း ဝေးဝေးမှာရှိသင့်ပါတယ်။

အဲ​ဒီအချက်အပေါ်မှာလည်းအကြောင်း ပြချက်ကိုယ်စီကို ဆုပ်ကိုင်ထားတဲ့ဘ က်အသီးသီးကြားမှာ အပြန်အလှန်စွပ် စွဲမှုနဲ့ဥပက္ခာပြုငြင်းဆန်ဖို့လည်း လွယ် ကူကြမှာပါ။

အဲဒါဟာ လက်နက်ကိုင်ပဋိပက္ခတွေကြား အရပ်သားအကာအကွယ်ပေးရေးဆိုတဲ့ဘောင်ထဲက ချဉ်းကပ်မှုဖြစ်လို့ပါ။

အာဏာသိမ်း​စစ်တပ်ရဲ့ရက်စက်မှုကို တိုက်ရိုက်ရင်ဆိုင်နေရသူတွေနဲ့ တော်လှန်ရေးဘက်က ကြည့်ရင်တော့ ဒီလိုစာရွက်ပေါ်က နိုင်ငံတကာစံနှုန်းစကားလုံးတွေဟာ မြေပြင်ကဒုက္ခတွေကိုမဖြေရှင်းပေးနိုင်တဲ့အပြင် ဘက်မလိုက်ချင်ယောင်ဆောင်ပြီး ဖိအားပေးနေတာပဲလို့ မြင်ကြမှာပါ။

​ဒါပေမယ့်ပဋိပက္ခနဲ့သက်ဆိုင်သူဘက်အသီးသီးဘက်က ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ နိုင်ငံတကာအသိုင်းအဝန်းဟာ ဆက်ပြီးဖိအားပေး ပြောဆိုနေဖို့လိုပါတယ်။

အဲဒီလိုဘာအာမခံချက်မှမရှိနိုင်သေးပေမယ့် မပြောရင်ပိုပြီးဆိုးလာနိုင်တာမို့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ဖိအားဟာ ဆက်ပြီးလိုအပ်နေပါတယ်။

လက်နက်ကိုင်​ပဋိပက္ခကြာလာတာနဲ့အမျှ အကျိုးဆက်က အရပ်သားတွေသေနေတာဟာ ပုံမှန်သတင်းလိုမြင်လာနိုင်ပါတယ်။

အဲဒါတွေဟာ ပုံမှန်းသတင်းမဟုတ်ဘဲ အပြစ်မဲ့ပြည်သူတွေရဲ့အသက်တွေဖြစ်ကြပြီး အစားထိုးမရတဲ့ မိသားစုဝင်တွေ ၊မိတ်ဆွေတွေကို ဆုံးရှုံးမှုတွေဖြစ်ပါတယ်။

မိသားစုဝင်တွေကို အပြီးအပိုင်ဆုံးရှုံးခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်သတင်းတပုဒ်လို ဖြစ်မသွားဖို့လိုပါတယ်။

အဲဒီလိုသာမြင်လာခဲ့ရင် ပဋိပက္ခအတွင်း အရပ်သားတွေအန္တရာယ်ကင်းရေးအပေါ် ဘက်အသီးသီးဟာ ထည့်သွင်းစဉ်းစားမှုတွေ ပျောက်သွားနိုင်ပြီး ပိုဆိုးသွားနိုင်ပါတယ်။

​သူသေကိုယ်သေတိုက်နေကြတဲ့ စစ်ပွဲတွေ၊ပဋိပက္ခတွေကြားမှာ”ဘက်မလိုက် အရပ်သားကာကွယ်ရေး(Neutral Civilian Protection)”ရှုထောင့်ဟာ ဝေဖန်ခံရလေ့ရှိပါတယ်။

အဲဒီလိုဝေဖန်ခံရပေမယ့် ဒီအချက်ကပဲ နိုင်ငံတကာအနေနဲ့လည်း လူသားချင်းစာနာမှုဆိုင်ရာဘက်က ဘက်အသီးသီးကို ဝင်ရောက်စွက်ဖက်လို့ရတဲ့ အပေါက်လည်းဖြစ်နေပါတယ်။

အဲ​ဒါကြောင့်လည်း အရပ်သားတွေ ထိခိုက်မှုမရှိအောင် တတ်နိုင်သမျှရှောင်ရှားရမှု(Distinction & Precaution)ကို အလေးထားတဲ့ဘက်ဟာ ရေရှည်မှာနိုင်ငံတကာထောက်ခံမှုကို ပိုရသွားတတ်တာပါ။

​စစ်ပွဲနဲ့ကပ်ဘေးပေါင်းစုံကို ရင်ဆိုင်နေရတဲ့ လူ့အဖွဲ့အစည်းအတွက် အပြစ်မဲ့အရပ်သားတွေ အန္တရာယ်ကင်းရေးဟာ ထည့်သွင်းစဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်။

ICRC အမြဲတမ်း သတိပေးနေသလိုပါပဲ။ စစ်ပွဲတွေမှာလည်း အကန့်အသတ်ဆိုတာ ရှိပါတယ်။

PrevPreviousကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူတွေရဲ့ အချက်အလက်တွေ
Nextလောင်းလုံးမှာ ရေကြီးမြေပြိုလို့ အရေးပေါ်အကူအညီတွေ လိုအပ်နေNext
Previous Post

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူတွေရဲ့ အချက်အလက်တွေ

Next Post

လောင်းလုံးမှာ ရေကြီးမြေပြိုလို့ အရေးပေါ်အကူအညီတွေ လိုအပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - AA

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူတွေရဲ့ အချက်အလက်တွေ

September 30, 2026

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့သူတွေရဲ့အချက်အလက်တွေ

September 30, 2026
​ဓာတ်ပုံ - ONN

ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှုမှာ ပိုင်ရှင်မဲ့ရုပ်အလောင်း နှစ်ဆယ့်နှစ်လောင်းကို ULA/AA က သင်္ဂြိုဟ်ပေး

September 30, 2026
ဓာတ်ပုံ - AA

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူငါးဆယ်ဦးရှိလာ

September 29, 2026

ကျိုက်ထိုမှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ တဦးသေဆုံး

ထားဝယ်ရေဘေးမှာသေဆုံးသူ တဆယ့်ခုနှစ်ဦးထိရှိလာ (ဓာတ်ပုံသတင်း)

မလေးရှားရောက်မြန်မာ ၁,၄၇၆ ဦးကို စစ်တပ်ရဲ့ရေတပ်စစ်သင်္ဘောတွေနဲ့ စတင်ပြန်ပို့(ဓာတ်ပုံသတင်း)

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုကို ယောကာကွယ်ရေးတပ်ကန့်ကွက်ရှုတ်ချ

မလေးရှားရောက် မြန်မာတထောင့်ငါးရာကို စစ်တပ်ရဲ့ ရေတပ်သင်္ဘောတွေနဲ့ပြန်ပို့

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူငါးဆယ်ဦးရှိလာ

Releated Post

ဓာတ်ပုံ - KNU

ကျိုက်ထိုမှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ တဦးသေဆုံး

September 29, 2026
ဓာတ်ပုံ-TNF

ထားဝယ်ရေဘေးမှာသေဆုံးသူ တဆယ့်ခုနှစ်ဦးထိရှိလာ (ဓာတ်ပုံသတင်း)

September 29, 2026

မလေးရှားရောက်မြန်မာ ၁,၄၇၆ ဦးကို စစ်တပ်ရဲ့ရေတပ်စစ်သင်္ဘောတွေနဲ့ စတင်ပြန်ပို့(ဓာတ်ပုံသတင်း)

September 29, 2026

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုကို ယောကာကွယ်ရေးတပ်ကန့်ကွက်ရှုတ်ချ

September 29, 2026
ဓာတ်ပုံ - ရိုက်တာ(ပုံဟောင်း)

မလေးရှားရောက် မြန်မာတထောင့်ငါးရာကို စစ်တပ်ရဲ့ ရေတပ်သင်္ဘောတွေနဲ့ပြန်ပို့

September 29, 2026
ဓာတ်ပုံ - AA

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူငါးဆယ်ဦးရှိလာ

September 29, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page