Border News Agency
ချမ်ဖိုင်၊ အောက်တိုဘာ ၁၁။
မီဇိုရမ်ပြည်နယ်၊ချမ်ဖိုင်ခရိုင်အတွင်းမှာ အာသမ်ရိုင်ဖယ်တပ်ဖွဲ့ဝင်တွေက အောက်တိုဘာလ ၁၀ ရက်နေ့က နယ်မြေလုံခြုံရေးနဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလိုဆောင်ရွက်နေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေဟာ သတင်းအချက်အလက်အရ သီးသန့်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး တရားမဝင်သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကို ပိတ်ဆို့ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီနေရာမှာ အလေးချိန်လေးဒဿမလေးလေးလေးကီလိုဂရမ်ရှိတဲ့ စိတ်ကြွဆေးပြားတွေကိုသိမ်းဆည်းရမိခဲ့ပြီး ကာလတန်ဖိုးငွေရူပီသုံးဒဿမငါးငါးကုဋေခန့် ရှိပါတယ်။
အဲဒီနေရာတွေမှာ တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုတွေမဖြစ်ပွားအောင် လုံခြုံရေးတပ်ဖွဲ့တွေဘက်က ဆက်လက်တားဆီးနှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။
ခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကိုတော့ ဥပဒေနဲ့အညီ ဆက်လက်အရေးယူဆောင်ရွက်နိုင်ဖို့သက်ဆိုင်ရာဌာနတွေဆီ လွှဲပြောင်းထားပါတယ်။








