Border News Agency
ပလက်ဝ၊ အောက်တိုဘာ ၁၉။
ပလက်ဝနဲ့ ကန်ပက်လက်မြို့နယ်ကြားမှာရှိတဲ့ ချောင်းဆုံကုန်ဆိပ်ကို အောက်တိုဘာလ ၁၉ ရက်၊ဒီနေ့ အာဏာသိမ်းစစ်တပ်ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီချောင်းဆုံကုန်ဆိပ်နဲ့အနီးတဝိုက်ကို ဒီနေ့မနက် ၁၁ နာရီခွဲမှ ၁၂ နာရီထိ တိုက်လေယာဥ်နှစ်စီး၊Y-12 နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီအပြင် လမ်းပေါ်မှာ သွားလာနေကြတဲ့ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေကိုပါ လေကြောင်းမှ လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီချောင်းဆုံရှိ ကုန်သွယ်ရေးနဲ့အများပြည်သူသွားလာနေတဲ့ နေရာကို အောက်တိုဘာလ ၁၈ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင့းတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားပြည်သူ ရှစ်ဦးအထိ သေဆုံးခဲ့ပြီး လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ သေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးငယ်နဲ့ အမျိုးသမီးတွေ အများဆုံး ပါဝင်ပါတယ်။






