Border News Agency
မြောက်ဦး၊နိုဘာလ ၁။
အာရက္ခဒေသမှာရောင်းချခဲ့တဲ့ အာရက္ခလောင်ပေါ်ရဲ့ ပဉ္စမအကြိမ်မြောက်ကံစမ်းမဲဖွင့်လှစ်ပွဲကို နိုဝင်ဘာ လ ၁ ရက်၊ဒီနေ့ညကျင်းပခဲ့ရာ အဓိကဆုကြီးပေါက်မဲနံပါတ်တွေထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီကံစမ်းမဲဖွင့်ပွဲမှာ ဒုတိယဆုကျပ်ခုနှစ်ရာ့ငါးဆယ်သိန်းပေါက်မဲနံပါတ်မှာ ၆၂၈၄၅၅ ဖြစ်ပြီး တတိယဆု ကျပ်ငါးရာသိန်းပေါက်မဲနံပါတ်မှာ ၀၇၃၅၄၂ ဖြစ်ပါတယ်။
အဲဒီအပြင် စတုတ္ထဆုကျပ်လေးရာသိန်းပေါက်မဲနံပါတ်မှာ ၁၉၀၀၄၀ ဖြစ်ကာ ပဉ္စမဆုကျပ်သုံးရာသိန်း ပေါက်မဲနံပါတ်တွေမှာ ၅၇၀၆၉၇ နဲ့၂၃၉၃၃၀ တို့ဖြစ်ပါတယ်။
ဆဋ္ဌမဆုကျပ်နှစ်ရာသိန်းပေါက်မဲနံပါတ်မှာ ၉၁၂၄၄၇ ဖြစ်ပြီး သတ္တမဆုကျပ်သိန်းတရာပေါက်မဲနံပါတ်တွေအဖြစ် ၃၃၆၄၉၅ နဲ့ ၉၄၈၃၇၈ တို့ အသီးသီးထွက်ပေါ်ခဲ့တာပါ။
အဲဒီကံစမ်းမဲဖွင့်ပွဲကိုသက်ဆိုင်ရာ တာဝန်ရှိသူတွေက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တိုက်ရိုက်ထုတ်လွှင့်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
ကံထူးသူတွေအနေနဲ့ သတ်မှတ်စည်းကမ်းတွေနဲ့အညီဆုငွေတွေကို ထုတ်ယူနိုင်ယ်လို့ဆိုပါတယ်။
















