Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို နိုဝင်ဘာလ ၂၈ ရက် တရက်တည်းမှာပဲ နှစ်ကြိမ်ထိတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးသူသုံးဆယ်ဦးထိရှိလာနေပါတယ်။
အဲဒီသေဆုံးသူသုံးဆယ်ဦးထဲမှာ အမျိုးသမီးဆယ့်နှစ်ဦး၊ အမျိုးသားဆယ့်လေးဦးနဲ့ အသက်သုံးလမှဆယ့်လေးနှစ်အတွင်း ကလေးခုနှစ်ဦးပါဝင်နေပြီး ကျား/မ ခွဲခြားမရတဲ့အလောင်းလေးလောင်း စုစုပေါင်းသုံးဆယ်ဦးထိရှိနေပါတယ်။
သေဆုံးသူသုံးဆယ်ဦးထဲမှ ကနဦးသေဆုံးသူနှစ်ဆယ့်ဦးခန့်ရှိခဲ့ပြီး နောက်ထပ်အလောင်းတွေနဲ့ ဆေးကုသနေချိန်သေဆုံးသူတွေလည်း ပါဝင်နေတာပါ။
အဲဒီအပြင်လေကြောင်းတိုက်ခိုက်ခံရမှုဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးဆယ့်နှစ်ဦးနဲ့ အမျိုးသားဆယ့်ခုနှစ်ဦး စုစုပေါင်းနှစ်ဆယ့်ကိုးဦးပါဝင်ကာ ဆေးကုသမှုခံယူနေကြရပါတယ်။
နောက်ပြီး အရပ်သားပြည်သူ့ နေအိမ်ငါးဆယ်နှစ်လုံးထက်မနည်းလည်းပျက်စီးသွားခဲ့ပါတယ်။








