Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်ကို နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သုံးလအရွယ် ကလေးငယ်အပါအဝင် သေဆုံးသူအရပ်သားနှစ်ဆယ့်ရှစ်ဦးခန့်ရှိလာပါတယ်။
အဲဒီ မြို့သစ်ရပ်ကွက်ကို မနေ့ညနေ ၄ နာရီကျော်မှာတကြိမ်၊ ည ၇ နာရီ ၅၀ ကျော်မှာ တကြိမ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်လေးဦးအပါအဝင် ပြည်သူ နှစ်ဆယ့်ငါးဦးခန့် သေဆုံးပြီး ကိုယ်ဝန်ဆောင်မိခင်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် သုံးဆယ်ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင်ဒဏ်ရာပြင်းထန်သူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရသူတွေရှိနေတာကြောင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ခြေရှိနေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာရမှုနေ့စဉ်မြင့်တက်နေပါတယ်။









