Border News Agency
ပဲခူး၊ နိုဝင်ဘာ ၂၉။
ပဲခူးတိုင်း၊ ပဲခူးမြို့က ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားကွင်းမှာ နိုဝင်ဘာလ ၂၉ ရက်၊ ဒီနေ့ မနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကို ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ခဲ့ကြပါတယ်။
အဲဒီပွဲမှာ ပဲခူးမြစ်ကူးတံတားကနေ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားဝင်းထိ လမ်းလျှောက်ချီတက်ပြီး ICJ ရဲ့ စီရင်ချက်တွေကို ပယ်ဖျက်ပေးဖို့ ကြွေးကြော်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ကန့်ကွက်ပွဲအတွင်း စစ်တပ်ထောက်ခံသူ အမျိုးသားရေးသမား ဦးဝီရသူအပါအဝင် စာရေးဆရာအမတ်ဒိန်နဲ့ ဦးနောင်တော်လေးတို့က ဟောပြောခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာတရားရုံး (ICJ) ရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ သူတို့ကိုထောက်ခံတဲ့ အမျိုးသားရေးအုပ်စုတွေကို အသုံးချပြီး ပြည်တွင်းမှာ ကန့်ကွက်ပွဲတွေ ဖန်တီးလုပ်ဆောင်နေတာဖြစ်ပါတယ်။















