Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် စစ်ရေး နိုင်ငံရေး သတင်း အာရက္ခဒေသ

ကျောက်ဖြူမြို့နယ်ကို သိမ်းပိုက်ဖို့ အာရက္ခတပ်တော် အကန့်အသတ်နဲ့တိုက်နေ

Photo - AA

Photo - AA

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
22
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်ဖြူ၊ မေ ၂၃။

အာရက္ခတပ်တော်(AA)ဟာ ကျောက်ဖြူမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ဖို့ တိုက်ပွဲတွေကို အကန့်အသတ်နဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ မပြီးပြတ်သေးတဲ့မြို့သိမ်းတိုက်ပွဲတွေကို အကန့်အသတ်နဲ့ဆင်နွဲနေတယ်လို့ မေလ ၂၂ ရက်၊ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒါဟာ “အာရက္ခဒေသတခုလုံး အာရက္ခပြည်သူလက်ထဲသို့ ရောက်ရှိရေး” ရည်မှန်းချက်ကို အကောင်အထည်ဖော်နေတာလို့ ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခဒေသက ကျန်ရှိနေသေးတဲ့သုံးမြို့နယ်ကို အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ရင် အာရက္ခဒေသက လူသားအရင်းအမြစ်တွေ ဆုံးရှုံးသွားနိုင်တယ်လို့ နိုင်ငံရေးအသိုင်း အဝိုင်းက သုံးသပ်ပြောကြပါတယ်။

“ဒီရခိုင်မှာ ကျန်နေတဲ့ သုံးမြို့ကိုတော့အရင်ဆုံးပြီးပြတ်အောင်လုပ်ရမယ်လို့မြင်ပါတယ်။ တပ်မှူးချုပ်ကလည်း​ပြောထားတယ် ၂၀၂၅ ဆိုရင်သိရလိမ့်မယ်ဆိုတာကိုပေါ့။ သူ့စကားတွေကို ကျနော်တို့က ဖယ်ထားလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူပြောရင်ပြောတဲ့အတိုင်းဖြစ်တယ်။ အားလည်းရှိတယ်ပေါ့။ ပြီးပြတ်အောင်မသိမ်းနိုင်ဘူးဆိုရင်တော့ ကျနော်တို့လူသားအရင်းအမြစ်တွေ ဆုတ်ခွာသွားတဲ့ဟာမျိုးပိုပြီးကြီးလာနိုင်တယ်။ ခုလည်း ပိုပြီးကြီးလာတာကိုမြင်ရတယ်။ ခုလည်းဆုတ်ခွာနေကြတာပါပဲ။ အဲဒီလူတွေသွားပြီဆိုရင် ပြန်လာနိုင်ဖို့က ဘယ်လောက်ရာခိုင်နှုန်းသေချာမလဲဆိုတာက မေးခွန်းအကြီးကြီးဖြစ်တယ်။” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အထွေထွေအတွင်းမှူးဖြစ်သူ ဦးမျိုးကျော်က Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်ဟာ ကျောက်ဖြူမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်ဒရုန်းတွေ၊ လက်နက်ကြီးတွေ အသုံးပြုမတိုက်ခိုက်ဘဲ စစ်သည်တွေ၊ စစ်နည်းဗျူဟာတွေသုံးပြီး မြေပြင်အားသာချက်ရယူကာ နယ်မြေသိမ်းပိုက်တိုက်ခိုက်နေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ကြည်းရေလေပူး ပေါင်းခုခံနေသလို လေကြောင်းပစ်ကူ၊ ရေတပ်ပစ်ကူးတွေ အများဆုံးအသုံးပြုခုခံနေသလို အဆင့်မြင့်ဒရုန်းတွေလည်းအများအပြားအသုံးပြုခုခံနေတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်အေအေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကျောက်ဖြူမြို့နယ်မှာ တရုတ်ရင်းနှီးမြုပ်နှံမှုတွေရှိနေတာမို့ တရုတ်နိုင်ငံရဲ့ ဖိအားတွေလည်းရှိနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

“နိုင်ငံရေးအ​ခြေအနေကတော့ တရုတ်အာဏာရှင်အစိုးရရဲ့ ပထဝီနိုင်ငံရေးအရလွမ်းမိုးနေတာကို အားလုံးအသိပဲပေါ့နော်။ အဲတော့အေအေအနေနဲ့ ကျန်တဲ့သုံးမြို့ကို မသိမ်းဆည်းနိုင်ခဲ့ဘူးဆိုလို့ရှိရင် ကျန်တဲ့မြို့တွေက လျော့သွားမှာမဟုတ်ပေမယ့် တော်လှန်ရေးအရတိုးသွားမယ့်ပုံစံမျိုးမရှိဘူးလို့ သုံးသပ်ရမှာပါ။” လို့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်မှဆရာတော်ဦးဥူဝါယမက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့်စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး ကျောက်ဖြူမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

အာရက္ခဒေသက စစ်တွေ၊ကျောက်ဖြူမြို့တွေဟာ စစ်ကောင်စီအတွက် နိုင်ငံရေးဂုဏ်သက္ခာအရရော၊ စီးပွားရေးအရပါ အရေးပါတာကြောင့် လက်မလွတ်ဘဲအသေခံတိုက်ခိုက်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

အဲဒီလိုတိုက်ခိုက်သိမ်းယူရာမှာ အာရက္ခတပ်တော်အနေနဲ့ ပေးဆပ်မှုတွေအများကြီးရှိလာနိုင်တယ်လို့လည်း စစ်ရေးနိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြပါတယ်။

“ULA /AA အနေနဲ့လည်း ပေးဆပ်ရမှုများလိမ့်မယ်လို့ထင်တယ်။ အဲဒီနယ်မြေကိုသိမ်းလိုက်ရုံနဲ့မပြီးဘူး။သိမ်းပြီးရင် ဘယ်လိုကာကွယ်မလဲဆိုတာကိုပါ ထည့်သွင်းစဥ်းစားထားဖို့လိုပါတယ်။ပြီးလို့ရှိရင် စစ်ကောင်စီကလည်း မြန်မာ နိုင်ငံအနှံ့မှာ တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရတယ်။အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုပေမယ့်လည်း သူတို့မှာ ပါဝါရှိနေတ ယ်။အင်အားကလည်းအများကြီးပြန်စုစည်းနေတဲ့အနေအထားမှာရှိတယ်။” လို့ ရခိုင်ပြည်အမျိုးသားကောင်စီရဲ့ ဥက္ကဋ္ဌဗိုလ်မှူးကြီးမင်းထွန်းက Border News Agency ကို ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။

အဲဒီအပြင်အာရက္ခ-မကွေးနယ်ခြား၊ အာရက္ခ-ပဲခူးနယ်ခြား၊ အာရက္ခ-ဧရာဝတီနယ်ခြားကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားသလို အာရက္ခ- အိန္ဒိ ယနယ်စပ်၊ အာရက္ခ-ဘင်္ဂလာနယ်စပ်ကိုလည်းအပြီးသတ်ထိန်းချုပ်ထားပါတယ်။

PrevPreviousအာရက္ခတပ်တော်ခေါင်းဆောင်တွေကိုနိုင်ငံတကာက အရေးယူပေးကြဖို့ ဒုက္ခသည်တွေတောင်းဆို
Nextမြေပြင်အားသာချက်ရယူကာ နယ်မြေသိမ်းပိုက်တိုက်ခိုက်နေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။Next
Previous Post

အာရက္ခတပ်တော်ခေါင်းဆောင်တွေကိုနိုင်ငံတကာက အရေးယူပေးကြဖို့ ဒုက္ခသည်တွေတောင်းဆို

Next Post

မြေပြင်အားသာချက်ရယူကာ နယ်မြေသိမ်းပိုက်တိုက်ခိုက်နေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - BNA

မောင်တောမြို့ကမြင်တွေ့ရတဲ့လ

March 3, 2026
(ဓာတ်ပုံ-စစ်ကော်မရှင်တပ်ထိန်းချုပ်ထားဆဲစစ်တွေအကျဥ်းထောင်/BNA)

နိုင်ငံရေးအကျဉ်းသားသုံးထောင်ကျော်သာလွတ်

March 3, 2026

အမေရိကန်လေသူရဲတွေရဲ့ အသက်ကယ်အရေးပေါ်စာလွှာ

March 3, 2026
Photo-Hossein Zohrevand

အစ္စရေးဗုံးကြဲတိုက်ခိုက်လို့ အီရန်မြို့တော်ရှိဂန္ဒီဆေးရုံပျက်စီး

March 3, 2026

မောင်တောမြို့ကမြင်တွေ့ရတဲ့လ

နိုင်ငံရေးအကျဉ်းသားသုံးထောင်ကျော်သာလွတ်

အမေရိကန်လေသူရဲတွေရဲ့ အသက်ကယ်အရေးပေါ်စာလွှာ

အစ္စရေးဗုံးကြဲတိုက်ခိုက်လို့ အီရန်မြို့တော်ရှိဂန္ဒီဆေးရုံပျက်စီး

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် လေကြောင်းကာကွယ်ရေးခဲယမ်း ပြတ်လပ်မှာကို ဇလန်းစကီး စိုးရိမ်

​ထားဝယ်မှာ ခရီးသွားတွေဆီကငွေတောင်းနေတဲ့ စစ်ကော်မရှင်တပ်သား ၃ ဦး ပစ်ခတ်ခံရလို့သေဆုံး

Releated Post

ဓာတ်ပုံ - BNA

မောင်တောမြို့ကမြင်တွေ့ရတဲ့လ

March 3, 2026
(ဓာတ်ပုံ-စစ်ကော်မရှင်တပ်ထိန်းချုပ်ထားဆဲစစ်တွေအကျဥ်းထောင်/BNA)

နိုင်ငံရေးအကျဉ်းသားသုံးထောင်ကျော်သာလွတ်

March 3, 2026

အမေရိကန်လေသူရဲတွေရဲ့ အသက်ကယ်အရေးပေါ်စာလွှာ

March 3, 2026
Photo-Hossein Zohrevand

အစ္စရေးဗုံးကြဲတိုက်ခိုက်လို့ အီရန်မြို့တော်ရှိဂန္ဒီဆေးရုံပျက်စီး

March 3, 2026

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် လေကြောင်းကာကွယ်ရေးခဲယမ်း ပြတ်လပ်မှာကို ဇလန်းစကီး စိုးရိမ်

March 3, 2026
ဓာတ်ပုံ-ဒူရကစစ်ကြောင်း

​ထားဝယ်မှာ ခရီးသွားတွေဆီကငွေတောင်းနေတဲ့ စစ်ကော်မရှင်တပ်သား ၃ ဦး ပစ်ခတ်ခံရလို့သေဆုံး

March 3, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page