Border News Agency
ကူးမင်းမြို့၊ ဇွန် ၂၄။
တရုတ်နိုင်ငံ၊ ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီတပ်ထံပေးပို့မယ့် Shaanxi Y-8F- 200W လေ ယာဉ်အသစ် နှစ်စင်းကိုတွေ့ရှိတယ်လို့
မြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖော က်မှုတွေကို မှတ်တမ်းတင်နေတဲ့ Myanmar Witness အဖွဲ့က ဇွန်လ ၂၃ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီလေယာဉ်တွေဟာ နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ်တွေဖြစ်ပြီး မြန်မာလေတပ်က မကြာခင်အသုံးပြုတော့မယ်လို့ ဖော်ပြထားပါတယ်။
ဒီလေယာဉ်နှစ်စင်းလုံးရဲ့ အမြီးနံပါတ်တွေဟာ အရင်ကမရှိခဲ့ဖူးတဲ့ ၅၉၂၃ နဲ့ ၅၉၂၄ ဖြစ်ပြီး တပ်မတော်(လေ) ဆိုတဲ့ စာတန်းကို လေယာဉ်ကိုယ်ထည်တွေမှာ ရေးသားထားပါတယ်။
အဲဒီအမြီးနံပါတ်တွေထက်ငယ်တဲ့ အမြီးနံပါတ် ၅၉၂၂ အမျိုးအစား Y-8F- 200W ကိုတော့ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ စစ်ကောင်စီတပ်ကစ တင်အသုံးပြုခဲ့တယ်လို့လည်း Myanmar Witness အဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီဟာစစ်ဘက်ရေးရာတွေမှာ ဘက်စုံအသုံးပြုဖို့အတွက် Y-8 လေယာဉ်တွေကို တိုးချဲ့အသုံးပြုနေတာလို့လည်း Myanmar Witness က ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အာရက္ခဒေသအပါအဝင် နိုင်ငံတဝှမ်းမှာ ပေါင် ၅၀၀ လိုအကြီးစားဗုံးကြဲမှုတွေအတွက် ဒီလိုသ ယ်ယူပို့ဆောင်ရေးလေယာဉ်ကို အသုံးပြုလေ့ရှိတယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့နယ်မြေတွေကိုလေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေပြီး အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရတာတွေလည်းရှိနေပါတယ်။






