Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူ့အခွင့်အရေး အာရက္ခဒေသ

လူထုဟစ်တိုင်အတွက် ဘေးကင်းလုံခြုံမှု

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ ဇွန် ၂၇။

“မိမိတို့ကို ပြောခွင့်ဆိုခွင့်မပေးဘဲ နားပိတ်၊ပါးစပ်ပိတ်လုပ်ထားခြင်းသည် မိ မိတို့ကို သားသတ်သမားရှေ့လည်ကိုစဉ်းပေးရသည့်သိုးတစ်ကောင်၏အဖြစ်သို့တွန်းပို့နေခြင်းဖြစ်သည်။” ဟု ဂျော့ ဝါရှင်တန်က ဆိုသည်။

“အမှန်တရားကို ရဲဝံစွာနှင့်ပွင့်လင်းစွာ ပြောဆိုခြင်း၊ ထုတ်ပြန်ခြင်းဖြင့် အခြေအနေမှန်များကို တည့်မတ်နိုင်မည့်ဖြစ်သည့်အပြင် မိမိတို့အချင်းချင်းကြားတွင်ရှိကြသောယုံကြည်မှု၊နားလည်မှုများလည်း ပိုမိုမြင့်တက်လာမည်ဖြစ်ပါသည်။” ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ပြီးခဲ့သည့်နှစ်၊ မေလ ၂၄ ရက်နေ့ကထုတ်ပြန်ခဲ့သည်။

“အာဏာပိုင်တွေဟာ ပြည်သူတွေကိုအကာအကွယ်ပေးရပါမယ်။ အေအေထိန်းချုပ်နယ်မြေအတွင်း လူမျိုးဘာသာမရွေးလူ့အသိုက်အဝန်းအားလုံးကိုအကာအကွယ်ပေးနေပါတယ်။တကယ်လို့ အေအေက မတရားဖိနှိပ်မှုတွေလုပ်နေရင် အထောက်အထားတွေနဲ့ကျနော်တို့ကို တိုင်ကြပါ။ တကယ်လို့မတရားခံနေကြရရင် အချိန်မစောင့်ဘဲ ကျေးဇူး ပြုပြီးကျနော်တို့ကို အကြောင်းကြားပေးပါ။” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့က The New Humanitarian တွင် ပြောဆိုထားသည်။

ထိုအချက်များက ပြည်သူလူထု၏ပြော ရေးဆိုခွင့်ကို ဖော်ပြနေပေသည်။ ပြည်သူလူထု၏ပြောရေးဆိုခွင့်အား “အာဏာပိုင်အဖွဲ့အစည်း၏လုပ်ရပ်ကြောင့် မိမိ၏ထိခိုက်နစ်နာမှုများ”အား ဖော်ပြ၊ ဖော်ထုတ်ခွင့်” ဟူ၍ ဖွင့်ဆိုနိုင်ပေသည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များမည်မျှထိစိတ်ချလက် ခံရှိနိုင်မည်နည်း။

ဤမေးခွန်းအား အာရက္ခဒေသ၏လက်ရှိမြေပြင်အရှိတရားတွင် ရေရေရာရာ အဖြေပေးနိုင်မည်မဟုတ်ပေ။

ပြည်သူလူထု၏ထုတ်ဖော်ပြောကြားခွင့်နှင့်ပတ်သက်၍ကြေညာချက်အချို့နှင့် အင်တာဗျူးအချို့တွင် ပါနေခဲ့ခြင်းက အာရက္ခပြည်သူလူထုအတွက် ကံအကြောင်းတစုံတရာ ဖေးမခဲ့ခြင်းဟုသာ ကောက်ချက်ချရမည်ဖြစ်သည်။

အာရက္ခပြည်သူလူထုအတွက်လွတ်လ ပ်စွာထုတ်ဖော်ပြောကြားမှုမှာ ကြပ်တ ည်းကျဉ်းမြောင်းလာနေသည်။မြေပြင်တွင် အာရက္ခပြည်သူလူထုအတွက် လု ပ်ပိုင်ခွင့်ရှိသူအချို့၏အာဏာပြမှုအ ချို့ရှိကြောင်း ULA/AAထိပ်ပိုင်းမှလည်း ဝန်ခံထားသကဲ့သို့ အရေးယူဆော င်ရွက်မှုများလည်း ရှိပေသည်။

သို့သော် အာဏာရှိသူများ၏ဆောင်ရွ က်ချက်အချို့ကြောင့် အာရက္ခပြည်သူလူထုအနေဖြင့်မိမိတွင်ထိခိုက်မှုရှိလာပါက ထိုထိခိုက်နာကြင်ခံစားရမှုအား အချိန်မရွေး အကြောင်းကြားပေးနိုင် သည်ဟု ULA/AAကမည်မျှပင်လမ်းဖွင့်ထားစေကာမူ အင်တာနက်ဖြတ်တော က်ခံထားရသောအခြေအနေတွင် ပြည် သူလူထုအတွက် အသံထွက်ရဲသည့် အ နေအထားတွင် မရှိတော့ပေ။

ဤသို့ပြည်သူလူထုအသံမထွက်ရဲသောအနေအထားအပေါ် “အခွင့်အရေးပေးထားသော်လည်းလူထုမှာသူဖာသာသူအသံမထုတ်သောကိစ္စ” ဟူ၍ မထီမဲ့ မြင်ချဉ်းကပ်သင့်သောအရာတော့မဟု တ်ပေ။

“အာဏာစက်တခုအား တည်ဆောက်ရာတွင် ထိုအာဏာအားလက်ခံရန်အတွက် အမာစည်း (Hard line) ဖြစ်သော ဖမ်းဆီးချုပ်နှောင်မှု၊ ထိန်းချုပ်မှု၊ ပိတ်ပင်မှု၊ ကန့်သတ်မှု၊ သတ်ဖြတ်နိုင်မှုစသည့်စွမ်းအား (Hard Power) များကို အာဏာ၏သဘောသဘာဝနှင့်လူ့ဗီဇအရ ပြသတတ်သောကြောင့်ဖြစ်သည်။”

ထိုအာဏာအမာစွမ်းအား (Hard Power) ကို အကောင်အထည်ဖော်ရန်အတွက် လက်နက်အင်အားနှင့်လူစုဖွဲ့မှုအင်အားရှိနေပါက ထိုအာဏာအမာစွ မ်းအားကိုလည် တည်ဆောက်နိုင်လာတော့သည်။

ထိုကြောင့် မော်စီတုန်းက “အာဏာသည် သေနတ်ပြောင်းဝက ထွက်သည်” ဟု ဆိုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ထိုအာဏာကိုပင် အကန့်အ သတ်ဘောင်ကွပ်မှုအောက်တွင်ထားရမည့်ဆိုသောအတွေးအမြင်များကို မော်စီတုန်းထက်လူဖြစ်စောကာ အသက် ၁၆၁ နှစ်ကျော်ကြီးသော အမေရိကန်ကိုတည်ထောင်သူ ဖခင်များက ခံယူကျင့်သုံးပြသွားခဲ့ပြီဖြစ်သည်။

မော်စီတုန်း၏အတွေးအခေါ်နှင့်အမေရိကန်ကိုတည်ထောင်သူ ဖခင်များ၏အတွေးအခေါ်က မည်မျှကွာဟသည်ကို တရုတ်လူ့ဘောင်၏ လက်ရှိအခြေအနေနှင့်အမေရိကန်လူ့ဘောင်၏လက်ရှိအခြေအနေက သက်သေပင်ဖြစ်သည်။

ဒီမိုကရက်လူ့ဘောင်အတွင်း ပြည်သူလူ ထု၏အချုပ်အခြာအာဏာ (Popular Sovereignty) အယူအဆတွင် သေနတ်ပြောင်းဝက ထွက်လာသောအာဏာ၏ မူလပိုင်ရှင်မှာလည်း ပြည်သူလူထုသာဖြစ်သည်ဆိုခြင်းကို မမေ့ရန်လိုသည်။

ဒီမိုကရက်လူ့ဘောင်၏ပဋိညာဉ်မှာ “ဖမ်းဆီးချုပ်နှောင်မှု၊ထိန်းချုပ်မှု၊ပိတ်ပင်မှု၊ကန့်သတ်မှု၊သတ်ဖြတ်နိုင်မှုစသ ည့်စွမ်းအား(Hard Power)” များ၏တာဝန်မှာ လူအချင်းချင်းကြား တရားမျှတမှုကိုကာကွယ်ရန်၊တန်းတူညီမျှမှုကိုကာကွယ်ရန်၊ လွတ်လပ်မှုကိုကာကွယ်ရန်၊ ဒီမိုကရေစီတန်ဖိုးကိုကာကွယ်ရန်အတွက်သာဖြစ်သည်။

ထိုသို့ကာကွယ်ရန်အတွက်သာ(Hard Power) အာဏာအမာများကို လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်သည်။ ဆိုလိုချင်သည်ကအာဏာအမာကို တည်ဆောက်ရသောရည်ရွယ်ချက်မှာ“တရားမျှတမှု၊ တန်းတူညီမျှမှု၊လွတ်လပ်မှုနှင့်ဒီမိုကေရစီကို ကာကွယ်ရန်အတွက်သာ ဖြစ်သည်။”

ULA/AA အား အာရက္ခလူထု၏အချုပ်အခြာအာဏာကိုပြန်လည်ရရှိရန်အတွက် ဖွဲ့စည်းသည်ဟုဆိုလျှင်အချုပ်အခြာအာဏာမှာ “အာရက္ခလူထု၏တရားမျှတမှု၊တန်းတူညီမျှမှု၊လွတ်လပ်မှုနှင့် ဒီမိုကရေစီ” သာဖြစ်ပြီး ULA/AA မှာ ” တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့်ဒီမိုကရေစီ” ကို တည်ဆောက်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းအတွက်အာ ဏာအမာကိုသုံးစွဲရသောအဖွဲ့အစည်းသာဖြစ်သည်။

သို့ဖြစ်၍အချုပ်အခြာအာဏာဟုပြောလာပါက ULA/AA၏(Hard Power)မှာ အာရက္ခလူထု၏ “တရားမျှတမှု၊တန်းတူ ညီမျှမှု၊လွတ်လပ်မှုနှင့်ဒီမိုကရေစီ” ကို အသားလွတ်ပိတ်ပင်ကန့်သတ်ရန်မဟုတ်ဘဲ ထိုအခွင့်အရေးများကို ကာကွယ်ရန်အတွက်သာ သုံးစွဲခွင့်ရှိသည်။

အကယ်၍ လူ့ဘောင်တခုတွင် အာဏာအမာများက လူထု၏”တရားမျှတမှု၊ တန်းတူညီမျှမှု၊လွတ်လပ်မှုနှင့်ဒီမိုကရေစီ”ကို ထိခိုက်လာစေပါက ထိုအာ ဏာအမာမှာ တရားဝင်မှုမရှိတော့ပေ။

ဤအချက်က နိုင်ငံအသီးသီးတွင် စစ် တပ်သည် အာဏာသိမ်းပြီးနောက် ရွေး ကောက်ပွဲပြုလုပ်ကာ ရွေးကောက်ခံအစိုးရထံအာဏာပြန်လွဲအပ်ရသောကမ္ဘာ့စံနှုန်း၏သဘောသဘာဝအတွက် အနည်းငယ်သောအဖြေကို ပေးနေပေလိမ့်မည်။

မျက်မှောက်ကာလ၏အတွေးအမြင်တွ င်လက်နက်ကိုင်တပ်ဖွဲ့များ၏လုပ်ပိုင် ခွင့်အာဏာ၏မူလပိုင်ရှင်မှာလည်း ပြ ည်သူလူထုသာဖြစ်သကဲ့သို့ ထိုလက်နက်ကိုင်တပ်ဖွဲ့များ၏လုပ်ပိုင်ခွင့်အာ ဏာသည်လည်း “တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့်ဒီမိုကရေစီ” ကို ကျော်လွန်ခွင့်မရှိဘဲအကန့်အသတ်ဘောင်အောက်တွင်သာ ရှိသည်။

လက်နက်ကိုင်တပ်ဖွဲ့များသည် ထိုအ ကန့်အသတ်အောက်တွင်ပင် ဖမ်းဆီးချုပ်နှောင်မှု၊ထိန်းချုပ်မှု၊ပိတ်ပင်မှု၊က န့်သတ်မှု၊သတ်ဖြတ်နိုင်မှုစသည့် စွမ်းအား (Hard Power) ကို ဆောင်ရွက်ကြရခြင်းဖြစ်သည်။

ဤသည်က နိုင်ငံရေးအဆင့်အတန်း ဂုဏ်သိက္ခာရှိသော လက်နက်ကိုင်တပ်ဖွဲ့များ၏ထုံးစံလည်းဖြစ်သည်။

ထိုသို့နိုင်ငံရေးအဆင့်အတန်း ဂုဏ်သိက္ခာမရှိပါက ထိုလက်နက်ကိုင်တပ်ဖွဲ့သ ည် မာဖီးယားအုပ်စုနှင့်မကွာခြားတော့ပေ။

ဤသဘောတရားများကိုသဘောပေါက်နားလည်မှုအားနည်းသောအဝိုင်းအဝန်းတွင် လက်နက်နှင့်လုပ်ပိုင်ခွင့်ရှိသောသူရှေ့၌ “လူထု၏လွတ်လပ်စွာ
ဖော်ထုတ်ပြောကြားမှု”
ဟူသည် မရှိနိုင်တော့ပေ။

ထိုသို့မရှိနိုင်သောအခါ ဖမ်းဆီးချုပ်နှောင်မှု၊ ထိန်းချုပ်မှု၊ ပိတ်ပင်မှု၊ ကန့်သတ်မှု၊ သတ်ဖြတ်နိုင်မှုစသည့် စွမ်းအားလုပ်ပိုင်ခွင့်များအား လက်နက်ကိုင်အုပ် စုများကို ပေးထားရသော မူလအနှစ် သာရပျောက်ဆုံးလာတော့သည်။

ထိုသို့ပျောက်ဆုံးလာလေ လူထုအတွက်အကျပ်အတည်းနှင့်အကြောက်တရားကို ရင်ဆိုင်လာရလေပင်ဖြစ်သည်။

ဤအချက်များက ULA/AA ထဲတွင်ပါ ဝင်နေသူများနှင့်ထောက်ခံသူများကြားတွင် “လူထု၏လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နှင့်Popular Soveringty အပေါ်မည်မျှထိ တသီးပုဂ္ဂလဆိုင်ရာသက်ဝင်ယုံကြည်၊ သဘောပေါက်နားလည်ကြသနည်း။” ဆိုသည့်အချက်အ ပေါ် မီးမှောင်းထိုးပြနေပေလိမ့်မည်။

လုံခြုံရေးနှင့်စစ်ရေးဆိုင်ရာအမြင်

မြန်မာနိုင်ငံတွင် စစ်ရေးနှင့်လုံခြုံရေး အကြောင်းပြချက်များဖြင့် ပြည်သူလူထု၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ကန့်သတ်တားမြစ်ခံနေကြရပြီး လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးစစ်ရေးနှင့်လုံခြုံရေးအကြောင်းပြကာအရပ်သားပြည်သူလူထုကို နိုင်ငံသားအခွင့်အရေးများ၊လူ့အခွင့်အရေးများ ချိုးဖောက်နေကြသည်ဟု မြန်မာပြည်သူများက ဆိုကြသည်။ မြန်မာနိုင်ငံတွင် ပြည်သူလူထု၏လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ထိန်းချုပ်နယ်မြေများတွင်လည်း တားဆီးကန့်သတ်ခံထားကြရပြီးထုတ်ဖော်ပြောဆိုသူများကို ဖမ်းဆီးအရေးယူမှုများလည်းရှိနေကြသည် ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုကြသည်။

စစ်ရေးနှင့်လုံခြုံရေးဆိုင်ရာ အမြင်က ရုပ်လုံးကြွနေချိန်တွင်ပြည်သူလူထု၏ လွတ်လပ်စွာစုရုံးထုတ်ဖော်ပြောကြားခွင့်နယ်ပါယ်က ကျဉ်းမြောင်းသွားတတ်ခြင်းမှာ နိုင်ငံရေးဖြစ်စဉ်အရ ထုံးစံပင်ဖြစ်သည်။

ထိုသို့ကျဉ်းမြောင်းသွားသည့်အတွက်ပင် ပြည်သူလူထုအတွက်အမြင်အသီး သီးမှအခွင့်အရေးချိုးဖောက်ခံရမှုအ ခြေအနေမှာ ပို၍ဖြစ်တတ်သည်မှာလည်းထုံးစံဖြစ်သည်။

ဤတွင်မူလလာရာလမ်းကိုပြန်ကြည့်ပါက စစ်ရေးနှင့်လုံခြုံရေးအမြင်အား ပို၍အကဲသာစေရန် လုပ်ပိုင်ခွင့်ပေးလိုက်ခြင်းသည်ပင်လျှင် Popular Soveringtyအရ ပြည်သူလူထု “တရားမျှတမှု၊တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့်ဒီမိုကရေစီ” အား စောင့်ရှောက်ကာကွယ်ရန်အတွက် ပေးထားခြင်းသာဖြစ်သည်။

“ဖမ်းဆီးချုပ်နှောင်မှု၊ ထိန်းချုပ်မှု၊ ပိတ်ပင်မှု၊ကန့်သတ်မှု၊ သတ်ဖြတ်နိုင်မှုစသ ည့်စွမ်းအား(Hard Power)” များ၏တာဝန်မှာ လူအချင်းချင်းကြား တရားမျှတမှုကို၊ တန်းတူညီမျှမှု၊လွတ်လပ်မှု၊ဒီမိုကရေစီတန်ဖိုးကို ကာကွယ်ရန်အတွက်သာဖြစ်ပြီး ထိုသို့ကာကွယ်ရန်အတွက်သာ အာဏာအမာများကို လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်သည်”ဆိုသော သ ဘောတရားကို ယုံကြည်လက်ခံသည့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များလက်ထဲတွင် ပြည်သူလူထုမှာ ခုသာခံသာရှိမည်ဖြစ်သည်။

ထိုသဘောတရားကို မျက်ကွယ်ပြုသော စစ်ဘက်ဆိုင်ရာခေါင်းဆောင်များလက်ထဲတွင် ပြည်သူလူထုအကျပ်ဆိုက်မှုနှင့်အကြောက်တရားကို ရင်ဆိုင်ရမည်ဖြစ်သည်။

ပြည်သူလူထုအတွက် မိမိတို့အားအကြောက်တရားကင်းဝေးအောင်လုပ်ပေးမည်သူများကို တဖန်ကြောက်လန့်နေရသောဘဝထဲတွင် နစ်နေယုံသာရှိတော့သည်။

“အာရက္ခပြည်သူလူထုအတွက် လွတ်လပ်စွာထုတ်ဖော်ပြောကြားမှုကျပ်တ ည်းကျဉ်းမြောင်းလာနေသည်။” ဟူ သော အရှိတရားအပေါ်တွင် အစွဲကင်းကင်းဖြင့် ဆန်းစစ်ရန်လည်းလိုအပ်ပေသည်။

ဤအရှိတရားကိုပြောခြင်းသည် ULA/AAကို ထောက်ခံသူများဘက်မှမိမိတို့ ၏အဝိုင်းအဝန်းအပေါ် တိုက်ခိုက်ဝေ ဖန်အပုတ်ချမှုဟု တဖက်သတ်ကောက် ချက်အောက်မှ ခံစစ်အနေအထားမျိုးဖြင့် ချဉ်းကပ်သင့်သောအရာမဟုတ်ပေ။

“အာရက္ခပြည်သူလူထုအတွက် လွတ်လပ်စွာထုတ်ဖော်ပြောကြားမှုကျပ်တည်းကျဉ်းမြောင်းလာနေသည်။” ဟူ သောအချက်မှာ ULA/AA အား လွတ်လပ်စွာထုတ်ဖော်မှုအား မလေးစားသောအဖွဲ့အစည်းဟုဆိုနေခြင်းမဟုတ်ပေ။

ULA/AA သည် လွတ်လပ်စွာထုတ်ဖော်ပြောကြားမှုအား စံနှုန်းအရတန်ဖိုးထားသောအဖွဲ့အစည်းဖြစ်ကြောင်းကိုလည်း ကြေညာချက်များ၊ အင်တာဗျူးများတွင် ဖော်ပြထားပြီးဖြစ်သည်။

စံနှုန်းအရတန်ဖိုးထားသောကြောင့် ULA/AA ထဲတွင် ပါဝင်နေသောအဖွဲ့ဝင်တိုင်းမှာ အပြစ်လုံးဝကင်းသည်ဟု ဆိုလိုနေခြင်းလည်း မဟုတ်ပေ။

ULA/AA ထဲတွင်လည်း အနစ်နာခံပေး ဆပ်သူများရှိသကဲ့သို့ အခွင့်အရေးသမားများ၊ ပေါ်ပြူလစ်များလည်းရှိနေမည်ဖြစ်သည်။

သို့ဖြစ်၍ ”ကမ္ဘာကြီးရှိအခြားပရိုဖက်ရှင်နယ်လက်နက်ကိုင်တပ်ဖွဲ့များတွင်ပင်လျှင် အသေးစားကျင့်ဝတ်ချိုးဖောက်စည်းကမ်းပျက်မှုများရှိပြီး ULA/AA တွင်လည်း ထိုကဲ့သို့ အသေးစားကျင့်ဝ တ်ချိုးဖောက်မှုများရှိကြောင်း၊ရှိလာပါက ပြင်းပြင်းထန်ထန်အရေးယူကြော င်း၊မိမိတို့အဖွဲ့ဝင်များ၏ချိုးဖောက်မှုများကို အထောက်အထားခိုင်ခိုင်လုံလုံဖြင့်ပေးပို့မှုကို လှိုက်လှဲစွာကြိုဆိုကြောင်း၊ ထိုကဲ့သို့ဖြစ်စဉ်များကို မိမိတို့အဖွဲ့အစည်း၏စည်းမျဉ်း ဥပဒေများနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း” ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ The Diplomat အင်တာဗျူးတွင် ပြောဆိုထားသည်။

အာရက္ခပြည်သူလူထု၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် နယ်ပါယ်ကျဉ်း မြောင်းလာသောပြဿနာမှာ အာရက္ခဒေသသက်သက်မဟုတ်ဘဲ တခြားလ က်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများထိန်းချုပ်နယ်မြေများတွင်လည်း
ဖြစ်နေကြသည်။

ထိုပြဿနာအား အဖြေရှာနေကြသော နမူနာများလည်း ရှိနေသည်ကို ဂရုပြုရန်လည်းလိုပေသည်။

သတင်းလွတ်လပ်ခွင့်၊သတင်းရယူခွင့်များနှင့်ပတ်သက်၍ စစ်ကောင်စီသာမက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များလည်း ထိန်းချုပ်မှုများရှိနေကြသ ည်ဟု မြန်မာသတင်းသမားများက ဆိုကြသည်။

သတင်းမီဒီယာများနှင့်တော်လှန်ရေးအင်အားစုများကြား ပွတ်တိုက်မှုများရှိခဲ့ပြီးထိုဖြစ်စဥ်များကို အပြန်အလှန်တွေ့ဆုံဆွေးနွေးပြေလည်ခဲ့ကြသည်ဟုမြန်မာနိုင်ငံမှလွတ်လပ်သည့်သတင်းမီဒီယာအဖွဲ့အစည်းများက ထုတ်ပြန်ကြသည်။

“ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် မီဒီယာလွတ်လပ်ခွင့်အပေါ်ဝိရောဓိဖြစ်စေသည့်အချက်အလက်များပါဝင်သည့် မီဒီယာကျင့်ဝတ်ဆို င်ရာညွှန်ကြားချက်ကို ဧပြီလ ၁၆ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ကရင်အမျိုး သားအစည်းအရုံး(KNU)လည်း သတင်းဌာနများလိုက်နာရမည့်စည်းကမ်းချက်များကို ဧပြီလ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်များကြောင့်လက်နက်ကိုင်ဒေသများ၏သတင်းလွတ်လပ်ခွင့်ကို စိတ်ပူပန်မှုများဖြစ်ပေါ်ခဲ့ကြရသည်” ဟု မြန်မာနိုင်ငံမှလွတ်လပ်သည့်သင်းမီဒီယာအဖွဲ့အစည်းများက ဆိုကြသည်။

အာရက္ခဒေသ၏အနေအထားတွင် ULA/AA မှာ မီဒီယာများနှင့် ဆက်ဆံရေးအားကောင်းသည့် အနေအထားတွင်ရှိသည်။

ထိုအတူပင် ULA/AA ထဲတွင်ပါဝင်နေသူများနှင့်ထောက်ခံသူများကြားတွင် “လူထု၏လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နှင့်Popular Sovereignty အ ပေါ်မည်မျှထိ တသီးပုဂ္ဂလဆိုင်ရာသက် ဝင်ယုံကြည်၊ သဘောပေါက်နားလည်ကြသနည်း။” ဆိုသည့်အချက်အပေါ် ဆန်းစစ်စရာလိုအပ်သော အနေအထားတွင် ရှိနေပေသည်။

ပြီးခဲ့သည့်ဇွန်လဒုတိယအပတ်တွင် UL A/AA ထိပ်ပိုင်းတာဝန်ရှိသူများ၏ “လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နှင့်သတင်းမီဒီယာအပေါ် တုန့်ပြန်မှုတွင် မူဝါဒအခြေပြုမှု၊သဘောထားကြီးမှုနှင့်အားနည်းသော ပြည်သူလူထုအပေါ်တွင် ဖေးမမှုအပိုင်းများတွင် အားနည်း ချက်များ” ရှိနေခဲ့သည်ကို တွေ့လာရသည်။

စစ်မှုထမ်းကိစ္စတွင်လည်း တောင်ကုတ်လူထုဆန္ဒထုတ်ဖော်မှု၊ လူထု၏လွတ်လပ်စွာပြောဆိုခွင့်စိုးရိမ်စရာအခြေအနေများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့နေရသည်။

ထိုတောင်ကုတ်မြို့နယ်မှခေါ်ဆောင် သွားခြင်းခံရသောပြည်သူများ၏တရားမျှတမှု၊ဘေးကင်းလုံခြုံမှု၊ လွတ်မြောက်မှုအခြေအနေကိုမသိရသေးချေ။

မြန်မာလူ့အခွင့်အရေးအကျပ်အတည်းမှာ ပိုတိုးလာသည့်ရက်စက်လှသော ပဋိပက္ခအတွင်းတွင် ပိုမိုဆိုးဝါလာကြော င်း အစီရင်ခံစာတွင်ဖော်ပြထားပါသ ည်။

“မြန်မာလူထုဟာ ခေါင်းပေါ်မှာသေနတ်တွေစီးမိုးပြီး အုပ်ချုပ်ခံရတာထက် ငြိမ်းချမ်းလွမ်းခြုံသောဒီမိုကရေစီနည်းကျ လူ့ဘောင်အသိုင်းအဝန်းကို ပိုမိုတမ်းတကြပါတယ်။” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကပြီးခဲ့သည့်မေလ ၂၈ ရက်နေ့က ပြောခဲ့သည်။

ULA/AA အား လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နှင့်သတင်းလွတ်လပ်ခွင့်စံနှုန်းအရ လေးစားတန်ဖိုးထားသော အဖွဲ့အစည်းအဖြစ် အာရက္ခပြည်သူလူ ထု ဆက်မြင်ချင်ကြမည်ဖြစ်သည်။

အာရက္ခပြည်သူလူထု၏လွတ်လပ်စွာဖော်ထုတ်နိုင်သော ဟစ်တိုင်အား သေနတ်များခေါင်းပေါ်မိုးထားခံရသည့်ကြားမှ နာကြင်မှုများဖြင့် ငတ်မွတ်တောင့်တစွာ မျှော်လင့်နေကြအုံးမည်ဖြစ်ပေသည်။

PrevPrevious“သွေးသွင်းတာနောက်ကျသွားလို့ပဲထင်ပါတယ်။”
Nextတောင်ကုတ်မှာ မြေမြုပ်မိုင်းမိလို့ အမျိုးသားတဦး ဒဏ်ရာရNext
Previous Post

“သွေးသွင်းတာနောက်ကျသွားလို့ပဲထင်ပါတယ်။”

Next Post

တောင်ကုတ်မှာ မြေမြုပ်မိုင်းမိလို့ အမျိုးသားတဦး ဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကော်မရှင်

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

March 11, 2026

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

March 11, 2026

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

March 11, 2026

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

March 11, 2026

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

​ရခိုင်ကုန်သည် မေ့ကျန်ခဲ့တဲ့ ငွေသိန်း ၁၅၀ဝ ပြန်အပ်သူကို မီဇိုရမ်ဝန်ကြီးချုပ် ဂုဏ်ပြုမယ်

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘောတိုက်ခိုက်ခံရပြီး သင်္ဘောသား ၃ ဦးပျောက်ဆုံးနေ

Releated Post

ဓာတ်ပုံ - စစ်ကော်မရှင်

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

March 11, 2026

ဒေတာအမှားကြောင့် အီရန်ကျောင်းဗုံးထိမှန်မှုကို အမေရိကန်စစ်ဘက်ဝန်ခံ သေဆုံးသူ ၁၇၅ ဦးအထိရှိလာ

March 11, 2026

​အီရန်ရဲ့တိုက်ခိုက်မှုတွေကို UAE လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဟန့်တား

March 11, 2026

​ရခိုင်ကုန်သည် မေ့ကျန်ခဲ့တဲ့ ငွေသိန်း ၁၅၀ဝ ပြန်အပ်သူကို မီဇိုရမ်ဝန်ကြီးချုပ် ဂုဏ်ပြုမယ်

March 11, 2026

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

March 11, 2026

ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘောတိုက်ခိုက်ခံရပြီး သင်္ဘောသား ၃ ဦးပျောက်ဆုံးနေ

March 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page