Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

အာရက္ခဒေသက စပါးစိုက်တောင်သူတွေကို ဘယ်လိုကုစားပေးကြမလဲ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
15
VIEWS
Share on FacebookShare on Twitter

ခိုင်ဇော် ရေးတယ်။

Border News Agency
မြောက်ဦး၊ ဇွန် ၂၉။

ဇွန်လကုန်ခါနီးပြီ။ လယ်သမားတွေ လယ်ယာထွန်ယက်ချိန် ထက်ဝက်ကျိုးပြီဖြစ်ပေမယ့် ကျယ်ပြောလွန်းတဲ့လယ်ကွင်းတလျှောက် လယ်ထွန်နေကြသူ လူအနည်းငယ်သာ တွေ့ရပါတယ်။

မျက်စိတဆုံးလှမ်းကြည့်မှလယ်ထွန်နေသူအုပ်စုငယ် နှစ်စု၊သုံးစုခန့်သာတွေ့ရပါတယ်။

အရင်နှစ်တွေတုန်းကဆိုရင်တော့ လှမ်းအော်ကြားရုံအကွာအဝေးတိုင်းမှာ လယ်ထွန်နေသူအုပ်စုတွေ တွေ့ရလေ့ရှိပါတယ်။

ဟိုဖက်အုပ်စုနဲ့ဒီဘက်အုပ်စုလှမ်းအော်၊နောက်ပြောင်သံတွေ ညံနေခဲ့တဲ့အာရက္ခဒေသက မိုးဦးကာလလယ်ထွန်ချိန်၊ဒီနှစ်မှာတော့ မတွေ့ရတော့ဘူး။ 

လယ်သမားတွေဟာ သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေအားလုံးကို အပြည့်အ၀မထွန်ယက်ကြတော့ပြီ။

ဝမ်းစာစားလောက်ရုံ၊လယ်မြေအနည်းငယ်ကိုသာထွက်ယက်ကြတော့တယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။ 

စပါးစိုက်လယ်ယာမြေဧကတဆယ့်နှစ်သိန်းကျော်ရှိတဲ့ အာရက္ခဒေသမှာ ဒီနှစ်မှာထွန်ယက်စိုက်ပျိုးကြမယ့်မြေထက်ဝက်ပင်မရှိနိုင်ဘူးလို့ တောင်သူလယ်သမားတွေက ခန့်မှန်းတွက်ချက်ထားကြပါတယ်။ 

အဲဒီလိုစပါးစိုက်လယ်ယာမြေပမာဏ လျော့နည်းသွားတာဟာ လယ်ယာလုပ်ငန်းသုံး သွင်းအားစုစျေးကြီးတာ၊အလုပ်သမားခစျေးမြင့်တာ၊လယ်ယာထွက်ကုန်စပါးတွေ၊ဆန်တွေရောင်းမထွက်တာ၊ဒေသမတည်ငြိမ်တာတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

အာရက္ခဒေသမှာ မိုးဦးကာလမိုးခေါင်ပြီး မိုးနှောင်းပိုင်းမုန်တိုင်းဝင်ခဲ့တဲ့ ၂၀ ၂၂ ခုနှစ်၊မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး စပါးစိုက်ဧကဆက်တိုက်လျော့ကျလာခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ စပါးစိုက်ဧကဆယ်သိန်းဝန်းကျင်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ကိုးသိန်းနီးပါးသာရှိခဲ့ပါတော့တယ်။

အဲဒီနောက် ၂၀၂၃ ခုနှောင်းပိုင်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်လာခဲ့ပြီး ၂၀၂၄ ခု မိုးဦးကာလမှာတော့ စပါးစိုက်ဧကဟာ အာရက္ခဒေသအတိုင်းအတာနဲ့ထက်ဝက်ထိလျော့ကျသွားခဲ့ကာဧကခြောက်သိန်းဝန်းကျင်သာ ရှိခဲ့တယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။

အဲဒီလိုလယ်ထွန်နေသူအနည်းငယ်ထဲမှာ မင်းပြားမြို့နယ်၊ကြောင်ရှည်ချောင်းကျေးရွာမှ ဦးစံကျော်လည်းပါဝင်ပါတယ်။

သူဟာ လယ်ဧကသုံးဆယ်ကျော်ရှိတဲ့အထဲဒီနှစ်မှာ ခြောက်ဧကခန့်ကိုသာထွန်ယက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒါဟာ ဦးစံကျော်ပိုင်တဲ့ လယ်မြေရဲ့ ငါးပုံတပုံဝန်းကျင်ကိုပဲ ထွန်ယက်တော့မယ့်အခြေအနေပါ။

“မနှစ်က အရင်းလည်းမရ၊အဖျားလည်းမရလိုက်တော့ ဒီနှစ်မထွန်ရဲတော့ဘူး။”လို့ သူက ဆိုပါတယ်။ 

ဦးစံကျော်ဟာ ပြီးခဲ့တဲ့နှစ်က လယ်ဧကတဆယ်ကျော်ထွန်ယက်နိုင်ခဲ့ပါသေးတယ်။

အဲဒီတုန်းက တိုက်ပွဲနဲ့တိုးသွားတာရယ်၊မိုးနှောင်းကာလ ဆားငံရည်ဝင်သွားတာရယ်ကြောင့် စပါးထွက်နှုန်းသိသိသာသာကျဆင်းခဲ့ပြီး စိုက်ပျိုးထားတဲ့ စပါးခင်းအားလုံးကိုလည်း ရိတ်သိမ်းနိုင်ခြင်းမရှိခဲ့ပါဘူး။ 

စပါးဆယ်ဧကမှာ တင်းနှစ်ရာဝန်းကျင်သာ ရိမ်သိမ်းရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ပုံမှန်ဆိုရင်တော့ စပါးဆယ်ဧကစိုက်ရင် အနည်းဆုံးတင်းငါးရာဝန်းကျင် ထွက်ရှိခဲ့တာလယ်ယာမြေတွေဖြစ်ပါတယ်။

အဲဒီအပြင် ပြီးခဲ့တဲ့နှစ် ဓါတ်မြေဩဇာစျေးဟာလည်း အလွန်ကြီးနေခဲ့တာကြောင့် စပါးအထွက်တိုးစေဖို့ ဓါတ်မြေ ဩဇာပင်မကူခဲ့ရပါဘူး။

အဲဒါကြောင့် ဒီနှစ်မှာ မိသားစုဝမ်းစာလောက်ငှရုံအတွက်သာ ရည်ရွယ်ထွန်ယက်စိုက်ပျိုးရတာလို့ ဦးစံကျော်က ပြောပါတယ်။

ဦးစံကျော်နည်းတူ အာရက္ခဒေသက လယ်သမားအများစုဟာလည်း သူတို့ပိုင်လယ်ယာမြေတွေအားလုံးကို အပြည့်အ၀ထွန်ယက်နိုင်တာမရှိပါဘူး။

အာရက္ခဒေသမှာ ဓါတ်မြေဩဇာအဖြူတအိတ်ကို နှစ်သိန်းနီးပါး၊သုံးမျိုးစပ်ဓါတ်မြေဩဇာတအိတ်ကို ငါးသိန်းနီးပါးထိရှိနေပြီး ဒီဇယ်ဆီတပေပါကိုတော့ ကျပ်သိန်းနှစ်ဆယ်နီးပါး ရှိနေပါတယ်။

အဲဒီအပြင် နေ့စားအလုပ်သမားခတွေဟာလည်း တိုးလာနေတဲ့ကုန်စျေးနှုန်းနဲ့အတူ မြင့်တက်နေတယ်လို့လယ်သမားတွေက ဆိုကြပါတယ်။

အဲဒီလိုစျေးတက်နေတဲ့သွင်းအားစုတွေ၊လယ်ယာတွေထွန်ယက်စိုက်ပျိုးမယ်ဆိုရင် ရာသီဥတုပုံမှန်ဖြစ်ပြီး စပါးအထွက်ကောင်းရင်လည်း အမြတ်အစွန်းများများစားစား ရမှာမဟုတ်ဘူးလို့ လယ်သမားအရေးဆောင်ရွက်သူတွေနဲ့လယ်သမားတွေက ထောက်ပြကြပါတယ်။

အဲဒါကြောင့် ဒီနှစ်မိုးစပါးစိုက်ရာသီအတွင်း စပါးစိုက်တောင်သူဟာ အရင်နှစ်ကထက်ပင် လျော့နည်းသွားနိုင်ပြီး ပြည်တွင်းစပါးအထွက်နှုန်းဟာလည်း သိသိသာသာကျဆင်းသွားမှာဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။

စပါးအထွက်နှုန်းကျခဲ့ရင် လူဦးရေသုံးသန်းဝန်းကျင်ရှိတဲ့ အာရက္ခဒေသမှာစားနပ်ရိက္ခာဖူလုံမှုကိုပါ ထိခိုက်လာနိုင်ပြီး စပါးစျေး၊ဆန်စျေးဟာလည်း မြင့်တက်လာနိုင်မယ်လို့ ဆိုကြပါတယ်။

အာရက္ခဒေသက လယ်သမားတွေလက်ထဲမှာ ရောင်းမထွက်သေးတဲ့ လက်ကျန်စပါးတွေကျန်နေပေမယ့် စပါးပေါ်ချိန်ရောက်ဖို့ အနည်းဆုံးခြောက်လဝန်းကျင်လိုသေးတာမို့ နှစ်ဝက်စာဆန်ရိက္ခာလိုအပ်နေအုံးမှာပါ။

“ဒီနှစ်အတွက် ဆန်ရိက္ခာလောက်နိုင်ပေမယ့် စပါးစိုက်သူနည်းသွားရင် နောက်နှစ်ရိက္ခာအတွက် စိုးရိမ်ရတယ်။”လို့  တောင်သူလယ်သမားအရေးဆောင်ရွက်နေတဲ့လယ်သမားတဦးက ခန့်မှန်းသုံးသပ်ပါတယ်။

အာရက္ခဒေသမှာ အိုးပစ်၊အိမ်ပစ်ထွက်ပြေးလာကြရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ခြောက်သိန်းကျော်ရှိနေပြီး အများစုဟာ လက်လုပ်လက်စား၊ပင်ပန်းဆင်းရဲသူတွေဖြစ်ကြတာမို့ အာရက္ခဒေသမှာ
စပါးထွက်နှုန်းကျပြီး စျေးတက်လာခဲ့ရင် စစ်ဘေးရှောင်တွေဟာ အငတ်ဘေးဒဏ်ပထမဆုံးကြုံတွေ့ရသူတွေဖြစ်လာမှာပါ။

စစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။

ဆီ၊ဆား၊ငရုတ်၊ကြက်သွန်၊သားငါးစတဲ့အခြေခံစားသောက်ကုန်ပစ္စည်းတွေ စျေးတက်နေသလို ဆန်စျေးပါထပ်တက်လာခဲ့ရင် အငတ်ဘေးမလွဲမသွေကြုံလာရမှာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ဆန်တခုတော့ သက်သက်သာသာနဲ့ရစေချင်တယ်။”လို့ ပေါက်တောမြို့နယ်မှစစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အဲဒါကြောင့် ပြည်တွင်းရိက္ခာဖူလုံမှုကို မထိခိုက်ရအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ လယ်သမားတွေကို လိုအပ်တာတွေကူညီထောက်ပံ့ပေးဖို့လိုအပ်တယ်လို့ တိုက်တွန်းတောင်းဆိုကြပါတယ်။

လယ်သမားတွေလိုအပ်တဲ့သွင်းအားစုတွေကို စျေးသက်သက်သာသာနဲ့ရနိုင်စေဖို့ ကူညီတင်သွင်းပေးတာ၊စက်ယ န္တရားတွေနဲ့ကူညီထွက်ယက်ပေးတာ၊လယ်ယာထွက်ကုန် စပါး၊ဆန်တွေအတွက် စျေးကွက်ဖန်တီးပေးတာစတဲ့အကူအညီတွေပေးဖို့ လိုအပ်နေတာပါ။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ စစ်ဒေသအလိုက် ဓါတ်မြေဩဇာတွေ ခွဲတမ်းချပေးပြီး သက်သာတဲ့စျေးနှုန်းနဲ့ရောင်းချပေးနေတယ်လို့ နီးစပ်သူတွေဆီက ဆိုကြပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ အောက်ခြေအုပ်ချုပ်ရေးဝန်ထမ်းတွေက စျေးတင်ရောင်းပေးနေတာတွေ ရှိနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“အခုထိတော့ ဒီဖက်ကို မရောက်သေးဘူး။တခြားဖက်တွေမှာတော့ စျေးတင်ရောင်းနေတယ်ကြားတယ်။”လို့ ပေါက်တောမြို့နယ်မှလယ်သမားတဦးက ပြောပါတယ်။

အာရက္ခပြည်သူအများစုရဲ့သက်မွေးလုပ်ငန်းဖြစ်တဲ့ လယ်ယာလုပ်ငန်းဟာ အစိုးရအနေနဲ့ဦးစားပေးကူညီရမယ့်လုပ်ငန်းဖြစ်ပြီး အစိုးရမကူညီခဲ့ဘူးဆိုရင် နောက်ဆက်တွဲအငတ်ဘေးတွေနဲ့ ကြုံရနိုင်တယ်လို့အတွေ့အကြုံရင့်လယ်သမားတွေက ဆိုကြပါတယ်။

လယ်ယာလုပ်ငန်းကို ကူညီပေးတာဟာပြည်တွင်းထုတ်လုပ်မှုတန်ဖိုးကိုလည်း မြင့်တင်ရာရောက်မယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခလယ်သမားတွေအတွက် သွင်းအားစုတွေ စျေးသက်သက်သာသာနဲ့ရနိုင်အောင်ကူညီတင်သွင်းပေးတာအပြင် ထွက်လာတဲ့စပါးတွေရောင်းထွက်နိုင်အောင် ပြည်ပနိုင်ငံတွေဆီ တင်ပို့နိုင်ရေးလမ်းကြောင်းတွေလည်း လုပ်ပေးဖို့လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။

ပြီးခဲ့တဲ့ပုံမှန်နှစ်တွေတုန်းကဆိုရင် အာရက္ခဒေသမှစပါးတွေဟာ ပြည်မဘက်တွေ၊ဘင်္ဂလာဒေ့ရှ်နိုင်ငံဆီတင်ပို့ရောင်းချခဲ့နိုင်တာမို့ ထွက်လာတဲ့စပါးတွေအကုန်လုံးဟာ ရောင်းထွက်၊စျေးကောင်းရခဲ့ကြပါတယ်။

ခုနှစ်တွေအတွင်းမှာတော့ စစ်ကောင်စီတပ်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတာမို့ တင်ပို့ရောင်းချဖို့ အဆင်မပြေနိုင်ကြတော့တာပါ။

လယ်သမားတွေဟာ ဦးစံကျော်လို မိသားစုဝမ်းစာလောက်ငှရုံသာ ထွန်ယက်စိုက်ပျိုးကြတာမို့ လယ်ပိုင်မဟုတ်တဲ့အခြေခံလက်လုပ်လက်စားတွေအတွက်လည်း ဝမ်းစာဆန်ရိက္ခာခက်ခဲသွားနိုင်ပါတယ်။ 

“ဒီဘက်မှာက အကုန်လုံးကိုယ့်တစားစားလောက်ပဲထွန်ကြတယ်။လယ်ရှိရင်တောင် လုံး၀မထွန်တဲ့သူလည်းရှိတယ်။ကျွန်တော်ဆို လုံး၀မထွန်တော့ဘူး။” လို့ ပေါက်တောမြို့နယ်တောင်ပိုင်းမှ လယ်သမားတဦးကဖြစ်တဲ့ ဦးခင်မောင်က  ပြောပါတယ်။

ဦးခင်မောင်မှာ လယ်ယာမြေဧကနှစ်ဆယ်နီးပါးရှိပြီး ကိုယ်တိုင်လည်းလယ်ထဲမှာ အလုပ်မလုပ်နိုင်တော့တာကြောင့် အမြတ်အစွန်းမရမှာ၊အရှုံးပေါ်မှာ စိုးရိမ်ပြီး မထွက်တော့တာလို့ ဆိုပါတယ်။

“ရှိတာလေးပဲ စားနေတော့မယ်။လယ်ထလုပ်မှပိုရှုံးတယ်ဖြစ်အုံးမယ်။မနှစ်ကတော်တော်ရှုံးတယ်။” လို့ ဦးခင်မောင်က ပြောပါတယ်။

အဲဒီလို လယ်သမားတွေ လယ်ယာလုပ် ငန်းမလုပ်ကြတော့တဲ့အခါ လယ်ယာလုပ်ငန်းကို မှီခိုနေကြရတဲ့ နေ့စားအလုပ်သမားတွေဟာလည်း အလုပ်ပျောက်ကြရပါတော့တယ်။

ပုံမှန်ကာလတုန်းကဆိုရင်လယ်ယာလုပ်ငန်းကိုမှီခိုပြီး မြတ်နုတ်၊ကောက်စိုက်နေ့စားလုပ်ကာ မိသားစုဝမ်းရေးဖြေရှင်းခဲ့ရတဲ့ မိသားစုတွေဟာ ဝမ်းရေးလောက်ငှဖူလုံကာ အတန်အသင့်အဆ င်ပြေခဲ့ကြပါတယ်။

“ဒီမှာက မြို့တွေလို တခြားအလုပ်လည်းမရှိဘူးလေ။မြက်ချေးနင်း(မြက်နုတ်)။ကောက်စိုက်ပြီး သားသမီးတွေ ကိုကျွေးလာတာ။အခုအလုပ်လုံး၀ကို မလုပ်ရတော့ဘူး။”လို့ မင်းပြားမြို့နယ်မှနေ့စားအလုပ်လုပ်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့လယ်သမားတွေကို အတတ်နိုင်ဆုံးကူညီပေးဖို့လိုအပ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတ ယ်။

အဲဒီအပြင် လယ်ယာပိုင်ရှင်တွေ အရင်းမစိုက်နိုင်လို့မထွန်ယက်ဘဲချန်လှပ်ထားတဲ့လယ်ယာမြေတွေကို အစိုးရအနေနဲ့ အရေးပေါ် ဆန်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးသင့်တယ်လို့လည်း ထောက်ပြသူတွေ ရှိပါတယ်။

“လယ်သမားတွေကို ကူညီဖို့အခက်အခဲရှိရင်တောင်စက်ကြီးတွေနဲ့ဖြစ်ဖြစ် အစိုးရကထွန်သင့်တယ်။ရှားလာရင် စျေးသက်သက်သာသာနဲ့ထုတ်ရောင်းပေ့ါ၊အစိုးရမှာ တာဝန်အပြည့်အ၀ရှိတယ်လေ။”လို့ လယ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတဦးက ထောက်ပြပါတယ်။

အခြေခံစားသောက်ကုန်စျေးနှုန်းမြင့်တက်တာအပါအဝင် အထွေအထွေအကျပ်အတည်းတွေကြုံနေရပြီး ဆန်စပါးအများဆုံးထွက်ခဲ့တဲ့အာရက္ခပြည်မှာ ဆန်ရိက္ခာရှားပါး၊အငတ်ဘေးမကြုံရစေဖို့ ခုကတည်းက ပြင်ဆင်တွက်ဆကာ ကူညီပေးဖို့ လိုအပ်ပါတော့တယ်။

အဲဒီလိုအချိန်မီ မကူညီနိုင်ခဲ့ဘူးဆိုရင်တော့ ဆန်စပါးပေါများခဲ့တဲ့ အာရက္ခဒေသမှာ ရိက္ခာရှားပါး၊အငတ်ဘေးနဲ့ မလွဲမသွေကြုံလာရနိုင်တယ်လို့ လယ်သမားအရေးဆောင်ရွက်နေသူတွေနဲ့ လယ်သမားတွေက ထောက်ပြနေကြပါတယ်။ 

PrevPreviousဘယ်လာရုစ်အစိုးရက အာဏာသိမ်းစစ်ကို လေကြောင်းကာကွယ်ရေးစနစ်ရောင်းထား
Nextအာရက္ခဒေသက ပညာရေးဝန်ထမ်းတွေ ရပ်တည်ရေးအတွက် အကူအညီ လိုအပ်နေNext
Previous Post

ဘယ်လာရုစ်အစိုးရက အာဏာသိမ်းစစ်ကို လေကြောင်းကာကွယ်ရေးစနစ်ရောင်းထား

Next Post

အာရက္ခဒေသက ပညာရေးဝန်ထမ်းတွေ ရပ်တည်ရေးအတွက် အကူအညီ လိုအပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

​ကျောက်ဖြူမှာ ဝက်တင်လာတဲ့ဘုတ်ကို အာဏာသိမ်းစစ်တပ်ပစ်ခတ်လို့ အရပ်သား ၂ ဦး ဒဏ်ရာရ

June 8, 2026

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၁

ချင်းရိုင်မှာ ဆေးပြား ၄ ဒသမ ၇ သန်းကျော်နဲ့ အိုက်စ် ၁၁၀ ကီလိုဂရမ် ဖမ်းမိ

တိုက်ပွဲတွေပြန်စရင် အမှောင်ထုထဲရောက်သွားလိမ့်မယ်လို့ အမေရိကန်ကို အီရန် သတိပေး

သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေး

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အာဏာသိမ်းစစ်တပ်နဲ့ရုရှား ဓာတ်အားပေးစက်ရုံ MoU ထိုး

Releated Post

​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

June 7, 2026

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၁

June 7, 2026
Photo - Thai Local News

ချင်းရိုင်မှာ ဆေးပြား ၄ ဒသမ ၇ သန်းကျော်နဲ့ အိုက်စ် ၁၁၀ ကီလိုဂရမ် ဖမ်းမိ

June 7, 2026

တိုက်ပွဲတွေပြန်စရင် အမှောင်ထုထဲရောက်သွားလိမ့်မယ်လို့ အမေရိကန်ကို အီရန် သတိပေး

June 7, 2026
သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေးBorder News Agency
မကွေး၊​ဇွန် ၇။​ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇွန်လ ၅ ရက်နေ့က နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်တွေနဲ့အတူ သံတမန်ဆိုင်ရာ ရှင်းလင်းတင်ပြပွဲကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်အသွင်ကူးပြောင်းရေးကာလ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ပါတယ်။​အဲဒီရှင်းလင်းပွဲမှာ SCEF ကိုယ်စားလှယ်တွေက နိုင်ငံတဝှမ်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ပေါင်းစည်းညီညွတ်မှုရရှိရေးရဲ့ အရေးပါမှုနဲ့ ရေရှည်တည်တံ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ် တည်ဆောက်နိုင်မယ့် အခြေအနေတွေပေါ်ထွက်လာဖို့ SCEF ရဲ့ လုပ်ဆောင်ချက်တွေကို မျှဝေခဲ့ကြပါတယ်။​ဒါ့အပြင် မြန်မာ့အကျပ်အတည်းဟာ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေမျှသာ မဟုတ်ဘဲ နက်ရှိုင်းတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်တာကြောင့် အုပ်ချုပ်ရေး၊ တရားဝင်မှု၊ ကိုယ်စားပြုမှုနဲ့ ရေရှည်တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းတွေကို ဖြေရှင်းနိုင်မယ့် ချဉ်းကပ်မှုတွေ လိုအပ်တယ်လို့ထောက်ပြခဲ့ကြပါတယ်။နောက်ပြီးအရပ်သားတွေကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေလက်လှမ်းမီရရှိရေးနဲ့ ပဋိပက္ခရဲ့ မူလဇစ်မြစ်ကို မဖြေရှင်းနိုင်ရင် ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာမဟုတ်သလို အနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ ကျယ်ပြန့်တဲ့ ပါဝင်မှုတွေကို အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။​ခုရှင်းလင်းပွဲဟာ ဒေသတွင်း၊နိုင်ငံတကာ မိတ်ဖက်တွေနဲ့ထိတွေ့ဆက်ဆံရေး မြှင့်တင်ဖို့ လုပ်ဆောင်ချက်တခု ဖြစ်ပြီး အဲဒီပွဲသို့ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကိုယ်စားလှယ်တွေနဲ့နိုင်ငံတကာအဖွဲ့အစည်းအချို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေး

June 7, 2026

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အာဏာသိမ်းစစ်တပ်နဲ့ရုရှား ဓာတ်အားပေးစက်ရုံ MoU ထိုး

June 7, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page