Border News Agency
ကျောက်တော်၊ ဇူလိုင် ၁၄။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက စစ်ဘေးရှောင်ကလေးတွေဟာအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်က လေးငယ်တဆယ်ကျော်ဟာ သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားနေတာမို့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီဝါးတောင်စစ်ဘေးရှောင်စခန်းမှာစစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ဇွန်လဒုတိယအပတ်ကတည်းက သွေးလွန်တု ပ်ကွေးရောဂါဖြစ်နေတာလို့ စစ်ဘေးရှောင်တွေက ကြပါတယ်။
အဲဒီအချိန်က ကလေးငယ်တဦးသာဖြစ်ခဲ့ပေမယ့်ကလေးငယ်တဆယ်ကျော်ထိ ဖြစ်လာကြတာမို့ စစ်ဘေးရှောင်တွေစိုးရိမ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီရောဂါခံစားနေရတဲ့ ကလေးငယ်တွေဟာ အသက်ခြောက်နှစ်မှဆယ့်လေးနှစ်အရွယ်တွေဖြစ်ကြပြီး စစ်တွေ၊ပုဏ္ဏားကျွန်း၊ကျောက်ဖြူ၊သံတွဲ စတဲ့မြို့နယ်တွေကဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“ကျန်းမာရေးကဏ္ဍသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာ နှစ်ကြိမ်၊သုံးကြိမ်ရှိပါပြီ။ခုလည်းဖြစ်နေကြပါတယ်။က လေးတဆယ်ကျော်လောက်ရှိပါတယ်။” ဝါးတောင်စစ်ဘေးရှောင်စခန်းတာဝ န်ခံက Border News Agency ကို ပြောပါတယ်။
အဲဒီကလေးငယ်တွေထဲမှာ အသက်ရှစ်နှစ်အရွယ်မောင်လင်းလင်း၊ အသက်ကိုးနှစ်အရွယ်မထက်မြတ်လင်း၊ အသက်ဆယ့်လေးနှစ်အရွယ်မလှနွယ်ဦးဟာ ရောဂါပြင်းထန်တာမို့မြောက်ဦးမြို့နယ်မှာအရေးပေါ်ကုသမှုခံယူထားရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီအပြင် နောက်ထပ်ကလေးငယ်တွေလည်း မိသားစုစားဝတ်နေရေးအခက် အခဲကြောင့် ဆေးမကုနိုင်သေးတာမို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆို ကြပါတယ်။
“ဆေးခန်းသွားပြဖို့ ငွေကြေးမတတ်နိုင်ပါဘူး။ တတ်နိုင်ရင်ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလိုချင်ပါတယ်။ကျ န်းမာရေးအဖွဲ့တဖွဲဖြစ်ဖြစ်စခန်းထဲကိုလာပြီးစောင့်ရှောက်ပေးစေချင်ပါတ ယ်။” လို့ ဝါးတောင်စစ်ဘေးရှောင်စခန်းမှစစ်ဘေးရှောင်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရတာဟာ မသန့်ရှင်းတဲ့ရေတွေ၊ နေရာထိုင်ခင်းတွေ၊ အစားအစာတွေ၊ နေရာဒေသ၊ ရာသီအကူးအပြောင်းတွေကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ စစ်တွေ၊သံတွဲ၊ပုဏ္ဏားကျွန်းစတဲ့မြို့နယ်တွေက စစ်ဘေးရှောင်အိမ်ထောင်စုသုံးဆယ်သုံးစု၊လူဦးရေစုစုပေါင်းတရာ့သုံးဆယ်ရှစ်ဦး နေထိုင်ကြပါတယ်။
အဲဒီရောဂါတွေမဖြစ်ပွားရအောင် ကာကွယ်ဖို့ လုံခြုံတဲ့ခြင်ထောင်အောက်မှာ အိပ်စက်ဖို့လိုအပ်သလို ခြင်ကိုက်မခံရအောင်နေဖို့လည်း လိုအပ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။
“သွေးလွန်တုပ်ကွေးရောဂါက အတွင်းမှာသွေးယိုစိမ့်ပြီး သွေးခမ်းတာတွေဖြစ်တတ်တယ်ပေါ့နော်။ပထမနဲ့ ဒုတိယအဆင့်ဆို ကုသလို့ရပါသေးတယ်။ တတိယနဲ့စတုတ္တအဆင့်ဆိုရင် ကုသလို့မရတော့ပါဘူး။ အဲဒီရောဂါတွေဖြစ်နေတာကို ဖြစ်မှန်းမသိပါဘူး။ ဒီအတိုင်းဆေးမသောက်ဘဲနေလိုက်ရင် အသက်သေစေတဲ့အထိကို အန္တရာယ်ရှိပါတယ်။” လို့ ကျန်းမာရေးဝန်ထမ်းဟောင်းတဦးက Border News Agencyကို ပြောပါတယ်။
အဲဒီရောဂါဖြစ်ပွားနေတယ်လို့ သံသယရှိရင် ဆေးစစ်မှုခံယူပြီး ရောဂါအဆင့်အလိုက် ဆေးဝါးကုသမှုတွေခံယူဖို့လို အပ်တယ်လို့လည်း ဆိုပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတည်းက အာရက္ခဒေသကို စစ်ကောင်စီတပ်က ကုန်လမ်း၊ ရေလမ်းတွေပိတ်ဆို့ထားတာမို့ ဆေးဝါးရှားပါးတာတွေ၊ အရေးပေါ်ဆေးလိုအပ်ရင် ဆေးရှာမရတာတွေ ကြုံတွေ့နေကြရတယ်လို့ စစ်ဘေးရှောင်တွေနဲ့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






