Border News Agency
အမ်း၊ ဇူလိုင် ၂၄။
အမ်းမြို့နယ်မှာ ဇူလိုင်လ ၂၃ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အမ်းမြို့နယ်၊ တပ်တောင်တိုက်နယ်၊ င/လက်ကျရွာက အသက်သုံးဆယ်တနှစ်အရွယ်ဦးသိန်းရွှေမှာဒဏ်ရာရသွားတ ယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
သူဟာ ဇူလိုင်လ၂၃ ရက်၊ မနက် ၈ နာရီအချိန်ခန့်က အမ်း-မအီကားလမ်းဘေးရှိချောင်းကမ်းမှာ မျှစ်သွားချိုးနေချိန် အရင်ကစစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ ခုလိုဒဏ်ရာရသွားတာလို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီမိုင်းပေါက်ကွဲမှုကြောင့် ဦးသိန်းရွှေမှာ ဘယ်ဖက်ခြေသလုံးအောက်ပိုင်းပြ တ်သွားပြီးညာဖက်ခြေထောက်၊ညာဖ က်လက်မှာလည်း ဒဏ်ရာရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးတွေလုပ် ဆောင်နေပေမယ့် အရပ်သားပြည်သူတွေ မြေမြုပ်မိုင်းအန္တရာယ်တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာ ခဏကြုံတွေ့နေကြရသလို သေဆုံးဒ ဏ်ရာရတာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့်စစ်ဘေးရှောင်တွေအပါအ ဝင် အရပ်သားပြည်သူတွေဟာ စားဝတ် နေရေးအခက်အခဲတွေ ကြုံတွေ့နေကြရသလို ဘေးကင်းလုံခြုံရေးဆိုင်ရာစိန် ခေါ်မှုတွေလည်း ကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။
အာရက္ခဒေသက အရပ်သားပြည်သူတွေဟာ နေအိမ်ခြံဝန်းတွေ၊ နေအိမ်တွေ၊ လူသွားလူလာလမ်းမတွေ၊မြို့၊ ကျေးရွာအနီးက တောတောင်တွေမှာစားဝတ် နေရေးအတွက်ရုန်းကန်နေရချိန်မှာမြေ
မြုပ်မိုင်းနင်းမိလို့ သေဆုံးဒဏ်ရာရနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်အပါ အဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။