Border News Agency
နေပြည်တော်၊ ဇူလိုင် ၂၈။
စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ခွဲထွက်ဟာ နယ်မြေခံစစ်တပ်တွေကို တဖက်တလမ်းကအထောက်အကူပြု ပူးပေါင်းဖို့ အာဏာသိမ်းစစ်တပ်က ပြောပါတယ်။
နေပြည်တော်မှာ ဇူလိုင်လ ၂၇ ရက်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ခွဲထွက်အဖွဲ့ တွေ့ပြီးပြောတာပါ။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်နဲ့လက်တွဲပူးပေါင်းဖို့၊ နှစ်ဖက်ယုံကြည်မှုထိခိုက်စေမယ့်လုပ်ရပ်တွေ မလုပ်ဖို့လည်း ALP ကို စစ်တပ်က သတိပေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုဟာ ငြိမ်းချမ်းတဲ့အမိုးအကာအောက်မှာ ပြည်သူလူထုနေထိုင်နိုင်ဖို့ဆွေးနွေးတာလို့ စောမြရာဇာလင်းက ပြောပါတယ်။
အဲဒီအပြင်စစ်တွေမြို့နဲ့ ဧရာဝတီတိုင်းရောက်ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။







