Border News Agency
သံတွဲ၊ ဇူလိုင် ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ လင်းမူးတောင်ကျေးရွာကို ဇူလိုင်လ ၂၇ ရက်၊ မနေ့ညက အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလင်းမူးတောင်ကျေးရွာကို ည ၁၀ နာရီခွဲအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထန်းတောအနီးသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီသံတွဲမြို့၊ ငပလီမြို့နဲ့ ကမ်းခြေတလျှောက်ရှိနေရာတွေကို ဇူလိုင်လ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုယ် ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် အရပ်သားသုံးဦးသေဆုံးခဲ့ပြီး နှစ်ဆယ့်တဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့တွေကို အာဏာသိမ်းစစ်တပ် စစ်သင်္ဘောတွေကလက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအန္တရာ ယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်ကဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ဆေး ရုံ၊ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်က ရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။








