Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြေပုံမြို့နယ် မြောက်ဦးခရိုင် အင်တာဗျူး အာရက္ခဒေသ

“ငပသုန်ရွာမှာဆိုရင် လူပျို၊အပျိုတရာကျော်ရှိတာကို တရာကျော်လုံးကိုခေါ်သွားတော့ ရွာလည်းပျက်သွားနိုင်တဲ့အခြေအနေရှိပါတယ်။”

Photo-APM

Photo-APM

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
မြေပုံ၊စက်တင်ဘာ ၂၂။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြေပုံမြို့နယ်မှာ အသက်မပြည့်သေးသူတွေအပါအဝင် ဒေသခံပြည်သူတွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေတယ်လို့ မိဘတွေ၊မိသားစုဝင်တွေနဲ့ဒေသခံတွေက အတည်ပြုပြောကြပါတယ်။

အဲဒီမြေပုံမြို့နယ်၊ ကမ်းသာယာကျေးရွာအုပ်စု၊ငပသုန်ကျေးရွာရှိ အသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေအပါအဝင် ကျေးရွာရှိလူငယ်လူရွယ်တရာကျော်ထဲကအများစုကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူသွားတာလို့ မိသားစုဝင်တွေကဆိုကြပါတယ်။

အဲဒီအထဲမှာ အသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေအပါအဝင် မိန်းကလေးငယ်တွေ၊အမျိုးသမီးတွေလည်းပါဝင်သွားကြတယ်လို့ မိဘတွေကဆိုကြပါတယ်။

အဲဒီမြေပုံမြို့နယ်၊ကမ်းသာယာကျေးရွာအုပ်စု၊ငပသုန်ကျေးရွာမှစစ်မှုထမ်းပါသွားသူအမျိုးသမီးတဦးရဲ့မိခင်ကို Border News Agency က ဆက်သွယ်မေးထားပါတယ်။

“အခုလိုခေါ်သွားတဲ့ထဲကျမရဲ့အမြင်မှာဆို လူတရာ့ငါးဆယ်လူပျိုအပျိုထဲ သူတို့ကမဲနှိုက်ပြီး လူငါးဆယ်ဆိုငါးဆယ်၊တရာဆိုတရာကောက်တဲ့ပုံစံမျိုးမဟုတ်ဘဲ လူတရာ့ငါးဆယ်စလုံးကို အကုန်ခေါ်သွားတဲ့ပုံစံမျိုးနဲ့ခေါ်ယူသွားတာပါ။”

“ရှောင်တဲ့လူတွေကရှောင်သွားပြီး၊ မရှောင်တဲ့လူတွေကတော့ခုနှစ်ဆယ်နဲ့ရှစ်ယောက်ပါသွားပါတယ်။”

“အထက်လူကြီးတွေ လုပ်နေတာကတော့မှန်ပါတယ်။ဒါပေမယ့် လက်အောက်ငယ်သားတွေလုပ်နေတဲ့လမ်းစဉ်တွေကတော့ လွဲချော်နေတယ်လို့မြင်ပါတယ်။”

“ကိုယ့်လူမျိုးအချင်းချင်းစစ်မှုထမ်းခေါ်တာကိုလိုက်ရမယ်ဆိုတာကို နားလည်ပါတယ်။ဒါပေမယ့်အတိုင်းအတာတခုနဲ့သွားတာပိုမှန်တယ်လို့မြင်ပါတယ်။”

“ငပသုန်ရွာမှာဆိုရင် လူပျို၊အပျိုတရာကျော်ရှိတာကို တရာကျော်လုံးကိုခေါ်သွားတော့ ရွာလည်းပျက်သွားနိုင်တဲ့အခြေအနေရှိပါတယ်။”

“ငပသုန်ရွာမှာဆိုရင် လူပျို၊အပျိုတရာကျော်ရှိတဲ့ထဲ သုံးလေးဆယ်လောက်မဲနှိုက်ပြီးခေါ်သွားရင်တောင် ကျမတို့အနေနဲ့မပြောလိုပါဘူး။”

“လုပ်စဉ်လည်းမှန်ပါတယ်။ရွာသူရွာ သားသဘောထားကတော့ သူတို့မပြောရဲကြပါဘူး။ကြောက်ကြရပါတယ်။”

“တခုခုပြန်တုံ့ပြန်လိုက်ရင် ကိုယ့်သမီးကိုပြန်ပြီး တခုခုပြန်လုပ်မှာကိုစိုးရိမ်ကြပါတယ်။”

“ခဏတာမဟုတ်ဘဲ ရာသက်ပန်စစ်မှုထမ်းခိုင်းမှာကိုလည်းကြောက်ကြပါတယ်။”

“မိဘတွေက သားသမီးကိုမပိုင်တဲ့အခြေအနေဖြစ်နေကြပါတယ်။”

“စစ်မှုထမ်းခေါ်ထားတဲ့သူတွေကိုပြန်လွှတ်ပေးစေချင်တဲ့ပုံစံမျိုးမဟုတ်ပါဘူး။”

“နေမကောင်းတဲ့သူတွေနဲ့ မိဘကိုလုပ်ကျွေးနေတဲ့သူတွေကို ဆိုင်းငံ့ပေးစေချင်တဲ့သဘောမျိုးပါ။”

“စစ်မှုမထမ်းမနေရဆိုတာကိုလည်း ကျမတို့အကုန်နားလည်ပါတယ်။”

“ရခိုင်ပြည်မှာနေတယ်ဆိုရင်တော့ စစ်မှုထမ်းကြရပါမယ်။”

“အသက်ဆယ့်ရှစ်ပြည့်ရင် စစ်မှုထမ်းရမယ်ဆိုတာကိုလည်း ကျမတို့ကနားလည်ပြီးသားပါ။”

“နေမကောင်းတဲ့သူတွေနဲ့မိဘကိုလုပ်ကျွေးနေတဲ့သူတွေကို ဆိုင်းငံ့ပေးစေချင်တာပါ။တဖြတ်ပြီးတဖြတ်ခေါ်ယူစေချင်တာပါ။”

“ရခိုင်ပြည်မှာနေတယ်ဆိုရင်တော့ စစ်မှုထမ်းကြရမယ်ဆိုတာလည်း နာလည်ပါတယ်။ရခိုင်ပြည်လွတ်လပ်ရေးရဖို့အတွက်စစ်မှုထမ်းကြရပါမယ်။”

“စစ်လေ့ကျင့်ရေးကိုအားလုံးကတတ်ကျွမ်းထားရမယ်ဆိုတာကို ကျမတို့လည်းသိပါတယ်။”

“အခုလိုသူတို့ကခေါ်သွားရင် တဖက်မှာမိသားစုတွေက အခက်အခဲအကျပ်အတည်းအများကြီးဖြစ်သွားနိုင်တယ်ဆိုတာကိုကျမတို့က တင်ပြတာပါ။”

“အုပ်ချုပ်ရေးမှူးလည်း ပြောပိုင်ခွင့်မရှိတဲ့ပုံစံမျိုးကို ကျမမြင်ပါတယ်။တခြားမိဘတွေကတော့မပြောတော့ဘူးလို့ပြောပါတယ်။”

“ဒီကအုပ်ချုပ်ရေးမှူးတွေကို တိုက်နယ်မှူးကသိသွားပြီး ဆင်းလာမှာကိုလည်းကြောက်ရပါတယ်။”

“သူတို့မိဘတွေကတော့ အထက်ကိုသွားပြီး ဘယ်လိုဆွေးနွေးရမလဲဆိုတာကို တိုင်ပင်နေကြပါတယ်။”

PrevPrevious“ငပသုန်ကလူတွေနဲ့ခြိမ်းခြောက်ပြီးကျွန်းသာယာက ခေါ်နေလားမသိပါဘူး။”
Next“ကိုယ့်သားသမီး အသက်မပြည့်သေးတာကြောင့် ပြန်ပြီးခေါ်ချင်ပါတယ်။”Next
Previous Post

“ငပသုန်ကလူတွေနဲ့ခြိမ်းခြောက်ပြီးကျွန်းသာယာက ခေါ်နေလားမသိပါဘူး။”

Next Post

“ကိုယ့်သားသမီး အသက်မပြည့်သေးတာကြောင့် ပြန်ပြီးခေါ်ချင်ပါတယ်။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - APM

“ကိုယ့်သားသမီး အသက်မပြည့်သေးတာကြောင့် ပြန်ပြီးခေါ်ချင်ပါတယ်။”

September 22, 2026
Photo-APM

“ငပသုန်ကလူတွေနဲ့ခြိမ်းခြောက်ပြီးကျွန်းသာယာက ခေါ်နေလားမသိပါဘူး။”

September 22, 2026
(ဓာတ်ပုံ - အာရက္ခတပ်တော်စစ်ပညာသင်တန်း/APM)

မြေပုံမြို့နယ်က လူငယ်တွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေ

September 22, 2026

မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေ

September 22, 2026

ကလေးမှာမီးလောင်လို့ အမျိုးသမီးသုံးဦးသေဆုံး (ဓာတ်ပုံသတင်း)

အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းတဲ့ ကသည်းလက်နက်ကိုင်သုံးဦး အိန္ဒိယနယ်စပ်မှာဖမ်းခံရ

“ကိုယ့်သားသမီး အသက်မပြည့်သေးတာကြောင့် ပြန်ပြီးခေါ်ချင်ပါတယ်။”

“ငပသုန်ရွာမှာဆိုရင် လူပျို၊အပျိုတရာကျော်ရှိတာကို တရာကျော်လုံးကိုခေါ်သွားတော့ ရွာလည်းပျက်သွားနိုင်တဲ့အခြေအနေရှိပါတယ်။”

“ငပသုန်ကလူတွေနဲ့ခြိမ်းခြောက်ပြီးကျွန်းသာယာက ခေါ်နေလားမသိပါဘူး။”

မြေပုံမြို့နယ်က လူငယ်တွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေ

Releated Post

​ဓာတ်ပုံ - MFSD

ကလေးမှာမီးလောင်လို့ အမျိုးသမီးသုံးဦးသေဆုံး (ဓာတ်ပုံသတင်း)

September 22, 2026

အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းတဲ့ ကသည်းလက်နက်ကိုင်သုံးဦး အိန္ဒိယနယ်စပ်မှာဖမ်းခံရ

September 22, 2026
Photo - APM

“ကိုယ့်သားသမီး အသက်မပြည့်သေးတာကြောင့် ပြန်ပြီးခေါ်ချင်ပါတယ်။”

September 22, 2026
Photo-APM

“ငပသုန်ရွာမှာဆိုရင် လူပျို၊အပျိုတရာကျော်ရှိတာကို တရာကျော်လုံးကိုခေါ်သွားတော့ ရွာလည်းပျက်သွားနိုင်တဲ့အခြေအနေရှိပါတယ်။”

September 22, 2026
Photo-APM

“ငပသုန်ကလူတွေနဲ့ခြိမ်းခြောက်ပြီးကျွန်းသာယာက ခေါ်နေလားမသိပါဘူး။”

September 22, 2026
(ဓာတ်ပုံ - အာရက္ခတပ်တော်စစ်ပညာသင်တန်း/APM)

မြေပုံမြို့နယ်က လူငယ်တွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေ

September 22, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page