အင်တာဗျူး
Border News Agency
မြေပုံ၊ စက်တင်ဘာ ၂၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြေပုံမြို့နယ်မှာ အသက်မပြည့်သေးသူတွေအပါအဝင် ဒေသခံပြည်သူတွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေတယ်လို့ မိဘတွေ၊မိသားစုဝင်တွေနဲ့ ဒေသခံတွေက အတည်ပြုပြောကြပါတယ်။
အဲဒီမြေပုံမြို့နယ်၊ ကမ်းသာယာကျေးရွာအုပ်စု၊ ငပသုန်ကျေးရွာရှိ အသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေအပါအဝင် ကျေးရွာရှိလူငယ်လူရွယ်တရာကျော်ထဲကအများစုကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူသွားတာလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
အဲဒီအထဲမှာ အသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေအပါအဝင် မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေလည်းပါဝင်သွားကြတယ်လို့ မိဘတွေကဆိုကြပါတယ်။
အဲဒီမြေပုံမြို့နယ်၊ကမ်းသာယာကျေး ရွာအုပ်စု၊ငပသုန်ကျေးရွာမှစစ်မှုထမ်းပါသွားသူအမျိုးသမီးတဦးရဲ့ မိခင်ကို Border News Agency က ဆက်သွယ်မေးထားပါတယ်။
“ကျမလိုချင်တာကတော့ ကိုယ့်သားသမီးအသက်မပြည့်သေးတာကြောင့် ပြန်ပြီးခေါ်ချင်ပါတယ်။”
“ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်နေမယ်ဆိုရင်တော့ မကန့်ကွက်ပါဘူး။ အဲဒါကိုပဲ ကျမက တောင်းဆိုချင်ပါတယ်။”
“သူတို့က လိုက်ရမယ်ဆိုပြီးတော့ ခေါ်ယူသွားပြီး ကျမက မစားနိုင်မသောက်နိုင်ကျန်ခဲ့ရပါတယ်။”







