Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး မြေပုံမြို့နယ် မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

မြေပုံမြို့နယ်က လူငယ်တွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေ

(ဓာတ်ပုံ - အာရက္ခတပ်တော်စစ်ပညာသင်တန်း/APM)

(ဓာတ်ပုံ - အာရက္ခတပ်တော်စစ်ပညာသင်တန်း/APM)

Author picture

By

Swe Zin Htike
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြေပုံ၊ စက်တင်ဘာ ၂၂။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြေပုံမြို့နယ်မှာ အသက်မပြည့်သေးသူတွေအပါအဝင် ဒေသခံပြည်သူတွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေတယ်လို့ မိဘတွေ၊မိသားစုဝင်တွေနဲ့ဒေသခံတွေက အတည်ပြုပြောကြပါတယ်။

အဲဒီမြေပုံမြို့နယ်၊ ကမ်းသာယာကျေးရွာအုပ်စု၊ ငပသုန်ကျေးရွာရှိ အသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေအပါအဝင် ကျေးရွာရှိလူငယ်လူရွယ်တရာကျော်ထဲကအများစုကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူသွားတာလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

အဲဒီအထဲမှာ အသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေအပါအဝင် မိန်းကလေးငယ်တွေ၊အမျိုးသမီးတွေလည်းပါဝင်သွားကြတယ်လို့ မိဘတွေကဆိုကြပါတယ်။

“ကျမလိုချင်တာကတော့ ကိုယ့်သားသမီးအသက်မပြည့်သေးတာကြောင့် ပြန်ပြီးခေါ်ချင်ပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်နေမယ်ဆိုရင်တော့ မကန့်ကွက်ပါဘူး။ အဲဒါကိုပဲ ကျမကတောင်းဆိုချင်ပါတယ်။ သူတို့က လိုက်ရမယ်ဆိုပြီးတော့ ခေါ်ယူသွားပြီး ကျမက မစားနိုင်၊မသောက်နိုင်ကျန်ခဲ့ရပါတယ်။”လို့ အသက်မပြည့်သေးဘဲစစ်မှုထမ်းခေါ်ခံရသူတဦးရဲ့မိခင်ဖြစ်သူက Border News Agency ကို ပြောပါတယ်။

အဲဒီမြေပုံမြို့နယ်၊ကမ်းသာယာကျေးရွာအုပ်စု၊ငပသုန်ကျေးရွာမှ အသက်တဆယ့်ခုနှစ်နှစ်အရွယ်မနန်းစုဝေအပါအဝင် အမျိုးသမီးတွေလည်း အများအပြားအတင်းအဓမ္မစစ်မှုထမ်းခေါ်ခံရတယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

အဲဒီအထဲမှာ မိသားစုတခုလုံးကို ရှာဖွေလုပ်ကိုင်ကျွေးမွေးနေကြသူတွေလည်းပါဝင်သွားကြသလို အလှည့်ကျမဲစနစ်နဲ့ မဟုတ်တော့ဘဲ ကျေးရွာရှိလူငယ်လူရွယ်အကုန်လုံးနီးပါးကို တပြိုင်တည်းခေါ်ယူနေသလိုဖြစ်နေတယ်လို့ ကျေးရွာသားတွေကဆိုကြပါတယ်။

“ကျမရဲ့ကျန်းမာရေးမကောင်းတဲ့ သမီးတယောက်ပါသွားပါတယ်။ နေမကောင်းဘူးဆိုပြီး ဆေးခန်းသွားပြမယ်လို့လုပ်နေတဲ့အထဲက ပါသွားပါတယ်။ ဆေးလက်မှတ်တွေလည်းရှိပါတယ်။ မျက်လုံးကနေမကောင်းလို့ မြောက်ဦးမှာဆေးခန်းပြပြီး ရောက်တာပဲရှိပါသေးတယ်။ ပြန်ပြီးနေမကောင်းဘူးပြောလို့ ဆေးခန်းသွားပြမယ်လုပ်နေတဲ့ထဲကပါသွားပါတယ်။ ချန်ထားခဲ့လို့ပြောတာကိုမရဘူးဆိုပြီး ခေါ်သွားပါတယ်။”လို့ ငပသုန်ကျေးရွာမှစစ်မှုထမ်းခေါ်ယူခံရသူ အမျိုးသမီးတဦးရဲ့မိခင်က Border News Agency ကို ပြောပါတယ်။

အဲဒီငပသုန်ကျေးရွာမှ လူငယ်လူရွယ်တရာ့ငါးဆယ်ထဲက ခုနှစ်ဆယ်ရှစ်ဦးကို အတင်းအဓမ္မခေါ်ယူသွားပြီး ကမ်းသာယာကျေးရွာအုပ်စုမှာ လူစုကာ စစ်သင်တန်းကို ပို့ဆောင်တော့မယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

အဲဒီအပြင် မြောက်ဦးမြို့နယ်ရှိလူနည်းစုသက္ကမလူငယ်တွေ၊ဘူးသီးတောင်မြို့နယ်ရှိလူနည်းစုခမီလူငယ်တွေကိုလည်း အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူသွားကြတယ်လို့ မိသားစုဝင်တွေက အတည်ပြုပြောထားပါတယ်။

အဲဒီလိုအတင်းအဓမ္မစစ်မှုထမ်းတွေအများအပြားခေါ်ယူနေတာဟာ အာရက္ခတပ်တော်မှာစစ်သည်အင်အားအများအပြားအရေးပေါ်လိုအပ်နေတာကြောင့်ဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာသူတွေရှိနေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ အတင်းအဓမ္မစစ်မှုထမ်းတွေခေါ်ယူနေကြတာမို့ ကာယကံရှင်တွေ၊မိဘတွေ၊မိသားစုဝင်တွေ၊ပြည်သူတွေ ဝေဖန်ပြောဆိုမှုတွေပိုများလာနေတယ်လို့ ဆိုကြပါတယ်။

“ကိုယ့်လူမျိုးအချင်းချင်းစစ်မှုထမ်းခေါ်တာကိုလိုက်ရမယ်ဆိုတာကိုနားလည်ပါတယ်။ ဒါပေမယ့်အတိုင်းအတာတခုနဲ့သွားတာပိုမှန်တယ်လို့မြင်ပါတယ်။ ငပသုန်ရွာမှာဆိုရင် လူပျိုအပျိုတရာကျော်ရှိတာကို တရာကျော်လုံးကိုခေါ်သွားတော့ ရွာလည်းပျက်သွားနိုင်တဲ့အခြေအနေရှိပါတယ်။ ငပသုန်ရွာမှာဆိုရင် လူပျိုအပျိုတရာကျော်ရှိတဲ့ထဲ သုံးလေးဆယ်လောက်မဲနှိုက်ပြီးခေါ်သွားရင်တောင်ကျမတို့အနေနဲ့မပြောလိုဘူး။”လို့ ငပသုန်ကျေးရွာနေအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်နေပါတယ်။

အဲဒီပြဋ္ဌာန်းချက်အရအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ အမျိုးသားတွေကို အသက်တဆယ့်ရှစ်နှစ်မှလေးဆယ်ငါးနှစ်ထိသတ်မှတ်ထားသလိုအမျိုးသမီးတွေကို အသက်တဆယ့်ရှစ်နှစ်မှနှစ်ဆယ်ငါးနှစ်ထိ စစ်မှုထမ်းခေါ်ယူနေတာပါ။

အဲဒါကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ နိုင်ငံရေးမှူးတွေ၊နယ်မြေမှူးတွေ၊တိုက်နယ်မှူးတွေ၊ရပ်ရွာအုပ်ချုပ်
ရေးမှူးတွေဦးဆောင်ပြီး စစ်မှုထမ်းရမယ့်သူတွေကို မဲနှိုက်ခေါ်ယူနေပါတယ်။

ဒါပေမယ့် ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကို ကြိုတင်အသိပေးမဲနှိုက်ခေါ်ယူနေကြတာမဟုတ်တော့ဘဲ ရပ်ရွာရှိလူငယ်၊ လူရွယ်အားလုံးကို အတင်းအဓမ္မခေါ်ယူနေကြပေမယ့် မိဘတွေ၊မိသားစုဝင်တွေ၊ရပ်ရွာသားတွေဟာ အာရက္ခတပ်တော်ကို ကြောက်လန့်နေကြရတာမို့ ပြန်မပြောရဲကြဘူးလို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

“ရွာသူရွာသားသဘောထားကတော့ သူတို့မပြောရဲကြပါဘူး။ ကြောက်ကြရပါတယ်။ တခုခုပြန်တုံ့ပြန်လိုက်ရင် ကိုယ့်သမီးကိုပြန်ပြီး တခုခုပြန်လုပ်မှာကို စိုးရိမ်ကြပါတယ်။ ခဏတာမဟုတ်၊ရာသက်ပန်စစ်မှုထမ်းခိုင်းမှာကိုလည်း ကြောက်ကြပါတယ်။ မိဘတွေက သားသမီးကိုမပိုင်တဲ့အခြေအနေဖြစ်နေကြပါတယ်။”လို့ ငပသုန်ကျေးရွာနေအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီအမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ကပြဋ္ဌာန်းခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် မေလ ၂၂ ရက်နေ့ကအာရက္ခတပ်တော် ထုတ်ပြန်ထားပါတယ်။

အဲဒီလိုအသက်အရွယ်အတိအကျပြဋ္ဌာန်းထားပေမယ့် တကယ့်မြေပြင်မှာတော့ ကျောင်းသူ၊ကျောင်းသားတွေ၊အသက် ၁၈ နှစ်မပြည့်သေးတဲ့ဌာနေတိုင်းရင်းသားလူနည်းစုတွေကိုလည်း စစ်မှုထမ်းခေါ်နေတာဟာ လူမျိုးပျောက်ကွယ်သွားအောင်လုပ်နေသလိုဖြစ်နေပြီး ဌာနေတိုင်းရင်းသားလူနည်းစုတွေဟာ အာရက္ခတပ်တော်ကို ယုံကြည်လက်ခံမှုကျဆင်းလာစေတယ်လို့ မိသားစုဝင်တွေကဆိုကြပါတယ်။

​အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေအတွင်းသက္ကမ၊မြို၊ဒိုင်းနက်၊ခမီနဲ့ ချင်းစတဲ့ ဌာနေတိုင်းရင်းသားလူနည်းစုကျောင်းသူ၊ကျောင်းသားတွေနဲ့ အသက်ဆယ့်ရှစ်နှစ်မပြည့်သေးသူတွေပါဝင်နေတာကြောင့် ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပေမယ့် အများစုပြန်လွတ်မလာတာမို့ ပြည်သူတွေ ဝေဖန်ပြောဆိုမှုတွေမြှင့်တက်နေပါတယ်။

အဲဒါကြောင့် ဌာနေတိုင်းရင်းသားလူနည်းစုတွေကို ဥပဒေအရထိထိရောက်ရောက်အကာအကွယ်ပေးရမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စောင့်ကြည့်အကာအကွယ်ပေးသင့်သလို သက်ဆိုင်သူတွေ၊သက်ဆိုင်ရာအဖွဲ့တွေကိုဖိအားပေးပိတ်ဆို့တာတွေပြုလုပ်သင့်တယ်လို့ ဌာနေတိုင်းရင်းသားလူနည်းစုအရေးလှုပ်ရှားနေကြသူတွေက ဆိုကြပါတယ်။

အဲဒီအပြင် မြေပြင်မှာတကယ်လုပ်နေကြတဲ့အရပ်ဖက်အဖွဲ့အစည်းတချို့ကလူငယ်ဝန်ထမ်းတွေလည်း စစ်မှုထမ်းခေါ်ယူခံနေကြရတာတွေရှိနေပြီး စစ်မှုထမ်းဖို့မဲစနစ်နဲ့ခေါ်ယူနေတာတွေမှာလည်း ဘက်လိုက်တာတွေ၊မမျှတတာတွေရှိနေသလို သတ်မှတ်ပြဋ္ဌာန်းချက်အတိုင်းမဟုတ်ဘဲ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်စစ်မှုထမ်းခိုင်းနေသလိုဖြစ်နေတယ်လို့ အာရက္ခပြည်သူတွေဝေဖန်ထောက်ပြနေကြပါတယ်။

အဲဒီအပြင် မဲစနစ်နဲ့ခေါ်ယူကြရာမှာ တအိမ်တည်းကအသက်ပြည့်သူအားလုံးစစ်မှုထမ်းနေကြရသူတွေရှိနေကြသလို မိသားစုအိမ်ထောင်ဦးစီးသွားရောက်စစ်မှုထမ်းနေရတာမို့ မိသားစုစားဝတ်နေရေး၊ လုံခြုံရေးအဆင်မပြေသူတွေလည်းရှိနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့်အာရက္ခစစ်မှုထမ်းခေါ်ယူမှုကို အာရက္ခပြည်သူတွေဆန့်ကျင်ကန့်ကွက်လာကြသလို ထွက်ပြေးတိမ်းရှောင်သူတွေလည်းများလာတာမို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အတင်းအဓမ္မဖမ်းဆီးခေါ်ယူစစ်မှုထမ်းခိုင်းတာတွေပြုလုပ်နေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေပြင်ပသို့ ထွက်ခွာသွားလာတာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တားဆီးကန့်သတ်ထားသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တာဝန်ရှိသူတွေထောက်ခံချက်တွေနဲ့ သွားလာနေကြသူတွေကိုလည်း ဖမ်းဆီးစစ်မှုထမ်းခိုင်းနေတာမို့ အာရက္ခပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။

အဲဒီလိုအသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေကို အတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်နေတာတွေဟာ စစ်မြေပြင်မှာအကျအဆုံးများနေသလို လေကြောင်းတိုက်ခိုက်ခံရမှုတွေဟာ သေဆုံးဒဏ်ရာသူတွေများနေတာမို့ စစ်သည်အင်အားလိုအပ်ချက်ကို ​အရေးပေါ်ဖြည့်ဆည်းဖို့ချိုးဖောက်မှုတွေလုပ်နေတာလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ စစ်ရေးစောင့်ကြည့်လေ့လာနေကြသူတွေကဝေဖန်ထောက်ပြကြပါတယ်။

အဲဒါကြောင့် အာရက္ခတပ်တော်ဟာ အသက်တဆယ့်ငါးနှစ်အောက်ကလေးစစ်သားတွေအသုံးပြုနေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေထုတ်ပြန်သတိပေးထားပါတယ်။

အဲဒီအသက်တဆယ့်ရှစ်နှစ်အောက်ကလေးသူငယ်တွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူ ကလေးစစ်သားအသုံးပြုနေတဲ့သက်သေအထောက်အထားတချို့ကို Border News Agency က လက်ခံရရှိထားပါတယ်။

အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး ကျောက်ဖြူနဲ့စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

PrevPreviousမြောက်ဦးမြို့နယ်က စစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေ
Next“ငပသုန်ကလူတွေနဲ့ခြိမ်းခြောက်ပြီးကျွန်းသာယာက ခေါ်နေလားမသိပါဘူး။”Next
Previous Post

မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေ

Next Post

“ငပသုန်ကလူတွေနဲ့ခြိမ်းခြောက်ပြီးကျွန်းသာယာက ခေါ်နေလားမသိပါဘူး။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေ

September 22, 2026

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

September 21, 2026

မြန်မာနိုင်ငံမှာ 5G စနစ်မကြာမီသုံးနိုင်မယ်လို့ အာဏာသိမ်းစစ်တပ်ပြော

September 21, 2026

ဝီရဌာနီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

September 21, 2026

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

မြန်မာနိုင်ငံမှာ 5G စနစ်မကြာမီသုံးနိုင်မယ်လို့ အာဏာသိမ်းစစ်တပ်ပြော

ဝီရဌာနီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

သာစည်နဲ့လားရှိုးမှာငွေကျပ် သိန်းတထောင်ရှစ်ရာကျော်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

ဂွမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရ(ဓာတ်ပုံသတင်း)

ငြိမ်းချမ်းရေးအတွက်အားလုံးပူးပေါင်းကြဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုက်တွန်း 

Releated Post

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

September 21, 2026

မြန်မာနိုင်ငံမှာ 5G စနစ်မကြာမီသုံးနိုင်မယ်လို့ အာဏာသိမ်းစစ်တပ်ပြော

September 21, 2026

ဝီရဌာနီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

September 21, 2026
ဓာတ်ပုံ-မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့

သာစည်နဲ့လားရှိုးမှာငွေကျပ် သိန်းတထောင်ရှစ်ရာကျော်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

September 21, 2026
ဓာတ်ပုံ-APM

ဂွမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 21, 2026
ဓာတ်ပုံ-BNA

ငြိမ်းချမ်းရေးအတွက်အားလုံးပူးပေါင်းကြဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုက်တွန်း 

September 21, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page