Border News Agency
တမူး၊ ဇူလိုင် ၂၈။
စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် ၂ တပ်ရင်းဆီလက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ရှမ်းနီအမျိုးသားများတပ်မတော်တပ်ဖွဲ့ဝင်တဦးကို ဆုငွေကျပ်သိန်းခြောက်ဆယ်ချီးမြှင့်ခဲ့တယ်လို့ အမှတ် -၂ တပ်ရင်းက ဇူလိုင်လ ၂၇ ရက်နေ့ ထုတ်ပြန်ပါတယ်။
တမူးခရိုင်၊မြို့သစ်မြို့နယ်၊ ကျွန်းပင်သာကျေးရွာမှာ ဇူလိုင်လ ၁၇ ရက်နေ့က တာဝန်ထမ်းဆောင်နေတဲ့ SNA တပ်မဟာ ၈၉၁၊ တပ်ရင်း ၃ မှတပ်သား မိုးထက်အောင် (ခ) မိုးထက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တမူးခရိုင် အမှတ် ၂ တပ်ရင်းဆီ အလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။
အလင်းဝင်လာတဲ့တပ်သား မိုးထက်အောင် (ခ) မိုးထက်နဲ့အတူ AK-47 သေနတ်တလက် ၊ ကျည်ဘောက်လေးခု ၊ 7.62 ကျည်ဆန် ၂၀၁ တောင့် ၊ G-3 ကျည်ဆန် ၁၂တောင့် ၊ ၁၄ မိုင်းတလုံး ၊ လက်ပစ်ဗုံးတလုံး နဲ့ လက်ကိုင်ဖုန်းတလုံးတို့ကို ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်နဲ့အတူအလင်းဝင်လာတဲ့ တပ်သားမိုးထက်အောင် (ခ) မိုးထက်ကို တမူးခရိုင် အမှတ်၂တပ်ရင်းက ဆုကြေးငွေကျပ်သိန်းခြောက်ဆယ်ကို ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး အလင်းဝင်ရောက်လာသူတပ်သားမိုးထက်အောင် (ခ) မိုးထက်ကို ဘေးကင်းလုံခြုံစွာဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်လို့ တမူးခရိုင် အမှတ် ၂ တပ်ရင်းကအသိပေးထားပါတယ်။












