Border News Agency
ပြင်သစ်၊ ဇူလိုင် ၂၈။
ပြင်သစ်နဲ့ စပိန်နိုင်ငံမှာ သမိုင်းတလျှောက် အဆိုးရွားဆုံးတောမီးလောင်ကျွမ်းမှုတွေနဲ့ကြုံတွေ့နေရပြီး အပူလှိုင်းထပ်မံကျရောက်မယ့် သတိပေးချက်တွေကြောင့် လူပေါင်းသုံးသိန်းနှစ်သောင်းငါးထောင်ကျော် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြင်သစ်နိုင်ငံ၊ ဘော့ဒိုးစိုက်ပျိုးရေးဒေသနဲ့ စပိန်နိုင်ငံမက်ဒရစ်မြို့အနီးအပါအဝင် ဒေသအများအပြားမှတောမီးတွေ အရှိန်ဟုန်ကောင်းစွာ လောင်ကျွမ်းနေတာဖြစ်ပါတယ်။
အဲဒီအပြင်မီးလျှံတိမ်တိုက်တွေဖြစ်ပေါ်နေပြီး စပိန်နိုင်ငံ၊ အာဗီလာဒေသတွင်လည်း ဟက်တာခုနှစ်သောင်းခုနှစ်ထောင်ခန့် တောမီးကူးစက်ထားကြောင်း စပိန်တာဝန်ရှိသူတွေကပြောကြားထားပါတယ်။
ရာသီဥတုပူပြင်းမှုနဲ့ မိုးခေါင်မှုကြောင့် မီးလောင်ကျွမ်းမှုပိုမိုဆိုးရွားလာရတာဖြစ်ပြီး စပိန်ဘုရင်ဖိလစ်ပီကလည်း တောမီးကြောင့် သဘာဝပတ်ဝန်းကျင် ဆုံးရှုံးနစ်နာမှုတိုင်းတာလို့မရနိုင်ဘူးလို့ပြောဆိုခဲ့ပါတယ်။
လက်ရှိတွင် သက်ဆိုင်ရာအာဏာပိုင်တွေကဘေးလွတ်ရာ စခန်းတွေဖွင့်လှစ်ပြီး ဒုက္ခသည်တွေကိုကူညီပေးနေပြီး မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့လုပ်ဆောင်နေပါတယ်။

















