Border News Agency
ပုဏ္ဏားကျွန်း၊ ဇူလိုင် ၂၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ခမီလူမျိုးတွေရဲ့ရိုးရာဓလေ့ယာဟင်းကိုင်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အဲဒီပွဲသို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တာဝန်ရှိသူတွေ၊ ခမီလူမျိုးစုရေးရာအကြီးအကဲတွေနဲ့ ဒေသခံတွေတက်ရောက်ခဲ့ကြတာပါ။
ခမီရိုးရာယာဟင်းကိုင်ပွဲဟာ စိုက်ပျိုးထားတဲ့သီးနှံတွေဖြစ်ထွန်းအောင်မြင်ဖို့ နတ်ဒေဝါတွေကိုကြက်သွေး၊ ဝက်သွေးနဲ့ပူဇော်ပသတဲ့ဓလေ့ဖြစ်ပြီး ပူဇော်ပွဲမလုပ်မီ သီးနှံတွေခူးယူစားသောက်ရင် အန္တရာယ်ကြုံရနိုင်တယ်လို့ အယူရှိကြပါတယ်။
အဲဒီပူဇော်ပြီးရင် တက်ရောက်လာသူတွေကိုအသားငါး၊ ရိုးရာခေါင်ရည်တွေနဲ့ဧည့်ခံကျွေးမွေးပြီး ဆွေမျိုးတွေအကြား ကြက်၊ ဝက်စတဲ့လက်ဆောင်တွေပေးပို့ကြတာပါ။
အဲဒီပွဲကို ခမီလူမျိုးတွေရဲ့ သွေးစည်းညီညွတ်ရေး၊ အမျိုးသားစိတ်ဓာတ်ခိုင်မာရေးနဲ့ ရိုးရာဓလေ့ မပျောက်ပျက်စေရေးအတွက် နှစ်စဉ်မပျက်မကွက် ကျင်းပတာဖြစ်ပါတယ်။







































