Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် ဆောင်းပါး မြောက်ဦးခရိုင် အာရက္ခဒေသ

ကပ်ဘေးစုံအကျပ်အတည်းကြား မြေယာပဋိပက္ခများ

Author picture

By

Swe Zin Htike
Reading Time: 5 mins read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ ဇူလိုင် ၂၈။

ရခိုင်ဒေသဟာ သဘာဝကပ်ဘေးနဲ့ လူလုပ်ကပ်ဘေးနှစ်ခုကြားမှာ လူသားချင်းစာနာမှုအကျပ်အတည်းဆိုက်နေပါတယ်။

ကမ္ဘာမှာလည်း ကပ်ဘေးကာလနဲ့ ကပ်ဘေးအလွန်ကာလတွေမှာ မြေယာပြဿနာတွေဟာ နက်နက်ရှိုင်းရှိုင်းကြီးကိုကျန်ခဲ့ပါတယ်။

မြေယာပြဿနာတွေဟာ စီးပွားရေးကျဆင်းမှု၊ လူမှုပဋိပက္ခ၊ အငြင်းပွားမှု၊ နာကျည်းမှုတွေနဲ့ဒွန်တွဲနေပါတယ်။

ရခိုင်မြေယာပြဿနာအတွက် သင်ခန်းစာတချို့

မိုဇမ်ဘစ်ဆိုင်ကလုံးအီဒိုင်း (Cyclone Idai – ၂၀၁၉)

၂၀၁၉ ခုနှစ်မှာ ဆိုင်ကလုံးအီဒိုင်းဟာ မိုဇမ်ဘစ်နိုင်ငံကို မုန်တိုင်းနဲ့ ရေဘေးဖြစ်ပေါ်စေခဲ့ပါတယ်။

ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ (FAO) နဲ့ USAID ရဲ့မြေယာအစီရင်ခံစာတွေအရ မိုဇမ်ဘစ်ရဲ့ကျေးလက်ဒေသတွေမှ ာတရားဝင်မြေပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းအထောက်အထားတွေထက် ဘိုးဘွားစဉ်ဆက်ကသတ်မှတ်လာတဲ့ သဘာဝအမှတ်အသားတွေ ဥပမာ – သစ်ပင်၊ မြေကျင်း၊တောင်စောင်း၊ ချောင်းစပ်တွေကိုသာ နယ်နိမိတ်အဖြစ် သတ်မှတ်ထားကြတာများပါတယ်။

ဆိုင်ကလုံးအီဒိုင်းဝင်တိုက်သွားတဲ့အခါ မိုးကြီးရေကြီးပြီး မြေပြိုပါတော့တယ်။

အဲဒီတော့သဘာဝအမှတ်အသားတွေ ပျောက်ကွယ်သွားပြီး ပြန်လည်စိုက်ပျိုးဖို့ပြင်ကြတဲ့အခါ “ဘယ်သူ့မြေ ဘယ်အထိလဲ။” ဆိုတာကို စာရွက်စာတမ်းသက်သေမပြနိုင်ကြတော့ပါဘူး။

အဲဒီလိုအိမ်နီးချင်းတွေ၊ ကျေးရွာတွေအချင်းချင်းဟာ နယ်နိမိတ်လုပဋိပက္ခတွေ အများကြီးဖြစ်လာပါတော့တယ်။

အင်ဒိုနီးရှားအိန္ဒိယသမုဒ္ဒရာဆူနာမီ ၂၀၀၄

အင်ဒိုနီးရှားရဲ့ အာချေးပြည်နယ်မှာ ၂၀၀၄ ခုနှစ်၊ ဆူနာမီဘေးကြောင့် ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ လုံးဝပျက်စီးသွားခဲ့ပါတယ်။

အဲဒီအာချေးမှာ မြေယာမှတ်ပုံတင်ဌာန အဆောက်အအုံတွေ ပြိုပျက်ခဲ့ပြီး မြေယာပိုင်ဆိုင်ခွင့် မှတ်တမ်းပေါင်းရှစ်ဆယ်ရာခိုင်နှုန်းနီးပါးပျောက်ဆုံးပျက်စီးခဲ့ရပါတယ်။

မြေပိုင်ရှင်အများအပြားသေဆုံးသွားခဲ့သလို သက်ရှိထင်ရှားကျန်ခဲ့သူတွေမှာလည်း မြေပိုင်ဆိုင်ကြောင်း အထောက်အထားစာရွက်စာတမ်းမရှိကြတော့ပါဘူး။

ပင်လယ်လှိုင်းကြောင့် ရွာတခုလုံးမြေပြင်ညီသွားပြီး ကမ်းရိုးတန်းနယ်နိမိတ်တွေ ပြောင်းလဲသွားတဲ့အတွက် “ဘယ်သူ့မြေက ဘယ်နေရာလဲ။” ဆိုတာကို ခွဲခြားဖို့စိန်ခေါ်မှုကြီးဖြစ်ခဲ့သလို နယ်နိမိတ်အမှတ်အသားတွေလည်း ပျောက်ကွယ်သွားပါတယ်။

မိသားစုတခုလုံးမှာ ကလေးသူငယ် သို့မဟုတ် အဝေးရောက်ဆွေမျိုးတချို့ပဲ ကျန်ခဲ့တဲ့အခါ မူလမြေနေရာတွေကို တခြားသူတွေက အပိုင်စီးတာ၊ သို့မဟုတ် ဆွေမျိုးအသိုင်းအဝိုင်းကြား အမွေဆက်ခံခွင့်အငြင်းပွားတာ အများကြီးဖြစ်ခဲ့ပါတယ်။

သီရိလင်္ကာအိန္ဒိယသမုဒ္ဒရာဆူနာမီ- ၂၀၀၄

အင်ဒိုနီးရှားရဲ့ အာချေလိုပါပဲ ကမ်းရိုးတန်းဒေသန္တရအုပ်ချုပ်ရေးရုံးတွေ၊ မြေယာမှတ်ပုံတင်ရုံးတွေနဲ့ ဒေသခံတွေရဲ့ အိုးအိမ်တွေဟာ လှိုင်းနဲ့မျှောပါသွားခဲ့ပါတယ်။

အဲဒီအပြင်မြေယာစာရင်းလာရောက်ကောက်ယူပေးတဲ့ နိုင်ငံတကာနဲ့ဒေသတွင်းပရဟိတအဖွဲ့အစည်းတချို့ (NGOs)က စနစ်တကျမဟုတ်ဘဲ အမြန်စာရင်းကောက်ခဲ့ကြတာကြောင့် ပိုင်ရှင်မှန်မဟုတ်သူတွေရဲ့ နာမည်တွေပါသွားတာမျိုးတွေဖြစ်ပြီး ရှုပ်ထွေးမှုပိုကြီးမားခဲ့ပါတယ်။

လှိုင်းကြောင့် ကမ်းရိုးတန်းမြေမျက်နှာပြင်ပြောင်းလဲသွားပြီး နယ်နိမိတ်မှတ်တိုင်တွေ ကွယ်ပျောက်သွားခဲ့တာကြောင့် “ငါ့မြေကဘယ်ကနေဘယ်အထိ” ဆိုတာ စိုင်းပြင်းဖို့ ခက်ခဲခဲ့သလို အသက်ရှင်ကျန်ရစ်သူတွေ၊ မိဘမဲ့ကျန်ခဲ့တဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့မြေနေရာတွေကို အင်အားရှိသူတွေ သို့မဟုတ် ဆွေမျိုးအသိုင်းအဝိုင်းက အပိုင်စီးမှုတွေဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက သီဟိုဠ်မှာ တမီလ်ကျားသူပုန်(LTTE)တွေနဲ့ စစ်ဖြစ်နေပြီး တမီးလ်တွေနေတဲ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ပြည်တွင်းစစ်ဖြစ်နေပါတယ်။

အဲဒီဆူနာမီမဖြစ်ခင်ကတည်းက စစ်ဖြစ်နေတာမို့ ဒေသခံလူထုမှာ စာရွက်စာတမ်းပျောက်ဆုံးနေသူ အများအပြားရှိနေပါပြီ။

ဆူနာမီထပ်ဖြစ်လိုက်တာမို့ မြေအနေအထားလည်း ပြောင်းလဲကုန်ပြီး ရှေ့မီနောက်မီတွေလည်း သေကုန်ကြပါတယ်။

မူလမြေပိုင်ရှင်တွေဟာ မိမိမြေဖြစ်ကြောင်း သက်သေပြဖို့လုံးဝမဖြစ်နိုင်တော့ဘဲ မြေယာစွန့်လွှတ်လိုက်ရတာမျိုးတွေ အများကြီးဖြစ်ခဲ့ပါတယ်။

အဲဒီကြားထဲ အစိုးရကပင်လယ်ကမ်း ခြေမီတာတရာနဲ့ မီတာနှစ်ရာကို “No-Build Buffer Zone” သတ်မှတ်လိုက်ပါတယ်။

အဲဒီဧရိယာအတွင်းက တံငါသည်တွေကို အိုးအိမ်ပြန်ဆောက်ခွင့်မပြုတော့ဘဲ အန္တရာယ်ကင်းအောင်ဆိုပြီး ကမ်းခြေမှ အလှမ်းဝေးရာသို့ပြောင်းရွှေ့ခဲ့ပါတယ် ။

အဲဒီမြေနေရာတွေကို ခရီးသွားလုပ်ငန်း အတွက် ဟိုတယ်တွေ အပန်းဖြေရိပ် သာတွေဆောက်ဖို့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ လက်ထဲထည့်ပေးလိုက်ပါတယ်။

အဲဒီတော့ဒေသခံတံငါသည်ပြည်သူတွေနဲ့ မြေယာအငြင်းပွားမှုအကြီးအကျယ် ဖြစ်ခဲ့ပါတယ်။

အဲဒီစာရွက်စာတမ်းပျောက်ဆုံးနေတဲ့ ဒေသခံတံငါသည်တွေမှာ အစိုးရကို ဥပဒေကြောင်းအရ လျှောက်ထားကန့်ကွက်ဖို့ အထောက်အထားလုံးဝမရှိကြတော့ပါဘူး။

အဲဒီအခွင့်အရေးကို အစိုးရက အမိအရယူခဲ့ပြီး အဲဒီမြေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေကို လွှဲပြောင်းအမြတ်ထုတ် အကွက်ရိုက်လိုက်ပါတယ်။

ဒေသခံတွေမှာတော့ ဘူးလေးရာ ဖရုံဆင့်ဖြစ်ရပါတော့တယ်။

ဟေတီငလျင်ဘေး – ၂၀၁၀

Oxfam၊ Amnesty International နဲ့ UN-HABITAT အဖွဲ့အစည်းတွေရဲ့အစီရင်ခံစာတွေအဆိုအရ ဟေတီငလျင်အပြီးမှာ အစိုးရဌာနဆိုင်ရာ မှတ်တမ်းအများအပြားပျက်စီးခဲ့ရပါတယ်။

ဟေတီမှာ ကျေးလက်လူထုဟာ မြေယာပိုင်ဆိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်စနစ် (Cadastre) အလွန်အားနည်းပါတယ်။

အဲဒီတော့ “ငလျင်မတိုင်မီကတည်းက တရားဝင်ပိုင်ဆိုင်ခွင့်အထောက်အထားမရှိဘဲ နေထိုင်ခဲ့သူတွေနဲ့” ယာယီစခန်းတွေဆောက်လုပ်ဖို့ မြေသိမ်းခံလိုက်ရတဲ့မူလမြေပိုင်ရှင်တွေ”ကြားအငြင်းပွားမှုတွေ တောက်လျှောက်ဖြစ်လာခဲ့ပြီး နှစ်ပေါင်းများစွာကြာတဲ့ထိ မပြီးနိုင်တော့ပါဘူး။

အဲဒီမြေတွေမှာ အိမ်ရာပြန်တည်ဆောက်ရေးတွေ နှောင့်နေးကြန့်ကြာခဲ့ရပါတယ်။

ဘယ်လိုဖြေရှင်းကြသလဲ

မိုဇမ်ဘစ်ရိုးရာဓလေ့အကြီးအကဲတွေနဲ့ လူထုအခြေပြုဖြေရှင်းမှု

မိုဇမ်ဘစ်ဟာ ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေက နည်းပညာ၊ ငွေကြေးအကူအညီတွေကို ယူခဲ့ရပါတယ်။

မိုဇမ်ဘစ်မှာ စာရွက်စာတမ်းမရှိတဲ့ ကျေးလက်ဒေသတွေများတာကြောင့် ရိုးရာဓလေ့စနစ်(Customary System)ကို အဓိကထားအသုံးပြုခဲ့ပါတယ်။

အစိုးရနဲ့ NGOတွေဟာ တရားရုံးတွေ၊ မြေပြင်တိုင်းတာရေးအရာရှိတွေကိုတင်မကဘဲ ကျေးရွာက”ရိုးရာအကြီးအကဲတွေ”(Traditional Leaders/Elders) အပါအဝင် ကျေးရွာလူထုနဲ့ခေါင်းဆောင်တွေကို ပါဝင်ခွင့်ပေးခဲ့ပါတယ်။

အကွက်ရိုက်စာရွက်စာတမ်းမရှိပေမယ့် “ဒီမြေဟာ ဘယ်သူ့ဟာ ဖြစ်ခဲ့တယ်။” ဆိုတာကို သက်ကြီးရွယ်အိုတွေ၊ အကြီးအကဲတွေရဲ့သက်သေခံချက်၊ အိမ်နီးချင်းတွေရဲ့သဘောတူညီချက်နဲ့ မြေပုံအသစ်ပြန်ဆွဲခဲ့ပါတယ်။

အဲဒီလိုလူထုအခြေပြုမြေယာခင်းကျင်းခြင်း (Participatory Land Use Planning) ကြောင့် ကျေးလက်ဒေသက ပဋိပက္ခတွေကို အတိုင်းအတာတခုထိ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ခဲ့ပါတယ်။

အင်ဒိုနီးရှားရဲ့ RALAN အစီအစဉ်

အင်ဒိုနီးရှားမှာတော့ စာရွက်စာတမ်း ပျောက်ဆုံးမှုကြောင့်ဖြစ်တဲ့ ပဋိပက္ခပိုများခဲ့ပါတယ်။

အဲဒါကိုဖြေရှင်းဖို့အတွက် RALAN (Reconstruction of Aceh Land Administration System) ဆိုတဲ့ စီမံကိန်းကို ကမ္ဘာ့ဘဏ်(World Bank)ရဲ့အကူအညီနဲ့ စတင်ခဲ့ရပါတယ်။

အစိုးရနဲ့ NGOတွေက ရွာသားတွေကိုစုစည်းပြီး သက်ရှိထင်ရှားကျန်ရစ်သူတွေ၊ အိမ်နီးနားချင်းတွေရဲ့ သက်သေထွက်ဆိုချက်တွေအပေါ် အခြေခံကာ မြေပုံပြန်ဆွဲပေးတဲ့စနစ် လူထုအခြေပြုမြေပုံညှိနှိုင်းရေး (Community Mapping) ကို ဖော်ဆောင်ခဲ့ပါတယ်။

အဲဒီနည်းလမ်းနဲ့မြေကွက်ပေါင်းနှစ်သိန်းကျော်ကို တရားဝင်မြေပိုင်ဆိုင်ခွင့်ပြန်ထုတ်ပေးနိုင်ခဲ့လို့ ပဋိပက္ခတွေကို အတော်အတန်လျှော့ချနိုင်ခဲ့ပါတယ်။

အဲဒါတွေက မိုဇမ်ဘစ်နဲ့ အာချေတို့ရဲ့ ဖြေရှင်းနည်းတွေဖြစ်ပြီး ကျန်နှစ်နိုင်ငံ ဟေတီနဲ့သီဟိုဠ်ကတော့ စိတ်ပျက်စရာတွေနဲ့ကြုံခဲ့ရပါတယ်။

ဟေတီ သို့မဟုတ် စိတ်ပျက်စရာနဲ့ ပြဿနာတွေရဲ့နမူနာ

ဟေတီးကိုလည်း နိုင်ငံတကာအကူအညီတွေ ဝင်လာခဲ့ပါတယ်။

ငလျင်အပြီးမှာ UN-HABITAT နဲ့ International Organization for Migration (IOM)က မြေယာမှတ်ပုံတင်စနစ်တွေကို ပြန်ပြုပြင်ဖို့ ကူညီခဲ့ကြပါတယ်။

ဘာစာရွက်စာတမ်းမရှိသူတွေကို ယာယီနေထိုင်ခွင့်လက်မှတ်တွေထုတ်ပေးခဲ့ပြီး ယာယီဖြေရှင်းကြပါတယ်။

ဒါပေမယ့် ဟေတီမှာ အစိုးရယန္တရားကပျက်စီးနေပြီး ငလျင်ဒဏ်မှာ အစိုးရဌာနအဖွဲ့အစည်းတွေ ကိုယ်တိုင်ပြိုလဲသွားခဲ့ပါတယ်။

ငလျင်မတိုင်ခင်ကလည်း အုပ်ချုပ်ရေးက အကျင့်ပျက်ခြစားလာဘ်ပေးလာဘ်ယူမှုတွေနဲ့ ယိုင်နှဲ့နေတာပါ။

အာဏာရှိသူတွေက လုပ်ပိုင်ခွင့်ဘန်းပြပြီး ပြည်သူ့မြေယာတွေကို အကျိုးစီးပွားအတွက် တရားမဲ့မှုတွေလုပ်ကြပါတယ်။

အဲဒီတော့ မြေပိုင်ဆိုင်မှုဥပဒေနဲ့မူဝါဒတွေ မခိုင်မာတော့တာမို့ လူထုကလည်း အယုံအကြည်မဲ့နေပါတယ်။

အဲဒီလိုအနေအထားမှာ ကပ်ဘေးဝင်လာတော့ ပြဿနာကို စနစ်တကျမဖြေရှင်းနိုင်တော့ပါဘူး။

အဲဒါကြောင့်လူအများအပြားဟာ ဘေးကင်းမှုမရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာကြာသည်ထိ သောင်တင်နေခဲ့ရပြီး မြေယာအငြင်းပွားမှုတွေဟာ ဒီနေ့ထိနာကျည်းစရာတွေ၊ ခံပြင်းစရာတွေနဲ့ရေရှည်စွဲကျန်ရစ်ခဲ့ပါတယ်။

သီဟိုဠ် သို့မဟုတ် ကပ်ဘေးရဲ့ချစ်တီးယုတ်တွေ

၂၀၀၄ ခုနှစ်ဆူနာမီဟာ သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်းတခုလုံးနီးပါးကို ရိုက်ခတ်ခဲ့တာဖြစ်လို့ ဒေသမျိုးစုံနဲ့လူမျိုးစုအသီးသီးခံစားခဲ့ရပါတယ်။

ဒါပေမယ့် တမီလ်တွေအပေါ်မှာ နိုင်ငံရေးအခဲမကြေမှုတွေက ပါလာပါတယ်။

ဆူနာမီဒဏ်ကို အဆိုးဆုံးခံခဲ့ရတာက တမီလ်လူမျိုးတွေ အဓိကနေထိုင်တဲ့ မြောက်ပိုင်းနဲ့အရှေ့ပိုင်း ကမ်းရိုးတန်းဒေသတွေပါ။

ဆူနာမီကြောင့် သေဆုံးသူစုစုပေါင်းရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကျော်ဟာ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေကဖြစ်ကြပါတယ်။

အစိုးရက Buffer Zone သတ်မှတ်တဲ့အခါ တမီလ်နဲ့မွတ်စလင်အများစုနေတဲ့ မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာ မီတာနှစ်ရာသတ်မှတ်ခဲ့ပြီး ဆင်ဟာလီအများစုနေတဲ့ တောင်ပိုင်းမှာတော့ မီတာတရာပဲသတ်မှတ်ခဲ့တာကြောင့် တမီလ်ဒေသခံတွေက ခွဲခြားဆက်ဆံခံရတယ်လို့ ပြင်း ပြင်းထန်ထန်စွပ်စွဲခဲ့ကြပါတယ်။

အစိုးရဟာ တောင်ပိုင်းဆင်ဟာလီဒေသတွေကို ပိုမိုဦးစားပေးကူညီခဲ့ပြီး တမီလ်ကျား(LTTE)ထိန်းချုပ်ထားတဲ့ မြောက်ပိုင်းဒေသတွေကို အကူအညီနဲ့ရန်ပုံငွေရောက်ရှိဖို့ နှောင့်နှေးအောင်လုပ်ဆောင်ခဲ့တယ်ဆိုပြီး နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေ ဝေဖန်ခဲ့ကြပါတယ်။

အဲဒီလိုနဲ့ထိခိုက်အလွယ်ဆုံးနေရာမှာရှိနေတဲ့ တမီလ်တွေအပေါ်မှာ အစိုးရရဲ့ ပြုကျင့်ပုံတွေကို ဆင်ဟာလေတွေကလည်း ကန့်ကွက်ဖို့ ပျက်ကွက်ကြပါတယ်။

အစိုးရက ကမ်းခြေတလျှောက် တမီလ်တွေကိုနှိပ်ကွပ်ပြီးတာနဲ့ ဆင်ဟာလေတွေဘက်ကို မျှားဦးလှည့်လာပါတော့တယ်။

ဆင်ဟာလီလူမျိုးတွေ အဓိကနေထိုင်ရာတောင်ပိုင်းနဲ့ အနောက်ပိုင်းကမ်းရိုးတန်းဒေသက တံငါသည်တွေရဲ့မြေနေရာတွေကိုလည်း သီဟိုဠ်အစိုးရက No-Build Zone ထဲထည့်သွင်းပြီး မောင်းထုတ်ပါတော့တယ်။

ပြီးရင်ကမ်းခြေနေရာတွေမှာ အစိုးရက Luxury Resorts တွေနဲ့ ခရီးသွားလုပ်ငန်းတွေကိုရောင်းချ၊ ငှားရမ်းပေးခဲ့တာကြောင့် ဆင်ဟာလီတံငါသည်တွေကလည်း မကြေနပ်မှုတွေရှိလာပါတယ်။

အကျိုးဆက်က လူထုဆန္ဒပြပွဲတွေ ဖြစ်လာပါတယ်။

အဲဒီလိုမျိုးလူထုအကျပ်အတည်းတွေ့နေချိန်မှာ အစိုးရအမြတ်ထုတ်တာကို ကနေဒါလူ့အခွင့်အရေးလှုပ်ရှားသူ စာရေးဆရာမနာအိုမီကလင်(Naomi Klein)က သူရဲ့ The Shock Doctrine စာအုပ်ထဲမှာ “ကပ်ဘေးအရင်းရှင်စနစ် (Disaster Capitalism)”တနည်း”ကပ်ဘေးချစ်တီးတွေ”လို့ ရေးသားခဲ့ပါတယ်။

အဲဒီအခြေအနေသိပ်မဟန်တဲ့အခါ သီဟိုဠ်အစိုးရက ကန့်သတ်ချက်တွေကို လျှော့ချပေးခဲ့ရပြီး ကမ်းခြေအကွာအဝေးကို မီတာလေးဆယ်ငါးမှငါးဆယ်ထိ ပြန်ပြင်ဆင်သတ်မှတ်ကာ ဒေသခံတွေကို ပြန်နေရာချထားပေးခဲ့ရပါတယ်။

ပြဿနာကို ဖြေရှင်းဖို့အတွက် သီရိလင်္ကာအစိုးရဟာ UN အဖွဲ့အစည်းတွေ၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဘဏ်လို နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေရယူပြီး COCA (Certificate of Ownership/Allocation)လို့ခေါ်တဲ့ ယာယီမြေပိုင်ဆိုင်မှု သက်သေခံလက်မှတ်တွေ ထုတ်ပေးခဲ့ရပါတယ်။

အဲဒီအပြင်တရားရုံးတွေမှာလည်း ပုံမှန်မြေယာအငြင်းပွားမှုနည်းလမ်းတွေနဲ့ မဖြေရှင်းနိုင်တော့တဲ့အတွက် “Special Land Disputes Mediation Boards” (အထူးမြေယာအငြင်းပွားမှု စေ့စပ်ညှိနှိုင်းရေးကော်မတီ)ကို ဖွဲ့စည်းပြီး ဒေသခံလူကြီးတွေ၊ သက်သေတွေရဲ့ထွက်ဆိုချက်တွေနဲ့ အထောက်အထားမရှိတော့တဲ့မြေပိုင်ဆိုင်မှုတွေကို အစားထိုးအတည်ပြုပေးခဲ့ရပါတယ်။

သီရိလင်္ကာမှာလည်း အာချေးမှာလိုပဲ စာရွက်စာတမ်းနဲ့နယ်နိမိတ်တွေပျောက်ဆုံးခဲ့ပြီး အမွေဆက်ခံခွင့်နဲ့ မြေသိမ်းမှုအငြင်းပွားမှုများစွာဖြစ်ခဲ့ပါတယ်။

အဲဒီစိန်ခေါ်မှုကို အစိုးရက ရင်းနှီးမြှုပ်နှံသူတွေအတွက် မြေသိမ်းဖို့အကွက်ကောင်းအဖြစ် အသုံးချသွားခဲ့တာက ပိုဆိုးသွားပါတယ်။

ကပ်ဘေးအပြီး မြေယာပြဿနာအဓိကအကြောင်းရင်းတွေ

ကပ်ဘေးအလွန်ကာလတွေမှာ မြေယာပြဿနာဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေထဲမှာ နယ်နိမိတ်အမှတ်အသားတွေ ပျောက်ကွယ်သွားတတ်တာလည်းပါပါတယ်။

ရေကြီးတာ၊ မြေပြိုတာနဲ့ ကမ်းပါးပြိုတာတွေကြောင့် ဘိုးဘွားစဉ်ဆက်သတ်မှတ်ထားတဲ့စိုက်ပျိုးမြေ၊ ခြံမြေအမှတ်အသားတွေ၊ ချောင်းစပ်၊သစ်ပင်၊ ကျောက်တိုင်စတဲ့အမှတ်အသားတွေ ပျောက်ပျက်သွားပြီး နယ်နိမိတ်လုကြပါတော့တယ်။

ပြီးရင် နောက်တခုကပိုင်ဆိုင်မှုစာရွက်စာတမ်းတွေပျက်စီး၊ ပျောက်ဆုံးသွားတာပါ။ ဘေးလွှတ်ရာပြေးရတဲ့အခါ သက်သေခံစာချုပ်စာတမ်းတွေမပါတော့ဘဲ ပျက်စီးသွားတာကြောင့် မူလပိုင်ရှင်က ပိုင်ဆိုင်ကြောင်းမသက်သေပြနိုင်တော့ပါဘူး။

ပြီးရင်”မြေလွတ်မြေလပ်”လိုသတ်မှတ်ခံရပြီး အဓမ္မသိမ်းယူတာပါ။ စစ်ဘေး၊ ရေဘေးကြောင့် ခေတ္တစွန့်ခွာသွားရသူတွေရဲ့မြေကို လူမရှိတော့ဘူး။ ဘယ်နှစ်နှစ်အသုံးမပြုဘဲ လစ်လှပ်နေတာလို့ အခွင့်ကောင်းယူပြီး အာဏာပိုင်တွေ၊ ငွေကြေးတတ်နိုင်သူတွေက မြို့ပြစီမံကိန်းတွေ၊ စီးပွားရေးအရ အကွက်ရိုက်ဖို့လုပ်လာတတ်ပါတယ်။

ပြီးရင် ပြန်လည်နေရာချထားရေးပဋိပက္ခ(Resettlement Clashes)ပါ။ ဘေးဒုက္ခကြောင့် အိုးအိမ်မဲ့သွားသူတွေကို မူလပိုင်ရှင်ရှိတဲ့ ဒါမှမဟုတ် တိုင်းရင်းသားအုပ်စုရဲ့၊ ရပ်ရွာရဲ့မြေနေရာမှာ သွားရောက်နေရာချပေးမိလို့ ဒေသခံတွေနဲ့အသစ်ရောက်လာသူတွေကြားမှာ ပြဿနာဖြစ်ကြတာမျိုးပါ။

အဲဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂ(UN)က ပင်းဟဲရိုးအခြေခံမူ (Pinheiro Principles)ဆိုတဲ့ လမ်းညွှန်ချက်ကို ထုတ်ပြန်ထားရတာဖြစ်ပါတယ်။

အဲဒီအခြေခံမူရဲ့အဓိကအချက်ကတော့ ဘေးအန္တရာယ် ဒါမှမဟုတ် စစ်ပွဲကြောင့် ထွက်ပြေးရသူတွေရဲ့ မူလပိုင်ဆိုင်တဲ့မြေယာနဲ့ အိုးအိမ်ကို ပြန်နေထိုင်ခွင့်၊ တရားမျှတတဲ့လျော်ကြေးဆိုတာပါပဲ။ ရပိုင်ခွင့်ရှိတယ်။

ရခိုင်ကပ်ဘေးနဲ့မြေယာ

ရခိုင်ကျေးလက်ဒေသတွေဟာ မိုဇမ်ဘစ်ကျေးလက်ဒေသတွေလိုပဲ တရားဝင်မြေပိုင်ဆိုင်ခွင့်စာချုပ်စာတမ်း အထောက်အထားတွေထက် ဘိုးဘွားစဉ်ဆက်က သတ်မှတ်ထားတဲ့သဘာဝအမှတ်အသားတွေ ဥပမာ – သစ်ပင်၊ မြေကျင်း၊ တောင်စောင်း၊ ချောင်းစပ်တွေကိုသာနယ်နိမိတ်အဖြစ် သတ်မှတ်ထားကြတာ များပါတယ်။

အုပ်ချုပ်ရေးကလည်း တည်ဆောက်ခါစဆိုတဲ့ အကြောင်းပြချက်နဲ့စစ်ပွဲကာလအတွင်းဆိုတာတွေအောက်မှာ သိပ်ပြီးရေရေရာရာမရှိသေးပါဘူး။

ကြားထဲတချက်ချက် လူထုကို အာဏာပြပါဝါပြမှုတွေရှိနေပြီး မြေသိမ်းမှုတွေလည်းရှိလာပါတယ်။

သီဟိုဠ်မှာလို့ လူထုအကျိုးအတွက်ပါလို့ တလွှဲအကြောင်းပြပြီး အချောင်နှိုက်တဲ့ “ကပ်ဘေးအရင်းရှင်စနစ် (Disaster Capitalism)” တနည်း “ကပ်ဘေးချစ်တီး” တွေကလည်း မြေကိုမျက်စိကျနေပါတယ်။

ရခိုင်မြေယာဖြစ်စဉ်ဟာ ရှုဒေါင့်တခုထဲက ချဉ်းကပ်ဖြေရှင်းနိုင်မှာ မဟုတ်တော့သလို ပြဿနာတွေကို မျက်ကွယ်ပြုဖုံးဖိထားရင်လည်း အနာဂတ်မှာ ရှင်းရပိုခက်မယ့်အနေအထားရှိနေပါတယ်။

ကိုးကား…

ဟေတီ…

https://www.amnesty.org.uk/knowledge-hub/all-resources/haiti-quick-fix-housing-earthquake-survivors-leave-haitians-homeless-or-limbo/?hl=en-GB

သီဟိုဠ်…

https://www.researchgate.net/publication/233440844_Tourism_and_Land_Grab_in_the_Aftermath_of_the_Indian_Ocean_Tsunami?hl=en-GB
https://researchinginternaldisplacement.org/short_pieces/living-in-both-places-the-struggles-of-tsunami-relocated-families-20-years-later-in-sri-lanka-case-of-galle-city/?hl=en-GB

မိုဇမ်ဘစ်…

https://accountability.worldbank.org/en/news/2026/mozambique-case-update?hl=en-GB

အာချေး…

https://documents.worldbank.org/pt/publication/documents-reports/documentdetail/471081468050634900#:~:text=DETALHES%20%20Data%20do%20documento.%202005%2F06%2F22.%20,%20Idioma.%20Ingl%C3%AAs.%20%20Rel.%20Proj%20ID.
https://www.downtoearth-indonesia.org/story/reconstruction-aceh-land-administration-system-ralas?hl=en-GB

UN Standard

https://www.unhcr.org/media/principles-housing-and-property-restitution-refugees-and-displaced-persons-pinheiro?hl=en-GB
https://globalprotectioncluster.org/latest/publications/housing-and-property-restitution-refugees-and-displaced-persons-implementing?hl=en-GB
PrevPreviousပုဏ္ဏားကျွန်းမှာ ခမီရိုးရာယာဟင်းကိုင်ပွဲကျင်းပ
Nextကျောက်တော်ရှိရွာနှစ်ရွာမှာ ငှက်ဖျားပိုးတွေ့လို့ အာရက္ခကျန်းမာရေးဌာန စစ်ဆေးNext
Previous Post

ပုဏ္ဏားကျွန်းမှာ ခမီရိုးရာယာဟင်းကိုင်ပွဲကျင်းပ

Next Post

ကျောက်တော်ရှိရွာနှစ်ရွာမှာ ငှက်ဖျားပိုးတွေ့လို့ အာရက္ခကျန်းမာရေးဌာန စစ်ဆေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကျောက်တော် အိန္ဒိယစျေးအနီးကို စစ်တပ်လေကြောင်းတိုက်ခိုက်

September 28, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ကျောက်တော်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

September 28, 2026
​ဓာတ်ပုံ - BNA

အာရက္ခဒေသမှာ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးကြီးနိုင်လို့ သတိပြုဖို့လိုအပ်

September 28, 2026

အဥ္ဇနပူရကိုစစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

September 28, 2026

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026
​ဓာတ်ပုံ - KNU

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

September 27, 2026

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

September 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page