Border News Agency
ကွတ်ခိုင်၊သြဂုတ် ၂။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အတွင်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ သေဆုံး၊ဒဏ်ရာရသွားတဲ့မိသားစုဝင်တွေကို ကိုးကန့်တပ်က ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ သြဂုတ်လ၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၃၀ရက်၊ ည ၁၂ နာရီ၊၅၂ မိနစ်အချိန်က လူနေတဲ့ရပ်ကွက်တခုကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားခုနှစ်ဦးသေဆုံးပြီး ဆယ့်သုံးဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် သေဆုံးသူတဦးကိုငွေကျပ်ဆယ့်ခြောက်သိန်း၊ဒဏ်ရာရရှိသူတဦးကို ငွေကျပ် ၁၀ သိန်းထိ မိသားစုဝင်တွေကိုထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့၊ ရပ်ကွက်၂ ရှိ (New Century) ရာစုသစ်ဟိုတယ်နဲ့ အနီးအနားရှိနေအိမ်တွေပျက်စီးသွားခဲ့ပြီးသေဆုံးဒဏ်ရာရသူတွေအများအပြားရှိခဲ့သလိုတရုတ်နိုင်ငံသားတဦးလည်း ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။