Border News Agency
မြောက်ဦး၊ သြဂုတ် ၆။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်မှာ သြဂုတ်လ ၃ ရက်နေ့က စစ်ကျန်ဗုံးပေါက်ကွဲလို့ ကလေးတဦးသေဆုံးပြီးနောက်ထပ်ကလေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီမြောက်ဦးမြို့နယ်၊ တိန်ညိုရွာကျေးရွာက ဦးအကြီးမောင်ရဲ့သားအသက်သုံးနှစ်အရွယ် မောင်မျိူးမြတ်ဖြိုး သေဆုံးသွားခဲ့ပါတယ်။
အဲဒီအပြင် မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာက အသက်လေးနှစ်အရွယ်မောင်ကောင်းမြတ်ဦး၊အသက်ဆယ်နှစ်အရွယ်မောင်ဖြိုးငြိမ်းနိုင်၊အသက်ဆယ့်တနှစ်အရွယ် မောင်ကောင်းမြတ်ထွန်း၊အသက်ဆယ့်နှစ်နှစ်အရွယ်မောင်မျိုးဝင်းဦးတို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ဆိုပါတယ်။
သူတို့တွေဟာ လူမနေတဲ့အိမ်တအိမ်မှ စစ်ကျန်ဗုံးကိုကောက်ယူလာပြီး ထုကြည့်လိုက်ရာမှာပေါက်ကွဲမှုဖြစ်ကာ ခုလိုသေဆုံးဒဏ်ရာရသွားကြတာလို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီဒဏ်ရာရသွားတဲ့ကလေးငယ်တွေဟာဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။
အဲဒီမြောက်ဦးမြို့၊ကျောက်ရာဇ်ကေရပ်ကွက်မှာပြီးခဲ့တဲ့ဧပြီလ ၅ ရက်နေ့ကစစ်ကျန်ဗုံးကို ထုကြည့်ရာမှာပေါက်ကွဲလို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ကြပါတယ်။
အဲဒီအပြင်တောင်ကုတ်မြို့နယ်၊ရန်ခေါ်ကျေးရွာမှာ ဧပြီလ ၄ ရက်နေ့က စစ်ကျန်ဗုံးကိုထုကစားရာမှာ ပေါက်ကွဲမှုဖြစ်ပြ ကလေးတဦးသေဆုံးသွားသလိုတဦးပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်ခဲ့ပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်းမကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မိုင်းအသိပညာပေးမှုတွေကို မကြာခဏပြုလုပ်နေသလို မြေမြင်တွေမှာလည်း မြေမြုပ်မိုင်းအန္တရာယ်အတွက်ဟောပြောပွဲတွေကိုပြည်သူယလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊မိုင်အသိပညာပေးတာတွေကိုပိုမိုဆောင် ရွက်ပေးဖို့လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။