Border News Agency
ဖားဆောင်း၊ သြဂုတ် ၁၉။
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်က မော်ချီးဒေသကို သြဂုတ်လ ၁၉ ရက်၊ ဒီနေ့မနက်က စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မော်ချီဒေသကိုသြဂုတ်လ ၁၇ ရက်နေ့ကလည်းလေညကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားသုံးဆယ်ကျော်သေဆုံးပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။
အဲဒီအထဲမှာ ကလေးသူငယ်တွေ၊သက် ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေအများအပြားပါဝင်ပါတယ်။
စစ်ကော်မရှင်တပ်က ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်တာတွေ၊လ က်နက်ကြီးပစ်ခတ်မှုတွေကိုပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူး ပေါင်းတုံ့ပြန်သွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီကထုတ်ပြန်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ၊အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရတွေလည်း အာဏာသိမ်းစစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေအပေါ် ထိထိရောက်ရောက်အရေးယူဖို့တိုက်တွန်းထားပါတယ်။
မြန်မာပြည်အနှံ့မှာ လေကြောင်းတိုက် ခိုက်မှုတွေကို စစ်ကော်မရှင်တပ်နေ့စဥ်ရက်ဆက်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ နေ့စဥ်သေဆုံးဒဏ်ရာရနေကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြုလုပ်လာနေပေမယ့် ကမ္ဘာ့ကုလသမဂ္ဂ၊အာဆီယံအပါအ ဝင် နိုင်ငံတကာအစိုးရတွေက ထိရော က်တဲအရေးယူတာတွေမရှိကြဘူးလို့မြန်မာပြည်သူတွေက ဆိုကြပါတယ်။






