Border News Agency
မိုင်းငေါ့၊ သြဂုတ် ၂၃။
မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ကလေးငယ်တဦးသေဆုံးခဲ့ပြီး သံဃာတော်အပါအဝင် အရပ်သားခုနှစ်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်ကသြဂုတ်လ ၂၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တက်ဟာ သြဂုတ်လ ၁၃ ရက်၊ဒီနေ့ညနေ ၃ နာရီ ၄၀ မိနစ်အချိန်ကပေါင် ၂၅၀ ဗုံးနှစ်လုံးနဲ့ကွန်စလမ်းကျေးရွာရှိဘုန်းကြီးကျောင်းကိုရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒါကြောင့်ကလေးငယ်တဦးသေဆုံးခဲ့ပြီးသံဃာတော်နှစ်ပါး၊ သံမဏေတပါး၊ အမျိုးသမီးနှစ်ဦး၊အမျိုးသားနှစ်ဦး၊ စုစုပေါင်းခုနှစ်ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဘုန်းကြီးကျောင်းအတွင်းရှိ ဘုရားခန်းတခန်း၊ဆွမ်းစားဆောင်တဆောင်၊ဇရပ်နှစ်ခု၊ကျေးရွာဆေးပေးခန်း တခန်းနဲ့နေအိမ်ဆယ့်နှစ်အိမ်လည်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ခုလအတွင်း လေကြောင်းမှ မိုးကုတ်မြို့ကိုလေးကြိမ်၊ ကျောက်မဲမြို့နယ်ကိုနှစ်ကြိမ်၊ သီပေါမြို့ကိုသုံးကြိမ်ထိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်ကလေးသုံးဦး၊ သံဃာတော်နှစ်ပါး၊ အမျိုးသမီးဆယ့်ခုနှစ်ဦး၊ အမျိုးသားဆယ့်ခြောက်ဦးသေဆုံးခဲ့ပြီး သံဃာတော်တပါး၊အမျိုးသမီးဆယ့်တဦး၊အမျိုးသားနှစ်ဆယ့်တဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင်နေအိမ်ခြောက်ဆယ်နှစ်အိမ်အဆောက်အဦးတလုံး၊စာသင်ကျောင်း တကျောင်း၊ ကားလေးစီး၊ ဆိုင်ကယ်သုံးစီးလည်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုအပ်တယ်လို့ တအာင်းတပ်မတော်က အသိပေးထုတ်ပြန်ထားပါတယ်။