မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ သြဂုတ် ၃၀။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြေနှင့် ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။
ခ.၂။ မြေယာကဏ္ဍနှင့်ပဋိပက္ခအပေါ် ကုလသမဂ္ဂအကြီးတန်းအရာရှိများ၏ ဦးဆောင်စေ့စပ်ဖြေရှင်းမှု။
တာဝန်ခံမှုကျယ်ပြန့်သောကုလသမဂ္ဂယန္တရားများနှင့်ချိတ်ဆက်ကာမြေယာကဏ္ဍနှင့် ပဋိပက္ခပေါ်တွင် ကုလသမဂ္ဂ ၏အကြီးတန်းအရာရှိများက စေ့စပ်ညှိ နှိုင်းဆောင်ရွက်ရမည်ဖြစ်သည်။
ထိုသို့ စေ့စပ်ဆောင်ရွက်နိုင်သောအကြီးတန်းအရာရှိများထဲတွင်အတွင်း ရေးမှူးချုပ်၏အထူးကိုယ်စားလှယ်များ၊ အထူးကိုယ်စားလှယ်၏ လက်ထောက်ကိုယ်စားလှယ်များ၊ ဌာနေညှိနှိုင်းရေးမှူးများ၊ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးများပါဝင်သည်။
ထိုသို့ဆောငျရှကျရာတှငျမွယောကဏ်ဍနှင့် ပဋိပက္ခအပေါ် ကုလသမဂ္ဂ၏မဏ္ဍိုင်သုံးရပ်ဖြင့်ချဉ်းကပ်ကာဆောင်ရွက်ရမည်ဖြစ်သည်။
မြေယာကဏ္ဍနှင့်ပဋိပက္ခကိစ္စရပ်များသည် ပဋိပက္ခချုပ်ငြိမ်းရေးအစီအမံများနှင့်အထူးတလည်နိုင်ငံရေးလုပ်င န်းစဉ်များတွင်လည်းပါဝင်ရမည်ဖြစ်သည်။
ထိုအပြင် ငြိမ်းချမ်းရေးကတိကဝတ်များနှင့်အကောင်အထည်ဖော်မှုတွင်လည်းပါဝင်ရမည်ဖြစ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်မှုတွင် အရေးပါသောကဏ္ဍတခုအဖြစ်ပါဝင်ရမည်ဖြစ်သည်။
မြေယာကဏ္ဍနှင့်ပဋိပက္ခများမှာ ဆက် စပ်နေခြင်းကို ရှင်းလင်းစွာအသိအမှတ်ပြုခြင်း၊ ရှင်းလင်းစွာတာဝန်ယူခြင်းများသည် အရေးကြီးလှသည်။
ထိုအချက်သည် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုစဉ်းစားရာတွင်လည်းကောင်း၊ လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးရာတွင်လည်းကောင်း အရေးပါနေသောအချက်ဖြစ်သည်။
ထို့ပြင် မြေယာပြုပြင်ပြောင်းလဲမှုများတွင် တရားဥပဒေစိုးမိုးရေးအတွက် ဝင်ရောက်စွက်ဖက်ရာတွင်လည်းကောင်း၊ လူမှုအသိုင်းအဝန်းကြားထဲမှ မြေယာနှင့် သက်ဆိုင်သောပဋိပက္ခများကို ကြားဝင်ညှိနှိုင်းပေးရာတွင်လည်းကောင်းထို အချက်သည် အရေးကြီးလှသည်။
၎င်းအပြင် ထိုအချက်သည် သဘာဝသယံဇာတများတရားလက်လွတ်ထုတ်ယူမှုနှင့် လက်နက်ကိုင်အဖွဲ့များကြားတွင်ဆက်စပ်နေမှုကိုချဉ်းကပ်ရာတွင်လည်းကောင်း၊ ထိုဆက်စပ်မှုကြောင့်ဖြစ်လာသော ရာဇဝတ်မှုများကို တရားဥပဒေကြောင်းအရ ပြန်လည်ချဉ်းကပ်ရာတွင်လည်းကောင်း အရေးကြီးပေသည်။
မြေယာကဏ္ဍနှင့်ပဋိပက္ခနယ်ပယ်အပေါ်ကျွမ်းကျင်သူပညာရှင်များအနေဖြင့်ကုလသမဂ္ဂအကြီးတန်းအရာရှိများကို အကူအညီပေးနိုင်ရန် ကုလသမဂ္ဂ၏ယန္တရားများတွင် စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်သည်။
အဆိုပါပညာရှင်များ၏ ပါဝင်ပတ်သက်မှုသည် ကုလသမဂ္ဂအကြီးတန်းအရာရှိများ၏ငြိမ်းချမ်းရေးဆောင်ရွက်မှုအပေါ်တွင် အထောက်အကူဖြစ်သကဲ့သို့ ကုလသမဂ္ဂ၏နိုင်ငံအတွင်းလုပ်ငန်းအုပ်စုများ(UN Country Teams – UNCTs)များအတွက်လည်းအထောက် အကူဖြစ်စေမည်ဖြစ်သည်။
ခ.၃။ လူမှုစီးပွားအရအမှီအခိုပြုနေရ သောမြေယာများနှင့်ပတ်သက်၍အချက်အလက်ကောက်ယူခြင်းနှင့် စီမံဆောင်ရွက်ခြင်း။
လူမှုစီးပွားအရအမှီအခိုပြုနေရသော မြေယာများနှင့်ပတ်သက်၍ကုလသမဂ္ဂမှစေ့စပ်မှုဖြင့် ရေးဆွဲထားသောပူးတွဲ တာဝန်ယူနိုင်မှုအစီအမံ(Joint Programming)နှင့် အခြေအနေ၏လိုအပ်ချက်အလိုက် စီမံကိန်းများရေးဆွဲမှု (Transition planning)များမည်သည့်အချိန်တွင်မဆိုရှိနေသင့်ပေသည်။
လူမှုစီးပွားအရအမှီအခိုပြုနေရသော မြေယာများ(Incorporate Land)အား အချက်အလက်ကောက်ယူခြင်းနှင့် ထိုမြေများအားစီမံဆောင်ရွက်ခြင်းများမှာ အချိန်တိုင်းအရေးပါနေသည်။
အချက်အလက်ကောက်ယူခြင်းနှင့် အစီအမံများရေးဆွဲမှုတွင်ပါဝင်ရမည့်အချက်များတွင် မြေနှင့်ပတ်သက်၍အမျိုးသမီးများအပေါ်ရှူမြင်ထားမှုများအသေးစိတ်ပါဝင်သင့်သည်။
မြေယာပိုင်ဆိုင်မှု၊ လက်ရှိထားပိုင်ခွင့်၊ ထိန်းသိမ်းစီမံခွင့်၊အမွေဆက်ခံခွင့်၊ ကွာရှင်းမှု၊ သေဆုံးမှုဖြစ်လာသောအခါ မိသားစုအလိုကျကျင့်သုံးနေသည့်စည်းမျဥ်းများစသည့်အချက်များတွင် အမျိုးသမီးများအား မည်သို့ရှုမြင်သည်ကို သိရှိရန်လိုသည်။
ထို့အတူအရွယ်မရောက်သေးသူလူငယ်များအပေါ် ကလေးဘဝမြေယာအမွှေဆပ်ခံခွင့်ပုံစံများအပေါ် ရှူမြင်မှုများကိုလည်း သိရှိရန်လိုအပ်သည်။
လူငယ်များအတွက် မြေကိုအခြေပြုရသည့်အမျိုးမျိုးသောအသက်မွေးဝမ်းကျောင်းရှင်သန်မှုပုံစံများကိုလည်း မည်သို့ရှု့မြင်သည်ကို သိရှိထားရန်လိုအပ်သည်။
ခ.၄။ ကုလသမဂ္ဂယန္တရားများ၊ ပူးတွဲအစီအစဉ်များနှင့်ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် “မြေယာ” ကိစ္စရပ်အား ထည့်သွင်းခြင်း။
မြေယာနှင့်ပတ်သက်သောသဘော ထားများမှာကုလသမဂ္ဂယန္တရားများ၏ လုပ်ငန်းအစီအစဉ်များအပေါ်လွမ်းခြုံသုံးသပ်မှု(Horizon Scanning)တွင်လည်းကောင်း၊ နှိုးဆော်အသိပေးမှုများတွင်လည်းကောင်း ရှိနေရမည်ဖြစ်သည်။
ဌာနေလူမျိုးစုများ၊ လူနည်းစုများ၊ နိုင်ငံတွင်းသို့ ဝင်ရောက်လာသူများ၊ ဒုက္ခသည်များ၊ပြည်တွင်းနေရပ်စွန့်ခွာရသူများ၊ နိုင်ငံမဲ့များ၏အခြေအနေနှင့် ပိုင်နက်နယ်မြေမှနှင်ထုတ်ခံရမှုများ၊ အိုးအိမ်လုံလောက်မှုအခွင့်အရေးကို ချိုးဖောက်မှုများစသည့်အချက်များအပေါ်ခြိုငုံသုံးသပ်မှုနှင့်နှိုးဆော်အသိပေးမှုများမှာ ကုလသမဂ္ဂ၏ယန္တရားများတွင် ရှိနေရမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ၏ မဟာဗျူဟာများကို ပေါင်းစပ်မှုမူဘောင်(ISF – Integrated Strategic Framework)နှင့် ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပေးရေးမူဘောင် (UNDAF- UN Development Assistance Framework )များကိုလည်း အသုံးချနိုင်ပေသည်။
ထိုမူဘောင်များသည် နိုင်ငံအဆင့်မြေနှင့်ပဋိပက္ခအား ကိုင်တွယ်ရာတွင် ဟန်ချက်ညီစေရန် အထောက်အကူပေးပေသည်။
ထိုပြင်မြေယာနှင့်ပတ်သက်၍ဝင်ရော က်စွက်ဖက်ရန်အစီအမံများရေးဆွဲရခြင်း၊ဝင်ရောက်စွက်ဖက်ရန် ဆော်ဩပေးရခြင်းများရှိလာသော အခါတွင်ထိုမူဘောင်များက ကုလသမဂ္ဂ၏မဏ္ဍိုင်သုံးရပ်အပေါ် အသီးသီးခွဲဝေတာဝန်ယူမှုကိုလည်း သေချာစေနိုင်သည်။
ကုလသမဂ္ဂ၏နိုင်ငံအတွင်း လုပ်ငန်းအဖွဲ့များ(UNCTs)များနှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးဆောင်ရွက်မှု(UN Peace Operations)များ ကို ထိရောက်သောအပံ့အပိုးများဖြစ်စေရန် အစီအမံများကို တည်ဆောက်ရမည်ဖြစ်သည်။
ကုလသမဂ္ဂ၏တရားဥပဒေစိုးမိုးရေးဆို င်ရာကမ္ဘာလုံးဆိုင်ရာဘုံအချက်များ(GFP – Global Focal Point For the Rule of Law)နှင့် ငြိမ်းချမ်းရေးနှင့်ဖွံဖြိုးရေးဆိုင်ရာအကြံပေးများ(PDAs)က မြေယာကိစ္စများအပေါ် အာရုံစိုက်မှုရှိပေသည်။
ထိုသို့အလေးထားမှုက နိုင်ငံအဆင့်ပဋိပက္ခမဖြစ်စေရန်ကြိုတင်ကာကွယ်မှုကို အထောက်အကူပြုနေမည်ဖြစ်သည်။
ထို့ပြင်ကုလသမဂ္ဂ၏(GFP)နှင့်(PDAs) များက ပဋိပက္ခအပေါ် ခွဲခြမ်းစိတ်ဖြာနိုင်ပြီး နိုင်ငံအဆင့်ငြိမ်းချမ်းရေး၊ညှိနှို င်းမှုများနှင့်ဆွေးနွေးမှုစသည့်ကိစ္စရပ်များအား ပုံဖော်နေသူများကိုလည်း အ ထောက်အကူပြုနေမည်ဖြစ်သည်။
မြေနှင့်ပဋိပက္ခအပေါ် ချဉ်းကပ်မှုတွင် လူသားချင်းစာနာမှုအုပ်စုများ (Humanitarian Clusters)မှ ဦးတည်ချဉ်းကပ်မှုများကို အထောက်အပံ့ပြုရမည်ဖြစ်သည်။
အကာအကွယ်ပေးမှုများ၊ လုံခြုံစေမှုများ၊ စောစီးစွာပြန်လည်လူသားချင်းစာနာမှုအုပ်စုများ၏ ကုစားမှု(ER-Early Recovery)နှင့် စားနပ်ရိက္ခာအထောက်အပံ့ပေးသောအစုအဖွဲ့များ၏မြေနှင့် ပဋိပက္ခအပေါ်ဦးတည်ချဥ်းကပ်မှုများသည် အရေးပါနေသည်။
ထိုအုပ်စုများ၏ ချဉ်းကပ်မှုများသည် မြေနှင့်ပတ်သက်၍အခွင့်အရေးချိုးဖောက်မှုများ၊ နေရာပြောင်းရွေ့ရမှုများရှေ့ဆက်မဖြစ်ပွားလာစေရန်အကာအ ကွယ်ဖြစ်စေသည်။
နိုင်ငံအဆင့်ညှိနှိုင်းရေးကိစ္စရပ်များတွင် မြေယာနှင့် သက်ဆိုင်သောပညာရှင်များလည်းပါဝင်ရမည်ဖြစ်သည်။
ထိုပညာရှင်များပါဝင်မှုရှိပြီး အသင့်အနေအထားတွင်ရှိသော ညှိနှိုင်းရေးအဖွဲ့ (Standby Mediation Team)များ၊ အတွင်းစည်းမှညှိနှိုင်းရေးလုပ်ငန်း (Insider Mediation Work)များ စသည့် ယန္တရားများ၏ လုပ်ပိုင်ခွင့်များကိုလည်း ခိုင်မာစေရမည်ဖြစ်သည်။
မြေယာကိစ္စရပ်နှင့် ပတ်သက်၍ သီးသန့်ဦးတည်ချက်အရပင်ဖြစ်စေ၊ သီးသန့်ဦးတည်ချက်အရမဟုတ်သည်ဖြစ်စေ ကုလသမဂ္ဂ၏ဘဏ္ဍာရေးထောက်ပံမှုမှာ အချိန်နှင့်အမျှလိုအပ်ချက်ရှိနေသည်။
ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်တည် ငြိမ်ရေးအကောင်အထည်ဖော်မှုများတွ င် မြေနှင့်ဆိုင်သောကိစ္စရပ်များအတွက် ဘဏ္ဍာငွေ မည်မျှသုံးစွဲမည်ကို အကဲဖြတ်မှုအား အထောက်အပံ့ပေးရန်လိုအပ်သည်။
ငြိမ်းချမ်းရေးတည်ဆောက်မှုရံပုံငွေ၊ ယုံကြည်မှုတည်ဆောက်ရေးအတွက် သုံးစွဲရသောရံပုံငွေကဲ့သို့ဘဏ္ဍာရေးယန္တရားများတွင် ငွေကြေးထည့်ဝင်မှုကို သေချာစေရန်လိုအပ်သည်။ ကျွမ်းကျင်သူပညာရှင်များအတွက် အထောက်အပံ့များ အချိန်မီရရှိရန်လည်း အရေးကြီးလှပေသည်။
ဆက်လက်ဖော်ပြပါမည်။






