Border News Agency
တအာင်း၊ သြဂုတ်လ ၃၁။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAရဲ့ အပတ်စဉ် ၃ ခေါင်းဆောင်မှုသင်တန်းကျောင်းဖွင့်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သြဂုတ်လ ၃၁ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအခန်းအနားကို တအာင်းပြည်တနေရာမှာ သြဂုတ်လ ၂၇ ရက်နေ့ကပြုလုပ်ခဲ့တာပါ။
အဲဒီသင်တန်းကျောင်းကို ရုံးဆိုင်ရာစီမံခန့်ခွဲမှုစွမ်းရည်၊ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်၊ ဦးဆောင်မှုဆိုင်ရာစွမ်းရည်မြင့်တက်စေဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာပါ။
အဲဒီခေါင်းဆောင်မှုသင်တန်းကျောင်းကို သင်တန်းကာလ ၁၅လ ကြာမှာဖြစ်ပြီး Democracy and Democratization၊ Human Right၊Good Governance၊Office Management၊Leadership Skills စတဲ့ ဘာသာရပ် ၃၀ ကို သင်ကြားပေးနေပါတယ်။
အဲဒီသင်တန်းကို အမျိုးသမီးသီးသန့် စုစုပေါင်း၇၆ ဦးရှိပြီး၊ဓနုအမျိုးသားလွတ် မြောက်ရေးတပ်မတော် DPLF/DPLA ရဲ့ အမျိုးသမီးစစ်သည်တော်တွေလည်းသင်ကြားနေကြပါတယ်။
အဲဒီသင်တန်းကျောင်းမှာ လူငယ်တွေရဲ့ခေါင်းဆောင်မှုစွမ်းရည်ဆုံးဖြတ်နိုင်စွမ်းနဲ့တာဝန်ယူမှု၊တာဝန်ခံမှု ရှိလာစေဖို့၊ရုံးလုပ် ငန်းကိုကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်စေဖို့နဲ့အဖွဲ့အစည်းရဲ့ကဏ္ဍပေါင်းစုံရှိလုပ်ငန်း ဆောင်တာတွေကိုထိရောက်စွာဦးဆောင်နိုင်စေဖို့ ရွယ်ရည်ပြီးဖွင့်လှစ်တာလို့ဆိုပါတယ်။
အဲဒီအခမ်းအနားကို PSLF/TNLAရဲ့ အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးတားပါင်လ၊PSLF/TNLA ဌာနတာဝန်ရှိသူတွေ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော် DPLF/DPLAရဲ့ တာဝန်ရှိသူတွေ၊ပြည်သူလူထုတွေနဲ့ကျောင်းသူတွေအပါအဝင် စုစုပေါင်းလူဦးရေ ၁၀၀ ဦး ကျော်တတ်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းကို ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှာ PSLF/TNLAရဲ့ခေါင်းဆောင်မှုသင်တန်းကျောင်းအပတ်စဉ် ၁ ကို စတင်ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် ၂ ကို ၂၀၂၃ ခုနှစ်မှာဖွင့်ခဲ့တာပါ။