Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

မြေယာ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ – ၁၂

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၃။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။

ခ.၆။မြေယာနှင့်ပဋိပက္ခကြားဆက်စပ်မှုများကို ကိုင်တွယ်နိုင်သောယန္တရားများ၏စွမ်းဆောင်ရည်ကိုတိုးတက်မှုရှိစေခြင်း။

ကုလသမဂ္ဂယန္တရားစနစ်အတွင်းတွင်ပင် နိုင်ငံရေးနယ်ပယ်ထဲမှလည်းကောင်း၊ နည်းပညာနယ်ပယ်ထဲမှလည်းကောင်းမြေယာနှင့် ပဋိပက္ခကိစ္စရပ်များကိုကိုင်တွယ်ရန်စွမ်းဆောင်ရည်မှာကွာဟချက်များရှိနေသည်။

မြေယာနှင့် ပဋိပက္ခများကို နိုင်ငံရေးနယ်ပယ်နှင့် နည်းပညာနယ်ပယ်ထဲမှ ကိုင်တွယ်ရန် ကျယ်ပြန်သောအမြင်နှင့်နှိုင်းယှဉ်သုံးသပ် အဖြေထုတ်မှုများ လိုအပ်သည်။

ကုလအထွေထွေအတွင်းရေးမှူး၏ အထူးကိုယ်စားလှယ်များ၊ လက်ထောက်အထူးကိုယ်စားလှယ်များ၊ ဌာနေညှိနှိုင်းရေးကိုယ်စားလှယ်များ၊ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်များမှာ တပြည်လုံးအရကျွမ်းကျင်သူ များနှင့်ထိစပ်မှုရှိသည်။

အဆိုပါပုဂ္ဂိုလ်များတွင် မြေယာနှင့်သက်ဆိုင်သောပဋိပက္ခအား ဝင်ရောက်စွက်ဖက်ရန်၊ကိုင်တွယ်ဆောင်ရွက်မှုပြုရန်၊ ဆော်ဩရန်အတွက် အရင်းအမြစ်များ၊နည်းလမ်းများ၊ လုပ်ငန်းစဉ်များရှိသင့်သည်။

ထိုပုဂ္ဂိုလ်များသည် ပဋိပက္ခတွင်မြေယာကိစ္စမှာ အဓိကအစိတ်အပိုင်းအဖြစ်ပါဝင်နေသာကိစ္စများ၌ မဟာဗျူဟာမြောက်စေ့စပ်မှုများ၊ အစီအစဉ်များ၊ ကုလသမဂ္ဂအချက်အလက်စုဆောင်းမှုများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်သင့်သည်။

ကုလသမဂ္ဂတွင် နိုင်ငံအဆင့်လုပ်ရည် ကိုင်ရည်များရှိရမည်ဖြစ်ပြီး နိုင်ငံများတွင် လုပ်ရည်ကိုင်ရည်များရှိစေရန်အတွက်လည်း ကုလသမဂ္ဂမှမဟာဗျူဟာမြောက်ချဉ်းကပ်မှုများရှိရမည်ဖြစ်သည်။

ထိုချဉ်းကပ်မှုများတွင် အင်စတီကျူရှင်းအလိုက် လုပ်ရည်ကိုင်ရည်များ၊ ဦးဆောင်မှုခေါင်းဆောင်မှုပိုင်းမှလုပ်ရည်ကိုင်ရည်များနှင့်အလယ်အလတ်အဆင့်စီမံခန့်ခွဲသူများ၏ လုပ်ရည်ကိုင်ရည်များရှိစေရန် အထောက်အကူများပေးရမည်ဖြစ်သည်။

နည်းပညာရပ်ဆိုင်ရာဝန်ထမ်းများ၊ အကြံဥာဏ်ပေးရေးဆိုင်ရာဝန်ထမ်းများအား မြေယာနှင့်ပတ်သက်သောပဋိပက္ခများအား ပိုမိုထိတွေ့လာနိုင်ရန်၊ ကုလသမဂ္ဂ၏နည်းလမ်းများ၊ ယန္တရားများကို နိုင်ငံတကာအရေး၊ ပြည်တွင်းရေးများ၌ မည်သည်အချိန်တွင် မည်သို့သုံးစွဲနိုင်သည်ကို ပိုမိုနားလည်နိုင်ရန်အတွက်ထိရောက်သောသင်တန်းများပေးရမည်။

ကုလသမဂ္ဂ၏ယန္တရားများကိုလည်း မြေကိစ္စများနှင့် ပတ်သက်၍စောစီးကြိုတင်အသိပေးချက်များ၊ စစ်တမ်းကောက်ယူအချက်အလက်စုဆောင်းမှုများ၊ ပဋိပက္ခအားခွဲခြမ်းစိတ်ဖြာမှုများ၊ အစီအစဉ်ရေးဆွဲမှုများ၊ နိုင်ငံရေးအရစေ့စပ်ညှိနှိုင်းမှုများ၊ လုပ်ငန်းစဉ်များရေးဆွဲမှုများ၊ စောင့်ကြည့်မှုများနှင့် ပြန်လည်အစီရင်ခံမှုများတွင် စွမ်းဆောင်ရည်များခိုင်မာအားကောင်းနေစေသင့်သည်။

မြေယာကိစ္စရပ်များပေါ်ပေါက်လာသောအခါ ကျွမ်းကျင်သူများ၊ ပညာရှင်များသည် အစုအဖွဲ့ငယ်များစုဖွဲ့ကာနေရာအသီးသီးခွဲဝေ၍ ပြည်တွင်းအစိုးရများ၊ ပြည်တွင်းရှိ ကုလသမဂ္ဂယန္တရားများအား ဖြစ်နိုင်သမျှစောစီးစွာအကူ အညီပေးသင့်သည်။

ထိုပြင် ကျွမ်းကျင်သူ၊ ပညာရှင်အစုအဖွဲ့ငယ်များသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုမှငြိမ်းချမ်းရေးရေရှည်တည်တံရေး၊ ဖွံဖြိုးရေးလုပ်ငန်းစဉ်များဆောက်ရွက်ရေးထိ အသွင်းကူးပြောင်းမှုကာလများတွင်လည်း ဖြစ်နိုင်သမျှစောစီးစွာ အကူအညီပေးသင့်သည်။

ပဋိပက္ခစက်ဝန်းထဲမှ အချိန်မဆွဲသင့်သောအချက်များအတွက် ပြင်ဆင်မှု

ပဋိပက္ခစက်ဝန်းတွင် မြေယာကိစ္စရပ်သည် ဖြေရှင်းရန်အချိန်မဆွဲသင့်သော အချက်များထဲတွင်ပါဝင်နေပြီး ထိုမြေကိစ္စရပ်ဖြစ်စဉ်တလျှောက် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရည်မှန်းချက်အညွှန်းကိန်းများနှင့် ဆန့်ကျင်နေသော အချက်များရှိနေပါက ထိုအချက်များကို အစီရင်ခံခြင်း၊ ခိုင်မာသေချာသော အချက်အလက်များကိုစုဆောင်းခြင်းများအပြင် ခွဲခြမ်းစိတ်ဖြာမှုများပြုနိုင်ရန်အတွက် ခိုင်မာသောအချက်အလက်ယန္တရားအဆောက်အအုံများ ပြည်တွင်းရှိ ကုလသမဂ္ဂအဖွဲ့များတွင်ရှိနေရမည်။

အသိအမြင်နှင့်စွမ်းရည်ဆိုင်ရာ ဘုံစုဆောင်းမှုအားတည်ဆောက်ခြင်း။

ကုလသမဂ္ဂ၏အတွင်းစည်းတွင်ရော၊ အပြင်စည်းတွင်ပါ နိုင်ငံတကာအဆင့်၊ ဒေသတွင်းနိုင်ငံများအဆင့်၊ ပြည်တွင်းအဆင့်နှင့် ဒေသန္တရအဆင့်များ၌ယန္တရားများထံမှ ကျယ်ပြန့်သောအထောက်အပံ့ကိုပေးနိုင်ရန် ဘုံအသိအမြင်နှင့် စွမ်းရည်ဆိုင်ရာစုဆောင်းမှုများရှိနေရမည်။

ထိုအချက်အလက်များတွင် ပြည်တွင်း၌လူ့အခွင့်အရေးစံနှုန်းများကို ကျင့်သုံးနိုင်ရန် ပြင်ဆင်ထားမှု၊ အဆင့်အလိုက်သတ်မှတ်ချက်များထားရှိမှု၊ စည်းမျဉ်းလိုက်နာမှုများ၊ အထောက်အထားသိမ်းဆည်းထားရှိခြင်းများရှိမှုစသည့် ကောင်းသောအလေ့အကျင့်များ၏မှတ်တမ်းမှတ်ရာများလည်း ပါရှိနေရမည်။

ကုလသမဂ္ဂယန္တရားများထဲတွင်ပင်လျှင် မြေနှင့်ပ ဋိပက္ခ၏ ဆက်စပ်သောအစိတ်အပိုင်းများကို သိမြင်သဘောပေါက်မှု၊ မြေကိစ္စရပ်မှာ မည်သို့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ကျားမတန်းတူမှုများနှင့် ဆက်စပ်နေသည်ကို နားလည်မှုအားကောင်းစွာရှိစေရမည်ဖြစ်သည်။

မြေယာဆိုင်ရာရှူဒေါင့်ပေါင်းစုံရှိခြင်း။

မြေယာဆိုင်ရာရှုဒေါင့်စုံမှသုံးသပ်ချက်များကို ပဋိပက္ခခွဲခြမ်းစိတ်ဖြာရာတွင် ထိရောက်သော အချက်များအဖြစ်အသုံးချသင့်ပေသည်။

ထိုအချက်များကို ကုလသမဂ္ဂ၏လုပ်ငန်းမစ်ရှင်များဖော်ဆောင်ရေးတွင်လည်းကောင်း၊ ကုလသမဂ္ဂပါဝင်သောအချက်အလက်ကောက်ယူရေးမစ်ရှင်များနှင့်ကုလသမဂ္ဂမပါဝင်သောအချက်အလက်မစ်ရှင်များ၊ အစီအစဉ်များတွင်လည်းကောင်း အသုံးချသင့်သည်။

ကုလသမဂ္ဂအဖွဲ့အစည်းများ၏မြေယာလုပ်ပိုင်ခွင့်

အသိအမြင်ပိုင်းနှင့်နည်းပညာပိုင်းအရ ပဋိပက္ခများကို စေ့စပ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းများအတွက် ကုလသမဂ္ဂ၏ယန္တရားများတွင် မြေယာနှင့်ပတ်သက်၍လုပ်ပိုင်ခွင့်များ ရှိရမည်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

PrevPreviousကျောက်တော်မြို့ ရဲစခန်းအချုပ်ခန်းမှ အချုပ်သားနှစ်ဦးထွက်ပြေးသွား
Nextရိုဟင်ဂျာတွေကို အကြောင်းမဲ့ဖမ်းဆီးတာမရှိကြောင်း ULA/AA ပြောNext
Previous Post

ကျောက်တော်မြို့ ရဲစခန်းအချုပ်ခန်းမှ အချုပ်သားနှစ်ဦးထွက်ပြေးသွား

Next Post

ရိုဟင်ဂျာတွေကို အကြောင်းမဲ့ဖမ်းဆီးတာမရှိကြောင်း ULA/AA ပြော

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ -​ Al Jazeera

ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝထိန်းချုပ်ထားနိုင်တယ်လို့ ထရမ့်ပြော

August 12, 2026
ဓာတ်ပုံ - APM

စစ်တွေခရိုင်က စစ်ဘေးရှောင်တွေကို အာရက္ခကျန်းမာရေးဌာန မျက်လုံးအခမဲ့ခွဲစိတ်ပေး

August 12, 2026
ဓာတ်ပုံ - ​Al Jazeera

ဟော်မုဇ်ဆွေးနွေးပွဲမှာ တောင်းဆိုချက်သစ်တွေကြောင့် ငြိမ်းချမ်းရေးရဖို့ ခက်လာ

August 12, 2026

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦးနဲ့ ဘိန်းဖြူခြောက်ဆယ့်ငါးဂရမ်ဖမ်းမိ

August 12, 2026

မင်းဘူးနဲ့ရေနံချောင်းမှာ မြစ်ရေဝင်ရောက်

ကိုလံဘီယာငလျင်အပျက်အစီးတွေကြား ကလေးငယ်တဦးကို အသက်လုကယ်ဆယ်နိုင်ခဲ့

ဟော်မုဇ်ဆွေးနွေးပွဲမှာ တောင်းဆိုချက်သစ်တွေကြောင့် ငြိမ်းချမ်းရေးရဖို့ ခက်လာ

ကိုလံဘီယာမှာ ငလျင်ကြောင့်လူတရာ့သုံးဆယ်ကျော်သေဆုံးပြီးသုံးထောင်နီးပါးပျောက်ဆုံးနေ

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦးနဲ့ ဘိန်းဖြူခြောက်ဆယ့်ငါးဂရမ်ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်မှာ ယာဘဆေးပြားလေးသန်းဖမ်းမိ

Releated Post

မင်းဘူးနဲ့ရေနံချောင်းမှာ မြစ်ရေဝင်ရောက်

August 12, 2026

ကိုလံဘီယာငလျင်အပျက်အစီးတွေကြား ကလေးငယ်တဦးကို အသက်လုကယ်ဆယ်နိုင်ခဲ့

August 12, 2026
ဓာတ်ပုံ - ​Al Jazeera

ဟော်မုဇ်ဆွေးနွေးပွဲမှာ တောင်းဆိုချက်သစ်တွေကြောင့် ငြိမ်းချမ်းရေးရဖို့ ခက်လာ

August 12, 2026

ကိုလံဘီယာမှာ ငလျင်ကြောင့်လူတရာ့သုံးဆယ်ကျော်သေဆုံးပြီးသုံးထောင်နီးပါးပျောက်ဆုံးနေ

August 12, 2026

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦးနဲ့ ဘိန်းဖြူခြောက်ဆယ့်ငါးဂရမ်ဖမ်းမိ

August 12, 2026

ထိုင်း-မြန်မာနယ်စပ်မှာ ယာဘဆေးပြားလေးသန်းဖမ်းမိ

August 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page