Border News Agency
အစ္စလာမာဘတ်၊ အောက်တိုဘာ ၂၆။
ပါကစ္စတန်နဲ့တာလီဘန်တွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဒိုဟာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရခဲ့ပါတယ်။
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မှာ လက်ရှိဆက်ပြီးဆွေးနွေးနေကြတာပါ။
အစ္စတန်ဘူလ်ဆွေးနွေးပွဲမှာ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးခါဝါဂျာမိုဟာမက်အစ်ဆီဖ်ရဲ့သတိပေးချက်ပေါ်ထွက်လာတာပါ။
အဲဒီလိုပြောမှုကြောင့် လက်ရှိဆွေးနွေးပွဲအပေါ် ထိခိုက်နိုင်တယ်လို့လည်း ဝေဖန်သူတွေရှိပါတယ်။
ပါကစ္စတန်နဲ့တာလီဘန်ကြား အပစ်အခတ်ရပ်စဲရေးသေချာစေဖို့အတွက် ဘယ်လိုရှေ့ဆက်ဆောင်ရွက်မယ်ဆိုတာတွေကို အစ္စတန်ဘူလ်မှာ ဆွေးနွေးနေတာပါ။
ကာတာနဲ့တူရကီကကြားဝင် စေ့စပ်ပေးတဲ့ဆွေးနွေးပွဲတွေဟာ အောက်တိုဘာ လ၂၅ ရက် စနေနေ့ကစပြီး တနင်္ဂနွေနေ့ထိ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။
ပါကစ္စတန်နဲ့တာလီဘန်တွေအုပ်ချုပ်နေတဲ့ အာဖဂန်နှစ်နိုင်ငံကြား နယ်နိမိတ်တိုက်ပွဲတွေမှာ သေဆုံးသူတွေဒါဇင်နဲ့ချီခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတရာကျော်ရှိခဲ့ပါတယ်။
“ဆွေးနွေးပွဲမအောင်မြင်ရင် စစ်ပွဲရှိနေမယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေရှိပါတယ်။”လို့ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက ပါကစ္စတန်အရှေ့ပိုင်းကဆီးယယ်ကုတ်မြို့မှာ ပြောပါတယ်။
“ဒါပေမယ့် သူတို့တွေလည်း ငြိမ်းချမ်းရေးလိုချင်တာကို ကျွန်တော်မြင်ခဲ့ပါတယ်။”လို့လည်း သူကဆိုပါတယ်။
အစ္စတန်ဘူလ်ကအဲလ်ဂျာဇီးယားသတင်းထောက်ကတော့ တူရကီဆွေးနွေးပွဲဟာ နှစ်နိုင်ငံကြားစိတ်ချရတဲ့အဖြေအတွက် လမ်းခင်းပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းဆိုပါတယ်။
တာလီဘန်ဘက်က လက်ထောက်ပြည်ထဲရေးဝန်ကြီးဟာဂျီနာဂျစ်ဘ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးနေပြီး ပါကစ္စတန်ဘက်ကတော့ သူရဲ့ကိုယ်စားလှယ်အဖွဲ့ကို မထုတ်ပြန်ပါဘူး။
“ဆွေးနွေးပွဲတွေမှာ အာဖဂန်မြေပေါ်က အကြမ်းဖက်မှုတွေဟာ ပါကစ္စတန်ဘက်ကို ဦးတည်နေတာတွေအတွက် ဆွေးနွေးရမယ်။”လို့ ပါကစ္စတန်စစ်တပ်ရဲ့ နိုင်ငံခြားရေးရာဌာနပြောခွင့်ရသူမှ
သောကြာနေ့က ဆိုခဲ့ပါတယ်။
အာဖဂန်ဟာ ပါကစ္စတန်တာလီဘန် (TPP)ကို လက်ခံထားတယ်လို့ ပါကစ္စတန်က ဆိုပါတယ်။
အဲဒါကို အာဖဂန်က ငြင်းဆန်ပါတယ်။ ပါကစ္စတန်ရဲ့ စစ်ဘက်ဆိုင်ရာလုပ်ရှားမှုဟာ အာဖဂန်ရဲ့အချုပ်အခြာကို ချိုးဖောက်တယ်လို့လည်း ရှုတ်ချပါတယ်။
အာဖဂန်ကုန်သွယ်ကူးသန်းနဲ့ စက်မှုအသင်းကနှစ်နိုင်ငံကုန်သွယ်ရေး ရပ်တန့်နေတာကြောင့် ကုန်သည်တွေရဲ့ဆုံးရှုံးမှုဟာ တရက်မှာ ဒေါ်လာသန်းရာနဲ့ချီရှိနေတယ်လို့ဆိုပါတယ်။
နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG)ရဲ့ အာဖဂန်အရေးလေ့လာသူ အီဘရာဟင်ဘာဟိစ်က အစ္စတန်ဘူလ်ဆွေးနွေးပွဲဟာ လက်နက်ကိုင်အုပ်စုတွေအပေါ် စုံစမ်းထောက်လှမ်းတဲ့အချက်အလက်တွေ မျှဝေကြဖို့အတွက်ပဲ အဓိကဆွေးနွေးလိမ့်မယ်လို့ မှတ်ချက်ပြုပါတယ်။
ပါကစ္စတန်ဘက်က TTP အဖွဲ့တွေ ရှိနေတဲ့နေရာတွေလို့ ယူဆတဲ့နေရာတွေမှာ စစ်ဆင်ရေးတွေကို ညှိ့နှိုင်းဆောင်ရွက်ချင်နေပါတယ်။
ဒါပေမယ့် တာလီဘန်ဘက်က ဒါဟာသူတို့ကိုဆန့်ကျင်တဲ့သဘောအဖြစ် မြင်နေတယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်သုံးပတ်အတွင်း အာဖဂန်ဘက်က အလုံးအရင်းနဲ့တိုက်ခိုက်မှုတွေမရှိဘူးလို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးတာဟာအန်ဒရာဘီက ပြောပါတယ်။
ဒိုဟာဆွေးနွေးပွဲက အလုပ်ဖြစ်ခဲ့ပါတယ်။
လက်ရှိအစ္စတန်ဘူလ်ဆွေးနွေးပွဲနဲ့ ဆွေးနွေးပွဲအလွန်အခင်းအကျင်းတွေကိုလည်း အဲဒီလိုမျိုးမျှော်လင့်ပါတယ်လို့ သူက ဆိုပါတယ်။
မူရင်း…






