Border News Agency
မြောက်ဦး၊မေ ၆။
“အခြားသူ ချိုးဖောက်တာတွေကိုတော့ မင်းတို့မပြောပါလား။ ငါတို့ကိုချည်း ဘာဖြစ်လို့ ပြောနေလဲ။ မင်းတို့ အခြားသူတွေကို သွားပြောရဲလား။”
ဤအကြောင်းပြချက်နှင့်ဆင်ခြေမျိုးအား ကျူးကိုးကွေး(Tu Quoque)ဟု ခေါ်၍ရသည်။
ကျူးကိုးကွေး(Tu Quoque)ဟူသည် လက်တင်ဘာသာစကားဖြစ်သည်။
“မင်းလည်းထိုနည်းလည်းကောင်း(You Too)”ဟူသော အဓိပ္ပါယ်ဖြစ်သည်။
နိုင်ငံရေးနယ်ပါယ်၌ကျိုးကြောင်းဆင် ခြင်မှုဆိုင်ရာအမှား(Logical Fallacy) များကို ကျူးကိုးကွေးဟုလည်း သုံးကြသည်။
ကျူးကိုးကွေးနှင့်ဆက်စပ်သောအယူအဆမှာ “ဒါပေါ့၊ ဒီတော့…ဘာဖြစ်လဲ (Whataboutism)”အယူအဆဖြစ်သ ည်။
“Whataboutism” ဟူသည် မိမိတို့၏ အမှားတခု ထောက်ပြလာသောအခါ “ငါမှားတာ ဟုတ်တယ်။ဒါပေမယ့်(မင်း တို့/အခြားသူတို့)လည်း အရင်က ဒီလိုမှားခဲ့တာပဲ”ဆိုကာ အမှားချင်းပြန်တိုက်သောဝါဒဖြန့်အကြောင်းပြမှုကို ဆိုလိုခြင်းဖြစ်သည်။ဥပမာ- နိုင်ငံရေး/တော် လှန်ရေးအဖွဲ့အစည်းတခုအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်သည်ဟုအဝေ ဖန်ခံရသောအခါ”(မင်းတို့/ အခြားသူတို့)လည်း အရင်က ဒီလိုပဲ လုပ်ခဲ့တာပဲ” ဟုဆိုသည်တန်ပြန်မှုမျိုးဖြစ်သည်။
ထိုတန်ပြန်မှုက “အမှားနှစ်ခု ပေါင်းပြီး အမှန်လုပ်ရန်ကြိုးစားခြင်း (“Two wrongs make a right)”သဘောဖြစ်သည်။
ကျူးကိုးကွေး(Tu Quoque Fallacy)သ ဘောသဘာဝမှာ “မသိ၍ငြင်းပါယ်ခြင်း” မဟုတ်ပေ။
အာဏာရှင်စနစ်ကို မကြိုက်၊လွတ်လပ်ချင်၍ အာဏာရှင်ကို တော်လှန်သည်။ တော်လှန်သောအဖွဲ့အစည်းမှတော်လှန်ဆန့်ကျင်နေသောအာဏာရှင်စနစ်၏ပုံ စံများကို ယူသုံးမိလာသည်။
ထိုသို့ယူသုံးမိလာသောအခါ မှားမှန်းသိသော်လည်း “ဒါပေါ့၊ဒီတော့ ဘာဖြစ်လဲ (Whataboutism)”ဟူသောအတွေးအခေါ်မျိုးဖြင့် ပြန်လည်စိန်ခေါ်ခြင်းဖြစ် သည်။
အာဏာရှင်လို မှားယွင်းမှုအား ကိုယ်တို င်ကပြုလုပ်လာပြီးနောက် “အာဏာရှင်က သူ့ဗီဇပင်ကိုယ်သဘောဖြင့်မှားတာ၊ ငါကအခြေအနေအရလိုအပ်ချက်အရ မှားလိုက်ရတာ” ဟူသော သဘောဖြင့် အမှားနှစ်ခုပေါင်းပြီးအမှန်လုပ်ရန်ကြိုး စားလာခြင်းဖြစ်သည်။
သို့သော်…အမှားကအမှားသာဖြစ်သ ည်။မည်မျှပင် လက်တွေ့ နိုင်ငံရေး (Realpolitik)ဟု ကင်းပွန်းတတ်နေပါ စေ… အမှားချင်းတူညီပြိုင်ဆိုင်နေရုံ (False Equivalency )မျှဖြင့် အမှန်ဖြစ်မလာပေ။
ဤသည်က ကောင်းသောတုန့်ပြန်မှု (Good Retaliation)မဟုတ်ပေ။
ကောင်းသောတုန်ပြန်မှု(Good Retaliation)မဟုတ်ဆိုသည့် သဘောကပင် ငါတို့လုပ်ရပ်အား မည်မျှပင် ဝေဖန်ထောက်ပြနေကြပါစေ။ ဂရုမစိုက် လုပ်ချင်တာကို ဆက်လုပ်မည်ဟူသော သဘောပါနေသည်။
အာရက္ခဒေသတွင် ULA/AA ကလည်း စစ်မှုမထမ်းမနေရ NDEPကို ပြဋ္ဌာန်းထားသည်။
မြန်မာစစ်တပ်ကလည်း သူထိန်းချုပ်နယ်မြေတွင် စစ်မှုမထမ်းမနေရ စနစ်ကို ကျင့်သုံးနေသည်။
အချို့လက်နက်ကိုင် တပ်ဖွဲ့များလည်း ကျင့်သုံးနေသည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံရေးအာဂျင်တာ အသွင်ဖြင့် အမိန့်အာဏာကို အကောင်အထည်ဖော်ပါက ထိုအမိန့်အာဏာတွင် Legal Exception ဆိုသည့် တရားမျှတမှုအတွက် ချွင်းချက်သည်ပါရသည်။
အများပြည်သူဆိုင်ရာအကျိုးစီးပွားကို ဦးတည်မှုနှင့်အများပြည်သူ၏ ဆန္ဒဆုံးဖြတ်ချက်ကို တန်ဖိုးမြှင့်ပေးရသည်။
မြန်မာစစ်တပ်၏စစ်မှုမထမ်းမနေရပုံစံတွင် အများပြည်သူ၏ဆန္ဒဆုံးဖြတ်ချ က်၊တရားမျှတမှုအတွက်ချွင်းချက်၊အ များပြည်သူအကျိုးစီးပွားပိုင်း၌ အ ကောင်အထည်ဖော်မှုကို မျက်ကွယ်ပြုထားသည်။
ULA/AA၏ NDEP အား အကောင်အ ထည်ဖော်ရာတွင်လည်း ထိုအချက်များကို မျက်ကွယ်ပြုထားသည်။
ULA/AA၏ NDEP တွင် တရားမျှတမှုအတွက် ချွင်းချက်အရ စစ်မှုထမ်းခြင်းမှလုံးဝကင်းလွတ်ခွင့်ရသူငါးမျိုး၊ရွေ့ဆိုင်းခွင့်ရှိသူငါးမျိုး၊လျော့ပေါ့ခွင့်ရသူ တမျိုး၊ယာယီရွေ့ဆိုင်းခွင့်ရသူခုနှစ်မျိုးစသဖြင့်ပါသည်။
မိမိကိုယ်တိုင်ထုတ်ပြန်ထားသော Legal Exception များကို ဂရုမစိုက်ဘဲ လူထုကို အမဲလိုက်သလိုပြုမူနေခြင်းက ရေ ရှည်တွင် မည်သို့မှအလားအလာမကော င်းနိုင်ပေ။
တရားမျှတမှုအတွက် ချွင်းချက်(Legal Exception)ဟူသည် လူကြားကောင်းအောင် စည်းမျဉ်းစည်းကမ်းထုတ်ထားခြင်း(Political Window Dressing)မဖြ စ်ရန်လိုသည်။
NDEP ၏ Legal Exception ကိုမှမဟုတ် အခြားပြည်သူ့ရေးရာလုပ်ငန်းစဉ်များတွင်လည်း လူထုမှာ မိမိတို့ ရသင့်သောအခွင့်အရေးကို ယခုအခါ အသံမထွက်နိုင်ပေ။
လက်နက်ကိုင်အဖွဲ့၏မြေပြင်အာဏာရှိသူဖြစ်ကြောင်းသက်သေပြခြင်းဗျူဟာအရ လူထုအတွက်အကြောက်တ ရားလွှမ်းမိုးထားသောပတ်ဝန်းကျင် (Atmosphere of Fear )ရှိနေသည်။
ထိုကဲ့သို့ပတ်ဝန်းကျင်မျိုးအောက်တွင် မြေခွေးငြင်းချက်(Bad Faith Argument)များက ရှိတတ်သည်။
မြေခွေးငြင်းချက်(Bad Faith Argument)များအောက်တွင် လူထုအတွက် “သက်သေပြချက်(သို့မဟုတ်)အ ထောက်အထားထဲမှာပင် ကိုယ့်ကိုယ်ကို ယ်ပြန်ပိတ်မိသွားစေသောအနေအထား(Proof Trap)” များကို ကူရာမဲ့ကယ်ရာမဲ့ ရင်ဆိုင်သွားရနိုင်သည်။
သတင်းမီဒီယာများ၊ လူ့အခွင့်အရေးလှု ပ်ရှာသူများကိုလည်း တမင်ဖန်တီးထားသည့်အချက်အလက်အမှားကို ဦးတ ည်ပေးထားသော(Honey Pot)အခင်း အကျင်းထဲသို့ ဆွဲခေါ်ချောင်ပိတ်ရိုက်ခံရနိုင်သည်။
နောက်ဆုံးတွင် အာဏာပါဝါပြသူများ၏ ခံရသူ၊ နစ်နာသူများကို ကိုယ်ချင်းစ နာမှုမရှိသော “ငါတို့ လုပ်တယ်ဆိုတာ ဘာသက်သေရှိလဲ။”ဆိုသည့်မျက်နှာ ပြောင်တိုက် ငြင်းဆိုလာနိုင်သည်။
ထိုငြင်းဆိုနိုင်သောအခွင့်အရေးကို တည်ဆောက်ထားကာလုပ်ကြံယုတ္တိများဖြင့် ငြင်းချက်ချေပချက်(Plausible Deniability )များပေါ်ထွက်လာနိုင်သေးသည်ပင်။






