Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်ဖြူခရိုင် ဆောင်းပါး နိုင်ငံရေး ရမ်းဗြဲမြို့နယ် သတင်း အာရက္ခဒေသ

ရခိုင်ပြည်ထဲက အာရန်ဝိညာဉ်ငိုရှိုက်သံ

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
ရမ်းဗြဲ၊ဇွန် ၂၀။

အမျိုးသမီးတဦးအတွက် လိင်ပိုင်းဆိုင်ရာအစော်ကားခံရမှုဟာ ကိုယ်စိတ်နှစ်ပါးကို ပြင်းပြင်းထန်ထန်ထိခိုက်ခံစားရစေပါတယ်။

အဲဒီလိုမတရားမှုကိုခံရတဲ့အမျိုးသမီးတဦးအတွက် လူသိရှင်ကြားဖွင့်ဟဖို့ဆိုတာဟာလည်းမလွယ်ကူတဲ့ကိစ္စပါပဲ။

ကိုယ့်အမှားလည်းမဟုတ်၊ကိုယ်တိုင်က ကျူးလွန်ခံရသူဖြစ်သလို မေးမြန်းမှုတွေဟာ ကာယကံရှင်အတွက် အလီလီထိခိုက်ခံစားရတဲ့သဘောမျိုးလည်းရှိနေတတ်ပါတယ်။

စစ်ဆေးမေးမြန်းမှုဟာ အပြစ်မဲ့တဲ့ခံရသူတဦးအပေါ် စာနာမှုကင်းမဲ့စွာနဲ့ထပ်ခါတလဲလဲ စိတ်ဒဏ်ရာပေးရာရောက်စေသလို ဖြစ်မသွားအောင်လည်း ဂရုစိုက်ဖို့လိုပါတယ်။

အဖွဲ့အစည်းဆိုင်ရာသစ္စာဖောက်ဖျက်မှု(Institutional Betrayal)

အပြစ်မဲ့တဲ့ခံရသူကို ကာကွယ်စောင့် ရှောက်ပေးရမယ့် အဖွဲ့အစည်းရဲ့တာဝ န်ရှိသူတွေကိုယ်တိုင်က နားလည်မှုကင်းမဲ့စွာပြုမူဆောင်ရွက်ခဲ့တာကြောင့် ခံရသူရဲ့ ယုံကြည်မှုကို ဖျက်ဆီးရာရောက်ပြီး အဆိုးဆုံးအခြေအနေကို တွန်းပို့လို က်သလိုလည်းဖြစ်သွားတတ်ပါတယ်။

အဲဒီလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ရင်တောင် ဒါဟာ တဖက်ကကြည့်ရင်အဖွဲ့အစည်းဆို င်ရာသစ္စာဖောက်ဖျက်မှု၊လက်လွတ်စပ ယ်လုပ်မှု(Institutional Betrayal )ဘက်ကို ရောက်နေပါတယ်။

အပြစ်မဲ့ပြီးမတရားလုပ်တာကို ခံလိုက်ရသူအပေါ်မှာ တရားဥပဒေစိုးမိုးရေးအ ဖွဲ့အစည်းတွေ၊စစ်ဆေးမေးမြန်းသူတွေ ဒါမှမဟုတ် လူမှုပတ်ဝန်းကျင်ရဲ့စာနာမှုကင်းမဲ့တဲ့တုံ့ပြန်မှု၊မေးခွန်းထုတ်မှုတွေကြောင့် ခံရသူမှာ စိတ်ဒဏ်ရာ သို့မဟု တ် နစ်နာမှု ဒုတိယအကြိမ်ထပ်မံကြုံ တွေ့ရမှု(Secondary Victimization)လို မျိုးစိတ်အခြေအနေဖြစ်လာတတ်ပါတ ယ်။

အဲဒီခံရသူရဲ့ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ စိတ်ပိုင်းဆိုင်ရာပိုမိုထိခိုက်စေမယ့် စစ် ဆေးမေးမြန်းမှုတွေဟာ ခံရသူကိုပဲ အ ပြစ်ရှိသယောင်ခံစားရစေတဲ့ ပတ်ဝန်း ကျင်ဆိုးကို ဖန်တီးလိုက်သလိုဖြစ်စေပါတယ်။

စာနာမှုကင်းမဲ့တဲ့စစ်ဆေးမှုတွေ၊ကောက်ချက်တွေ၊မှတ်ချက်တွေဟာ ခံရသူကို အပြစ်ပုံချမှု(Victim Blaming)နဲ့ ဘာမှ မကွာသလိုလည်း ဖြစ်တတ်ပါတယ်။

အဲဒါဟာ တုန့်ပြန်နိုင်စွမ်းမရှိတဲ့လူသားတဦးအပေါ် အလီလီသတ်နေသလိုဖြစ်တတ်ပါတယ်။

ရမ်းဗြဲမြို့နယ်၊လေးတောင်က ကိုယ့်ကို ယ်ကို သတ်သေသွားတဲ့မိန်းကလေးင ယ်ရဲ့ဖြစ်ရပ်ဟာ တကယ်ကို စိတ်မကောင်းစရာကောင်းပြီး တုန်လှုပ်ချော က်ချားစရာကောင်းတဲ့ဖြစ်ရပ်ဆိုးတခုပါ။

လူအဖွဲ့အစည်းတခု၊ပတ်ဝန်းကျင်တခုဟာ ကိုယ့်ဟာကို ဂရုမပြုမိဘဲမတရား ခံရသူကိုဘဲ အလီလီသတ်မိတဲ့အလုပ်တွေကိုလုပ်နေသလိုဖြစ်နေပြီလားဆိုတာကိုလည်း ပြန်ဆန်းစစ်ဖို့လိုနေပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မ တီ(International Committee of the Red Cross)ကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေနဲ့အကြမ်းဖက်ခံရမှုက လွတ်မြောက်လာသူတွေဟာ ပ တ်ဝန်းကျင်ရဲ့ပြစ်တင်ဝေဖန်မှုကိုကြော က်လန့်နေတတ်တာကြောင့် သူတို့ကို အ ပြစ်တင်မှုတွေမလုပ်ဖို့၊ထောက်ပံ့ကူညီပေးဖို့ကို ဇွန်လ ၁၉ ရက်နေ့က သူတို့ရဲ့လူမှုကွန်ရက်ပေါ်ကဆော်ဩထားပါတ ယ်။

အာရန်(Arang)ဝိညာဉ်ငိုရှိုက်သံ

ရမ်းဗြဲမြို့နယ်၊လေးတောင်က ကိုယ့်ကို ယ်ကို အဆုံးစီရင်သွားတဲ့ကလေးမလေးအကြောင်းကို ကြားရတဲ့အခါမှာ ကိုရီးယားရိုးရာဒဏ္ဍာရီထဲက အာရန် (Arang)ဆိုတဲ့ မိန်းကလေးရဲ့ဇာတ်လ မ်းကို သတိရမိပါတယ်။

အာရန်ဟာ မြို့ဝန်မင်းရဲ့ သမီးဖြစ်ပြီး အလွန်လှပ၊ရိုးသားသူပါ။ တနေ့မှာ အစေခံတဦးက သူမကို မတရားကြံစည်ဖို့ ကြိုးစားပါတယ်။

အာရန်က ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီး ခုခံတဲ့အတွက် အစေခံက သူမကို သတ်ပြီး တောအုပ်ထဲမှာ ဖုံးဝှက်ထားခဲ့ပါတယ်။

နောက်ရက်မှာ အစေခံကိုယ်တိုင်က မြို့ဝန်မင်းနဲ့တခြားသူတွေ ယုံကြည်အောင် “သမီးဖြစ်သူဟာ အရှက်မရှိ ယောက်ျားတဦးနဲ့ ခိုးရာလိုက်ပြေးသွားပါပြီ”လို့လိမ်ညာပြောခဲ့ပါတယ်။

အရပ်စကားနဲ့ပြောရရင် မြို့ဝန်မင်း သ မီးဖြစ်ပြီး ဂုဏ်သိက္ခမစောင့်ဘူးဆိုတဲ့စကားမျိုးတွေက ပတ်ဝန်းကျင်မှာ ဆူညံနေပါတယ်။

သမီးဖြစ်သူပျောက်ဆုံးသွားတဲ့အခါ မြို့ဝန်မင်းဟာ အာဏာပိုင်ဖြစ်နေရဲ့သားနဲ့ အမှန်တရားကို မစုံစမ်းဘဲ “ငါ့သမီးဟာ အရှက်မရှိ အခြားယောက်ျားတဦးနဲ့ ခိုးရာလိုက်ပြေးသွားတယ်။”လို့ ကောက်ချက်ချပြီး အရှက်ရကာ ရာထူးက နှုတ်ထွက်သွားပါတယ်။

အဲဒီခံရသူမိန်းကလေးဟာ သေဆုံးသွားရုံတင်မကဘဲ အာဏာပိုင်နဲ့လူ့အဖွဲ့ အစည်းရဲ့ စွပ်စွဲချက်ကြောင့် ဂုဏ်သိက္ခာပါ ထပ်မံအဖျက်ဆီးခံလိုက်ရတာပါ။

အာရန်ဟာ ဂုဏ်သိက္ခာအတွက် အသက်ပေးခဲ့ရသူပါ။ သူမဟာ ကိုယ်ကအမှားမလုပ်ဘဲ ကိုယ့်ကိုမတရားလုပ်လာတဲ့သူအပေါ် ခုခံရင်း ဂုဏ်သိက္ခာကို အသက်နဲ့တန်ဖိုးချင်းလှဲ့ခဲ့ရသူပါ။

ဒါပေမယ့် သူမရဲ့ပတ်ဝန်းကျင်စံအိမ်တော်ကသူတွေရော သူမရဲ့ မိသားစုကပါ သူမကို သိက္ခာမဲ့သူအဖြစ် အလီလီသတ်ဖြတ်လိုက်ကြပါတယ်။

အာရန်ဟာ ဘာမှလက်တုံ့မပြန်နိုင်ဘဲ ဝိညာဉ်ဘဝနဲ့ပဲ မတရားမှုထဲမှာ ငိုကြွေးနေခဲ့ရပါတယ်။

နောင်ရာစုနှစ်ချီကြာမှ မြို့ဝန်အသစ်က အမှုမှန်ကို ဖော်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

အာရန်ဒဏ္ဍာရီလိုပဲ ကိုယ့်အမှားမလုပ်ဘဲ ကိုယ်ကသာခံရပြီးကိုယ့်ကို အပြစ်မရှိကြောင်း သက်သေပြန်ပြခိုင်းလို့ လောကကြီးကို ပြန်မလာတော့ အပြီး အပိုင်နှုတ်ဆက်သွားခဲ့ရသူတဦးကတော့ ရာမယာနဇာတ်တော်ထဲက သီ တာဒေဝီပါဘဲ။

သီတာဒေဝီဟာ ဘီလူးမင်းရာဝဏခေါ် ဒဿဂီရိရဲ့ ဖမ်းဆီးခေါ်ဆောင်တာကို ခံခဲ့ရပါတယ်။

နောက်ပိုင်းမှာ ရာမမင်းသားက ကယ် တင်နိုင်ခဲ့ပေမယ့် တိုင်းသူပြည်သားတွေနဲ့ ပတ်ဝန်းကျင်က”ရန်သူ့လက်ထဲ ရောက်ခဲ့တဲ့မိန်းမ””ရန်သူအိပ်ယာပေါ်မှာရှိနေခဲ့တဲ့မိန်းမ”ဆိုပြီး သီတာ့ရဲ့ကာမဂုဏ်သန့်ရှင်းမှုကို သံသယဝင်ကာ လိင်မှုကိစ္စဖြစ်စဉ်တွေနဲ့ကဲ့ရဲ့ကြပါတယ်။

သီတာဒေဝီဟာ အပြစ်မရှိဘဲခံရသူဖြစ်နေပေမယ့် သူမရဲ့သန့်ရှင်းမှုကို သက် သေပြဖို့ မီးပုံထဲ ဆင်းပြခဲ့ရပါတယ်။မီး ပုံထဲကသက်သေ(Trial by Fire)ပြုခဲ့ရပါတယ်။

ရာမယနဇာတ်တော်ရဲ့ သီတာဒေဝီအ ခန်းကဏ္ဍအပေါ် အိန္ဒိယအမျိုးသမီးက ဗျာဆရာမတွေဖြစ်တဲ့ပိုပူရီလာလီသာ ကုမာရီ(Popuri Lalitha Kumari)နဲ့ချီတရာဘာနီဂျီးဒီဗာကရုန်(Chitra Banerjee Divakaruni )တို့က အမျိုးသမီးတဦးရဲ့လူသားဂုဏ်သိက္ခာ၊လူမှုရေး ၊တရားမျှတမှုရှုထောင့်ဘက်က ပြင်းပြင်းထန်ထန်ရေးဖွဲ့ကြပါတယ်။

ကဗျာဆရာမချီတရာဘာနီဂျီးဒီဗာကရုနီ(Chitra Banerjee Divakaruni )က မီး ပုံထဲကသက်သေ(Trial by Fire)ဆိုတာ တကယ်တော့ သီတာဒေဝီအတွက် လူ သားဂုဏ်သိက္ခာမဲ့တဲ့စစ်ဆေးမှုလို့ကော က်ချက်ချပါတယ်။

အဲဒီလိုသက်သေပြပြီးတာတောင်မှပတ်ဝန်းကျင်ရဲ့အတင်းအဖျင်းနဲ့ဖိအားကြောင့် အာဏာပိုင်ဖြစ်သူ ရာမမင်းဟာ သူမကို ကာကွယ်ပေးရမယ့်အစားတောထဲနှင်ထုတ်ဒဏ်ပေးခဲ့ပြန်ပါတယ်။

နောက်ဆုံးမှာ သီတာဒေဝီဟာ ထပ်မံ သ က်သေပြဖို့တောင်းဆိုခံရတဲ့အခါမှာတော့ လူသားတွေရဲ့စာနာမှုကင်းမဲ့တဲ့ စွပ်စွဲစစ်ဆေးမှုတွေကို စိတ်ကုန်သွားပြီး ဘာမှတုံ့ပြန်မနေတော့ဘဲ မိခင်ကမ္ဘာမြေကြီးကိုပဲ သူမကို မျိုချပစ်ဖို့တော င်းဆိုကာ မြေမြိုပြီးကွယ်ပျောက်သွားခဲ့ပါတယ်။

ကဗျာဆရာမ ပိုပူရီလာလီသာကုမာရီ (P. Lalitha Kumari)က သီတာဒေဝီ မြေကြီးထဲ ငုတ်လျိုးပျောက်ကွယ်သွားမှုအပေါ် “ကိုယ်တိုင်အမှားမလုပ်ပါဘဲနဲ့ အပြစ်မရှိကြောင်း အလီလီ သက်သေ ပြခိုင်းကာ စိတ်ကို အကြိမ်ကြိမ်သတ်နေတဲ့လူ့လောကကြီးနဲ့ လူသားတွေရဲ့ စာနာမှုကင်းမဲ့တဲ့ တရားစီရင်မှုတွေကို အမျိုးသမီးတဦးရဲ့အပြီးတိုင် စွန့်ခွာသွားခြင်း”လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။

သီတာဒေဝီရဲ့ဇာတ်လမ်းဟာ အာဏာပိုင်တွေ၊သူမရဲ့မိသားစုပတ်ဝန်းကျင်ရဲ့စာနာမှုကင်းမဲ့တဲ့”သံသယနဲ့စစ်ဆေးမှုတွေ”ကြောင့် ခံရသူတဦးဟာ စိတ်နာနာနဲ့လမ်းခွဲထွက်ခွာလွတ်မြောက်မှုလို့ က ဗျာဆရာမပိုပူရီလာလီသာကုမာရီ(P. Lalitha Kumari)က ဆိုပါတယ်။

ပိုပြီးလေးနက်တဲ့အမြင်ကတော့ သီတာ ဒေဝီရဲ့ မြေမြိုခြင်းဟာ”လူ့အဖွဲ့အစည်းရဲ့အမုန်းစကား၊ကောလာဟလနဲ့ဂုဏ်သိက္ခာချစစ်ဆေးမှုတွေအပေါ် အမျိုး သမီးတဦးရဲ့အမြင့်ဆုံးအသံတိတ်တုန့်ပြန့်မှုအဖြစ် ဘယ်တော့မှပြန်လှည့်မကြည့်တော့တဲ့ အပြီးတိုင်ထွက်ခွာမှုအ ဖြစ်ဖော်ပြထားချက်ပါပဲ။

အပြစ်မရှိဘဲနဲ့ လူတွေစိတ်ကြိုက်လိုက် လံသက်သေပြနေရမယ့် ဘဝကို ငြင်းဆန်ပြီး မိမိရဲ့သန့်ရှင်းမှုနဲ့ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီး ထိန်းသိမ်းသွားတဲ့ ဖြစ် စဉ်အဖြစ် ကဗျာဆရာမပိုပူရီလာလီသာကုမာရီ(P. Lalitha Kumari)က ခါး ခါးသီးသီးဖွင့်ဆိုထားပါတယ်။

ကဗျာဆရာမနှစ်ဦးရဲ့ အာဘော်ကို သဘောကျတဲ့ကဗျာဝါသနာရှင်တဦးက သီတာဒေဝီရဲ့ခံစားချက်ကို ခုလိုထပ်ပြီး ရေးထားပါတယ်။

“ငါ့ရဲ့ အပြစ်မဲ့မှုကို မီးပုံထဲမှာ

တကြိမ် သက်သေပြခဲ့ပြီးလေ..

ရုန်းထွက်ခွင့် မပေးတဲ့

မသင်္ကာကောလာဟလနွံ့တွေထဲမှာ

ငါ ဘယ်နှစ်ကြိမ် မီးပုံထဲ ဆင်းပြနေရအုံးမလဲ

မယုံကြည်တတ်တဲ့အာဏာပိုင်(ဘုရင်ရယ်)

စစ်ဆေးမေးမြန်းချက်တွေရယ်

ဒါတွေသာ ရှိနေတော့မယ်ဆိုရင်

ငါ့အတွက်တော့…

မိုးကောင်းကင်လို ရှင်သန်နေမှုထက်

ကမ္ဘာမြေအောက်ကို တိုးဝင်ပျောက်ဆုံးမှုကပဲ

ပိုပြီး သန့်ရှင်းစင်ကြယ်ပါလိမ့်မယ်လေ…။”

ရခိုင်ပြည်ရဲ့လူ့ပတ်ဝန်းကျင်ဟာ အာရ န်(Arang)ဝိညာဉ်ငိုရှိုက်သံတွေ၊သီတာ (Sita)ရဲ့ ငုတ်လျိုးပျောက်ကွယ်မှုတွေ ထပ်ဖြစ်စေမယ့် လူ့ပတ်ဝန်းကျင်မဟု တ်ပါစေနဲ့လို့…ပဲ။

ကိုးကား…

အာရန် ကိုးရီးယားပုံပြင်

  • https://en.wikipedia.org/wiki/Arang_(Korean_folklore)
  • https://english.visitkorea.or.kr/svc/contents/contentsView.do?vcontsId=97847

ပိုပူရီ လာလီသာ ကုမာရီ ၏ The Liberation of Sita (2016) မှ ကိုးကားချက်

  • https://en.wikipedia.org/wiki/The_Liberation_of_Sita

ပိုပူရီ လာလီသာ ကုမာရီ Popuri Lalita Kumari (Volga)

  • https://en.wikipedia.org/wiki/P._Lalita_Kumari

ချီတရာ ဘာနီဂျီး ဒီဗာကရုနီ ၏ The Forest of Enchantments(2019) မှ ကိုးကားချက်

  • ချီတရာ ဘာနီဂျီး ဒီဗာကရုနီ (Chitra Banerjee Divakaruni)
  • https://en.wikipedia.org/wiki/Chitra_Banerjee_Divakaruni

လေးတောင် အမှုအခင်း

  • https://www.facebook.com/share/p/1H6N7Jtofb/

ICRC ထုတ်ပြန်ချက်…

  • https://www.facebook.com/share/p/1Fmym1fij7/
PrevPreviousမြန်မာပြည်သူတွေကို ကူညီဖို့ဦးကျော်မိုးထွန်းကုလသမဂ္ဂမှာတောင်းဆို
Previous Post

မြန်မာပြည်သူတွေကို ကူညီဖို့ဦးကျော်မိုးထွန်းကုလသမဂ္ဂမှာတောင်းဆို

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မြန်မာပြည်သူတွေကို ကူညီဖို့ဦးကျော်မိုးထွန်းကုလသမဂ္ဂမှာတောင်းဆို

June 20, 2026

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေမှတ်ပုံတင်ဖို့အီရန် ကြေညာ

June 20, 2026

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ ဩစတြေးလျနဲ့ဆွစ်ဇာလန်တောင်းဆို

June 20, 2026

ကျောက်ဖြူစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့တရုတ်လုပ်ငန်းရှင်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်

June 19, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page