Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

မြေယာ၊ ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၁၄

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၅။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။

ခ.၈။ မြေယာပဋိပက္ခနှင့် ပဋိပက္ခဆက်နွယ်မှုများကိုဖြေရှင်းရန် မြေပြင်တွင်အလုပ်ဖြစ်လက်တွေ့ကျသောလုပ်ငန်းစဉ်နည်းလမ်းများကို သုံးစွဲခြင်း။

ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အဖွဲ့ဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများမှာ မြေယာပဋိပက္ခနှင့် ပဋိပက္ခဆက်နွယ်မှုများကိုကိုင်တွယ်ရန် မြေပြင်တွင် အလုပ်ဖြစ်ကာ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ရှာဖွေစုဆောင်းရမည်ဖြစ်သည်။

ထိုသို့ရှာဖွေရာတွင် လက်ရှိကျင့်သုံးနေဆဲနည်းလမ်းများအလေ့အထများသည် ကုလသမဂ္ဂ၏ မဏ္ဍိုင်သုံးရပ်နှင့် အံဝင်ဆီလျှော်မှုရှိစေရန်လည်းလိုအပ်သည်။

လုပ်ကိုင်ဆောင်ရွက်နိုင်သောနည်းလမ်းအသစ်များသည် ပဋိပက္ခ၏အစိတ်အပိုင်းများကို ကိုင်တွယ်နိုင်ရန် ယခင်လုပ်နည်းကိုင်နည်းများမှပြောင်းရပြုရလွယ်ခြင်း၊ တိုးတက်သောလက္ခဏာရှိခြင်း၊နည်းလမ်းဟောင်းများထဲမှကောင်း မွန်သောအချက်များ၊ အံဝင်ဆီလျှော်ခြင်းစသည့်အချက်များနှင့်ပြည့်စုံရမည်ဖြစ်သည်။

  • အချက်အလက်မျှဝေခြင်း၊ အချက်အလက်စုဆောင်းခြင်း၊ အချက်အလက်အားအသုံးချခြင်း။

မြေယာပဋိပက္ခနှင့်ပဋိပက္ခဆက်နွယ်မှုများ၊ ပဋိပက္ခ၏နောက်ဆက်တွဲဖြစ်ရပ်များစသည့်နှင့် ပတ်သက်၍အချက်အလက်များအား စီမံခန့်ခွဲမှုကို အထောက်အပံ့ပေးရန်လိုသည်။ အချက်အလက်
များအားစီမံခန့်ခွဲနိုင်ရန်အတွက် နိုင်ငံတနိုင်ငံ၏တပြည်လုံးအတိုင်းအတာအဆင့်တွင် မြေယာအချက်အလက်များ၊ ဒေတာဘေစ့်များ၊ ဒေသန္တရအစိတ်အပိုင်းအလိုက်အချက်အလက်နှင့် မြေပုံ (Geo-spatial data & mapping)များအား မျှဝေမှုများတွင် တိုးတက်မှုများရှိနေရမည်ဖြစ်သည်။

ထိုသို့အချက်အလက်များနှင့်ဖြစ်စဉ်ဖြစ်ရပ်မှတ်တမ်းများသည် ပဋိပက္ခများမဖြစ်စေရန်အတွက် ပြင်ဆင်နိုင်ရန်အသိကြိုပေးခြင်း၊ ပဋိပက္ခအပေါ် ခွဲခြမ်းစိတ်ဖြာ ဆင်ခြင်သုံးသပ်ခြင်း၊ မြေပြင်အရှိတရားများအားမှတ်တမ်းယူခြင်း၊ အစီရင်ခံခြင်း၊ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခြင်း၊ ကုလသမဂ္ဂ၏ယန္တရားများ၊ အဖွဲ့ဝင်များနှင့် ကုလသမဂ္ဂမဟုတ်သောအဖွဲ့အစည်းများစသည့်ယန္တရား
များကြားတွင် ညှိနှိုင်းခြင်း၊ ပေါင်းစပ်ခြင်းများကိုဆောင်ရွက်ရာတွင် အသုံးချသင့်သည်။

  • အားကောင်း၍အခြေအနေနှင့်ဖိအားကို ခံနိုင်ရည်ရှိသောအချက်အလက်စုဆောင်းမှုနည်းစနစ်ဆိုင်ရာဗေဒရှိခြင်း။

မြေပြင်ရှိဖြစ်စဉ်ဖြစ်ရပ်များကို စုဆောင်းမှု၊ ထိုဖြစ်စဉ်ဖြစ်ရပ်များကို ခွဲခြမ်းစိတ်ဖြာမှု၊ နိုင်ငံအလိုက် ဖြစ်စဉ်ဖြစ်ရပ်များကိုအစီရင်ခံတင်ပြမှုများတွင် ပဋိပက္ခ၏အစိတ်အပိုင်းများမှ ဦးတည်ရာအညွှန်းပြနေမှုများကကုလသမဂ္ဂ၏ မြေယာဆိုင်ရာ ဦးတည်ချက်၊ ရည်မှန်းချက်များကိုမည်သို့ရိုက်ခတ်ရာရှိကြောင်း စောင့်ကြည့်အကဲဖြတ်ချက်များလည်းပါဝင်ရမည်ဖြစ်သည်။

ထိုသို့အချက်အလက်စုဆောင်းမှုများတွင် မြေယာပဋိပက္ခကြောင့် ကုလသမဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရည်မှန်း ချက်အပေါ် မျက်ကွယ်ပြုနေမှု၊ ကုလသမဂ္ဂ၏ရည်မှန်းချက်ကို ထိခိုက်နေမှုများနှင့်အမျိုးသမီးများအား ဖယ်ကျဉ်ထားမှုများကိုပါ ထည့်သွင်းကောက်ယူရမည်ဖြစ်သည်။

  • နေရာစွန့်ခွာရမှုနှင့်မြေယာ၊အိုးအိမ်အခွင့်အရေး။

နေရပ်စွန့်ခွာရသူများအတွက် ၎င်းတို့နေရပ်စွန့်ခွာမှုမဖြစ်ပေါ်ခင်ကပင် ရှိနေသော အိုးအိမ်၊ မြေယာဆိုင်ရာအထောက်အထားများကို ခိုင်မာအောင်လုပ်ပေးနိုင်ရမည်ဖြစ်သည်။

အဆိုပါမှတ်တမ်းအထောက်အထားများက မိမိနေရပ်သို့ပြန်လာနိုင်ရန်အား ထုတ်မှုများတွင် အထောက်အကူဖြစ်မည်ဖြစ်သည်။

ထို့သို့မှတ်တမ်းအထောက်အထားများကို ခိုင်မာအောင်ပြုလုပ်ပေးမှုနှင့်မိမိနေရပ်သို့ပြန်လာရန် အားထုတ်မှုများသည် နေရပ်စွန့်ခွာမှုကြောင့်ဖြစ်လာသောမြေယာဆိုင်ရာပြဿနာအကျိုးဆက်ကိစ္စရပ်ဖြစ်သည်။

အဆိုပါအခြေအနေမျိုးအား ပဋိပက္ခ၏အစိတ်အပိုင်းများအဖြစ် ခွဲခြမ်းစိတ်ဖြာသုံးသပ်သင့်သည်။

ထိုကဲ့သို့အခြေအနေမျိုးများနှင့် သက်ဆိုင်သောမြေယာများအတွက် လက်တွေ့ကျသောနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများကို ပြုပြင်ရှာဖွေရေးဆွဲယူရမည်ဖြစ်သည်။

ထိုနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများက ဖရီးဟိုလ်အထောက်အထားများကို ဥပဒေကြောင်းအရအသိအမှတ်ပြုပေးရမည်ဖြစ်သည်။

  • နေရပ်စွန့်ခွာမှုနှင့်ဖရီးဟိုလ်အထောက် အထားများ။

(ဖရီးဟိုလ်အထောက်အထားဆိုသည်မှာမြေယာအားပိုင်ဆိုင်မှုအပေါ် အသုံးချမှုပုံစံအရလည်းကောင်း၊ အချိန်ကာလအားဖြင့်လည်းကောင်းအဆိုပါအမျိုးအစားများဖြင့် မြေပိုင်ဆိုင်မှုကို ကန့်သတ်ထားကာအခွန်ဆောင်စေခြင်း၊ သက်တမ်းတိုးခြင်းစသည့်အချက်များတခုတလေမှမရှိသော၊ကင်းစင်သော “မြေကိုပိုင်ဆိုင်မှု” အထောက်အထားဖြစ်သည်။

ဥပမာ – ဘိုးဘွားပိုင်မြေများ၊ အခွန်လွတ်မြေများသည် ဖရီးဟိုလ်(Freehold)ပုံစံရှိသော မြေများဖြစ်သည်။

ထိုသို့မဟုတ်ဘဲ မြေအား အခွန်ဆောင်နေရခြင်း၊ သက်တမ်းတိုးရခြင်းရှိပါက ၎င်းမြေကို(Leasehold)ပုံစံ မြေဟုခေါ်သည်။)

မြေယာနှင့်သက်ဆိုင်သောနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများသည် မြေယာပိုင်ဆိုင်မှုအခွင့်အရေးအမျိုးမျိုးကို ဥပဒေကြောင်းအရ အသိအမှတ်ပြုနိုင်ရမည်ဖြစ်သည်။

ထိုပြင်ဖရီးဟိုလ်ပုံစံပိုင်ဆိုင်မှုထက် ကျော်လွန်သော တောင်းဆိုမှုများကိုလည်း ထိုနည်းလမ်းများ၊ လုပ်နည်းကိုင်နည်းများက အသိအမှတ်ပြုနိုင်ရမည်ဖြစ်သည်။

ထိုသို့အသိအမှတ်ပြုရန်အတွက် ဒေသန္တရ၏ကဏ္ဍတခုချင်းအလွှာလိုက်အချက်အလက်(Geospatial Data)များကို အသုံးချကာ ပဋိပက္ခနှင့် နေရပ်စွန့်ခွာရမှုများအား ခြေရာပြန်ကောက်၍ဆော င်ရွက်နိုင်ရမည်ဖြစ်သည်။

  • နိုင်ငံတည်ဆောက်ရေးရလဒ်နှင့် မြေယာ

မြေယာနှင့်ပတ်သက်သောစည်းမျဉ်းများ၊ လုပ်နည်းကိုင်နည်းများ၊ မြေယာဆိုင်ရာအုပ်ချုပ်စီမံမှုများသည် နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်အရ အားထုတ်မှုများထဲတွင်ပင် ရှိနေရမည့်အချက်
များဖြစ်သည်။

အောက်ပါအချက်များသည် နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်တလျှောက်တွင် ဆောင်ရွက်ရမည့် မြေယာဆိုင်ရာ အုပ်ချုပ်စီမံမှုများလည်းဖြစ်သည်။

(က) – ပဋိပက္ခကာလ၊ အကြပ်အတည်းအများဆုံးကာလနှင့် စိန်ခေါ်ချက်ကြီးမားသော အတိမ်းအစောင်းမခံနိုင်သောကာလများတွင်ပင် မြေယာဆိုင်ရာအထောက်အထားများ၊ လူထုပိုင်ဆိုင်မှုမှ တ်တမ်းများ၊ မြေယာမှတ်ပုံတင်စာရင်းများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားဖျက်ဆီးခြင်းမှ အကာအကွယ်ပေးရမည်။

(ခ) – အဆိုပါ စည်းမျဉ်းများ၊ လုပ်နည်းကိုင်နည်းများနှင့် မြေယာအုပ်ချုပ်စီမံမှုများက မိမိနေရပ်ကို ပြန်လာခွင့်နှင့် မြေယာပိုင်ဆိုင်ခွင့်ကို အာမခံပေးထားရမည်ဖြစ်သည်။ 

ပဋိပက္ခကာလအတွင်းတွင် ပြန်လာသည်ဖြစ်စေ၊ ပဋိပက္ခဇာတ်ရှိန်မြင့်ကြာရှည်နေသောအခြေအနေများတွင်ဖြစ်စေ မိမိနေရပ်သို့ ပြန်လာရန်အတွက် မည်သည့်အချိန်တွင်မဆို ပုံစံမျိုးစုံ၊ နည်းမျိုးစုံဖြင့် ပြန်လာရန်ရွေးချယ်စရာများစွာပေးထားရမည်ဖြစ်သည်။

ထိုအချိန်များ၌ပင် နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်များ၌ မြေယာပိုင်ဆိုင်မှု အရှိတရားအပေါ် လုံလစိုက်ကာ အကောင်အထည်ဖော်ရမည်ဖြစ်သည်။

လုံလစိုက်ကာအကောင်အထည်ဖော်ခြင်းဆိုရာတွင်ကျားမခွဲခြားမှုမရှိဘဲ မြေယာဆုံးရှုံးခဲ့ပါက ထိုသူများကို လျော်ကြေး၊ နစ်နာကြေးပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းတို့ကိုပါ ထည့်သွင်းဆောင်ရွက်ရမည်ကို ဆိုလိုခြင်းဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

PrevPreviousမူးမြို့နယ်မှာ စစ်ကော်မရှင်တပ်အရာရှိတွေအပါအဝင်ခြောက်ဦးသေဆုံး
Nextရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးလမ်းကြောင်းရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်က ကုလသမဂ္ဂကိုတောင်းဆိုNext
Previous Post

မူးမြို့နယ်မှာ စစ်ကော်မရှင်တပ်အရာရှိတွေအပါအဝင်ခြောက်ဦးသေဆုံး

Next Post

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးလမ်းကြောင်းရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်က ကုလသမဂ္ဂကိုတောင်းဆို

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

December 6, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page