မောင်တောမြို့နယ်မှာ စီးပွားဖြစ်စိုက်ပျိုးတဲ့ ထိုင်းဆီးသီးဈေးကောင်းရနေ
Border News Agencyမောင်တော၊ ဇန်နဝါရီ ၂၇။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ စီးပွားဖြစ် စိုက်ပျိုးအောင်မြင်နေတဲ့ ထိုင်းဆီးသီးတွေဟာလက်ရှိမှာ ပြည်တွင်းဈေးကွက်အတွင်း ဈေးကောင်းရနေပါတယ်။ အဲဒီထိုင်းဆီးသီးပင်တွေ ဖြစ်ထွန်းဖို့ငါးနှစ်ခန့်အချိန်ယူစိုက်ပျိုးခဲ့ရသလို အရင်းအနှီးနဲ့ မြေနေရာအခက်အခဲတွေကိုလည်း မိသားစုတွေနဲ့ညှိနှိုင်းကျော်ဖြတ်ခဲ့ရတယ်လို့ တောင်သူကိုမောင်စိန်နုက ဆိုပါတယ်။ အဲဒီဆီးသီးတွေကိုဘူးသီးတောင်၊ရသေ့တောင်၊ကျောက်တော်နဲ့မြောက်ဦးမြို့နယ်တွေအထိ...









