Saw Shin Nyo

Saw Shin Nyo

Photo-ONM

ရွေးကောက်ပွဲအောင်မြင်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဆို

​Border News Agencyနေပြည်တော်၊ ဇန်နဝါရီ ၂၆။ ​ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ ပြည်သူငါးဆယ်ငါးရာခိုင်နှုန်းခန့် မဲပေးခဲ့ကြတာကြောင့် ဒါဟာအောင်မြင်တဲ့ ရွေးကောက်ပွဲတခုလို့ သတ်မှတ်နိုင်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီလ...

​Photo - APM

အာရက္ခဒေသကမြို့နယ်တချို့ရှိ ဆေးဆိုင်တွေကို အာရက္ခကျန်းမာရေးဌာနကွင်းဆင်းစစ်ဆေး

​Border News Agencyမြောက်ဦး၊ ဇန်နဝါရီ ၂၆။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာရှိတဲ့ ဆေးဆိုင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန(FDA) ကွင်းဆင်းစစ်ဆေးနေပါတယ်။ အာရက္ခပြည်သူတွေဆေးဝါးနဲ့ပတ်သက်ပြီး မလိုလားအပ်တဲ့ ဘေးအန္တရာယ်တွေမဖြစ်စေဖို့ ကွင်းဆင်းစစ်ဆေးနေတာဖြစ်ပါတယ်။ အဲ​ဒီလိုစစ်ဆေးတဲ့နေရာမှာ သက်တမ်းလွန်ဆေးဝါးတွေနဲ့ သောက်သုံးဖို့မသင့်တဲ့...

ဓာတ်ပုံ-ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ

ကလေးမြို့မှာ ရွေးကောက်ပွဲဆန့်ကျင်ဖို့ လူထုလှုပ်ရှားမှုပြုလုပ်

Border News Agencyကလေးမြို့၊ ဇန်နဝါရီ၂၅။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ ရွေးကောက်ပွဲဆန့်ကျင်ဖို့ လူထုဟောပြောပွဲ လှုပ်ရှားမှုကိုပြုလုပ်ခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ ဇန်နဝါရီလ ၂၅ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီလူထုဟောပြောပွဲမှာ "အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်"ဆိုတဲ့ စာသားတွေနဲ့အတူ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။...

စစ်ကော်မရှင်တပ်ဖွဲ့ငါးဦး KNLA ဆီအလင်းဝင်

Border News Agencyမြိတ်၊ ဇန်နဝါရီ ၂၅။ ​ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်ရဲ့ ခလရ-၄၀၆ က တပ်သားငါးဦးဟာ ဇန်နဝါရီလ ၂၃ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။ ​အဲဒီတပ်သားငါးဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)...

ဓာတ်ပုံ - ဘုတလင် ပကဖ

ဘုတလင် ပကဖ ပြုလုပ်တဲ့ မွန်းမံသင်တန်းဆင်းပွဲ

Border News Agencyစစ်ကိုင်း၊ ဇန်ဝါရီ ၂၅။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရပ်/ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်တွေကို မွန်းမံသင်တန်း အပတ်စဉ် ၁ ပြုလုပ်ပေးခဲ့တယ်လို့ ဘုတလင် ပကဖကက ဇန်နဝါရီလ ၂၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီသင်တန်းကို...

ICJ မှာမြန်မာဘက်က ခုခံချေပနေတာကို ALP အပြည့်အဝထောက်ခံ

Border News Agencyနယ်သာလန်၊ ဇန်နဝါရီ ၂၅။ ​နယ်သာလန်နိုင်ငံ ICJ တရားရုံးမှာ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို မြန်မာကိုယ်စားလှယ်အဖွဲ့က ဥပဒေနဲ့အညီ ခုခံချေပနေတာကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က အပြည့်အဝထောက်ခံတယ်လို့ ဇန်နဝါရီလ ၂၅ ရက်၊...

မြင်းခြံမှာ မဲရုံစောင့်ပျူစောထီးတဦးကို လက်နက်နဲ့အတူ တော်လှန်ရေးအဖွဲ့တွေ ဖမ်းမိ

Border News Agencyမန္တလေး၊ ဇန်နဝါရီ ၂၅။ ​မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှာ ဇန်နဝါရီ လ၂၄ ရက်နေ့က စစ်ကော်မရှင်တပ်ရဲ့ လက်ပါးစေပျူစောထီးတဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Twenty-one Guerilla Force (MTGF) ကထုတ်ပြန်ပါတယ်။...

ဘန်ကောက်မှာဇနီးဖြစ်သူကိုသတ်ခဲ့တဲ့ တရားခံ ထောင်အနှစ်နှစ်ဆယ်ကျ

Border News Agencyဘန်ကောက်၊ ဇန်နဝါရီ ၂၅။ ဘန်ကောက်မြို့မှာ ရခိုင်လူမျိုး မကျော့ကျော့ဝေကို သတ်ခဲ့တဲ့ခင်ပွန်းဖြစ်သူကို ဇန်နဝါရီလ ၂၄ ရက်နေ့၊ မနက်ပိုင်းမှာ ထောင်ဒဏ်အနှစ်နှစ်ဆယ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အဲဒီတရားခံကြောင့် ဖလန်းဆောင်နယ်မြေ၊ ကေသုန် ရခိုင်တန်းလျားက လူတွေလည်း...

မြင်းခြံတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့နှစ်ဆယ့်နှစ်ဦးသေဆုံး

Border News Agencyမန္တလေး၊ ဇန်နဝါရီ ၂၅။ ​မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တိုက်ပွဲတွေမှာ စစ်ကော်မရှင်ဘက်ကနှစ်ဆယ့်နှစ်ဦး သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ဇန်နဝါရီလ ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီ မြင်းခြံမြို့နယ်၊...

ဓာတ်ပုံ-စစ်ကော်မရှင်

AA ဟာ ပင်လယ်ပြင်မူးယစ်ဆေးဝါးလုပ်ငန်းမှာ ထိပ်တန်းကပါနေတယ်လို့ စစ်ကော်မရှင်စွပ်စွဲ

Border News Agencyနေပြည်တော်၊ ဇန်နဝါရီ ၂၅။ အာရက္ခတပ်တော်(AA)ဟာ ပင်လယ်ရေကြောင်းကနေ မူးယစ်ဆေးဝါးတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာ အဓိကတာဝန်ခံပြီး လုပ်ပေးနေတာလို့ စစ်ကော်မရှင်ပြောခွင့်ရ ဇော်မင်းထွန်းကစွပ်စွဲပြောဆိုလိုက်ပါတယ်။ အဲဒီပင်လယ်ပြင်မှာ မိသမျှ မူးယစ်ဆေးဝါးအမှုတော်တော်များများမှာ AA ပါဝင်ပတ်သက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။...

Page 22 of 67 1 21 22 23 67

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here