Shin Myat Phyu

Shin Myat Phyu

ဓာတ်ပုံ - NUG UK

လန်ဒန်ပါလီမန်ရှေ့မှာကျင်းပခဲ့တဲ့ နွေဦးတော်လှန်ရေးငါးနှစ်ပြည့် လူထုဆန္ဒပြပွဲ

Border News Agencyလန်ဒန်၊ ဖေဖော်ဝါရီ ၂။ လန်ဒန်မြို့ပါလီမန်ရှေ့မှာ ဖေဖော်ဝါရီ ၁ရက်၊ မနေ့ကကျရောက်တဲ့ နွေဦးတော်လှန်ရေးငါးနှစ်ပြည့်ဆန္ဒပြပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို ယူကေမှာရှိနေတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်းစုံ စုစုပေါင်း ၆၀၀ ခန့် လာရောက်ပူးပေါင်းခဲ့ကြတာပါ။ ​ပြည်သူတွေ မဲပေးရွေးချယ်ထားတဲ့...

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီ

အရာတော်မှာစစ်အာဏာသိမ်းငါးနှစ်ပြည့် အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်

Border News Agencyစစ်ကိုင်း၊ ဖေဖော်ဝါရီ ၁။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်တပ်ကပြည်သူ့အာဏာကို မတရားလုယူခဲ့တဲ့ငါးနှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁ ရက်၊ ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ​အဲဒီလှုပ်ရှားမှုကို "အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီ" က...

​စစ်အာဏာသိမ်းငါးနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား နှစ်ရာ့ခုနှစ်ဆယ်ကျော် ထောင်တွင်းမှာသေဆုံး

Border News Agencyရန်ကုန်၊ ဖေဖော်ဝါရီ ၁။ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့ငါးနှစ်အတွင်း အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူစုစုပေါင်း နှစ်ရာ့ခုနှစ်ဆယ့်လေးဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ဖေဖော်ဝါရီလ ၁၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီသေဆုံးသူတွေဟာ ​နှစ်အလိုက်သေဆုံးမှုနှုန်းကိုကြည့်ရင်...

Photo - APM

​ကျောက်ဖြူမှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးသေဆုံး

Border News Agencyကျောက်ဖြူ၊ ဖေဖော်ဝါရီ ၁။ ​ကျောက်ဖြူမြို့နယ်မှာ ဇန်နဝါရီလ ၃၀ ရက်၊ ညနေပိုင်းက စစ်ကော်မရှင်တပ်ရဲ့ ရေတပ်စစ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်ခဲ့လို့ အရပ်သားတဦး သေဆုံးသွားခဲ့ပါတယ်။ ​အဲဒီဇင်ချောင်းကုန်ဘွယ်ရွာက အသက်လေးဆယ်ငါးနှစ်အရွယ် ဦးမောင်ဖြူစိုး (ခ) ခင်မောင်ထွေးသေဆုံးသွားခဲ့တာပါ။...

ရွေးကောက်ပွဲကိုရောမြစ်ဆုံကိုပါ အလိုမရှိကြောင်း ဖားကန့်လူထုဆန္ဒပြ

Border News Agencyဖားကန့်၊ ဖေဖော်ဝါရီ ၁။ ​ဖားကန့်မှာ ​လက်နက်ကြီးသံတွေကြားနေရတဲ့ကြားက စစ်အာဏာသိမ်းငါးနှစ်ပြည့် အာဏာရှင်ဆန့်ကျင်ရေးနဲ့ မြစ်ဆုံစီမံကိန်းကန့်ကွက်ရေး သပိတ်စစ်ကြောင်း လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ ​"ဖားကန့်က တော်လှန်ဆဲပုန်ကန်ဆဲ" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဒေသခံတွေစုပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်းဆန္ဒပြခဲ့ကြတာပါ။ ​မြစ်ဆုံစီမံကိန်းကို...

Photo - BNA

အာရက္ခအစိုးရဦးဆောင်ပြီး လူမျိုးပေါင်းစုံစုပေါင်းကစားတဲ့ မောင်တောဘောလုံးပွဲ

Border News Agencyမောင်တော၊ ဖေဖော်ဝါရီ ၁။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဦးဆောင်ပြီး ရပ်ကွက်ပေါင်းစုံဘောလုံးပြိုင်ပွဲကို စည်ကားစွာကျင်းပနေပါတယ်။ ​အဲဒီပြိုင်ပွဲမှာ ရပ်ကွက်၊ ကလပ်နဲ့ ဌာနဆိုင်ရာအသင်း စုစုပေါင်း ၁၇ သင်းပါဝင်ပြီး...

​ဓာတ်ပုံ - စစ်ကော်မရှင်

စစ်အာဏာရှင်ဖြုတ်ချရေး မဟာမိတ်နှစ်ဆယ့်သုံးဖွဲ့ တိုက်တွန်း

Border News Agencyနေပြည်တော်၊ ဖေဖော်ဝါရီ ၁။ စစ်အာဏာသိမ်းမှုငါးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တော်လှန်ရေးအင်အားစု နှစ်ဆယ့်သုံးဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ဖျက်ဖို့ဆိုရင် အင်အားစုအားလုံး ပါဝင်တဲ့ "တပ်ပေါင်းစုကြီး" တရပ်ကို မဖြစ်မနေတည်ဆောက်ကြရမယ်လို့ ဆိုပါတယ်။...

ဓာတ်ပုံ - ရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

စစ်အာဏာသိမ်းငါးနှစ်ပြည့် မုံရွာလူထုသပိတ်တိုက်ပွဲ ဆင်နွှဲ

Border News Agencyမုံရွာ၊ ဖေဖော်ဝါရီ ၁။ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တာ ငါးနှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်၊ ဒီနေ့မှာ "တော်လှန်ဒီရေမြင့်သစ်သို့" ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ ​အဲဒီလှုပ်ရှားမှုကို မုံရွာမြို့ရဲ့အထင်ကရနေရာတခုမှာ...

​မြန်မာပြည်သူဆယ့်ခြောက်သန်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ

Border News Agencyမြောက်ဦး၊ ဖေဖော်ဝါရီ ၁။ အာဏာသိမ်းငါးနှစ်တာအတွင်းမှာ မြန်မာပြည်သူသန်းပေါင်းများစွာဟာ မရပ်မနားဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့် ဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ ဥရောပသမဂ္ဂ (EU) က အထူးထုတ်ပြန်လိုက်ပါတယ်။ အဲဒီထဲ အထူးသဖြင့်မြန်မာပြည်သူ ဆယ်သန်းကျော်ဟာ အရေးပေါ်အကူအညီတွေကို ချက်ချင်းလိုအပ်နေပြီး နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ...

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ခွင့်ပေးဖို့ အာဏာသိမ်းငါးနှစ်ပြည့်မှာ ကင်အဲရစ်တောင်းဆို

Border News Agencyနေပြည်တော်၊ ဖေဖော်ဝါရီ ၁။ ​ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းခဲ့တာ ငါးနှစ်တိတိပြည့်တဲ့နေ့ဖြစ်ပါတယ်။ ပြည်သူတွေရဲ့မဲဆန္ဒတွေ၊ အသံတွေနဲ့ အနာဂတ်တွေကို စစ်အာဏာရှင်တွေကအတင်းအဓမ္မလုယူသွားခဲ့တာ ငါးနှစ်ရှိပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်အဲရစ် (ကိုထိန်လင်း) က ပြောလိုက်ပါတယ်။...

Page 23 of 38 1 22 23 24 38

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here