မောင်တောခရိုင်

အာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးလည်ပတ်နေ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုန်မှတဆင့် အာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးပြန်လည်ပတ်နေတယ်လို့ မောင်တောမြို့နယ်မှကုန် သည်ကြီးတွေနဲ့မောင်တောဒေသခံတွေက အတည်ပြုပြောကြပါတယ်။ အဲဒီကညင်ချောင်းစီးပွားရေးဇုန်မှဆန်၊သစ်စတာတွေကို အဓိကတင်ပို့နေပြီး ဘိလပ်မြေ၊အာလူးစတဲ့ပစ္စည်းတွေကို အဓိကပြန်လည်တင်သွင်းနေကြတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။ အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး အာရက္ခကုန်သည်ကြီးများအသင်းကစီမံလုပ်ဆောင်နေကြတယ်လို့လည်း ဆိုကြပါတယ်။ အဲဒီကညင်ချောင်းစီးပွားရေးဇုန်ဆိပ် ကမ်းမှကုန်စည်စီးဆင်းမှုတွေနေ့စဥ်ပုံမှန်ရှိနေပေမယ့် လိုအပ်ချက်တွေအ များကြီးရှိနေသေးတာမို့...

Read more

အာရက္ခဒေသက တောင်သူလယ်သမားတွေ နိုင်ငံတကာအကူအညီ လိုအပ်နေ

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေကတောင်သူလယ်သမားတွေဟာ လယ်ယာစိုက်ပျိုးရေးအတွက် မျိုးစေ့တွေ၊ သွင်းအားစု​တွေဝယ်ယူဖို့ခက်ခဲနေကြတာမို့ နိုင်ငံတကာအကူအညီတွေ လိုအပ်နေကြတယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်က အာရက္ခဒေသရှိ ကုန်းလမ်း၊ ရေလမ်းအားလုံးကိုတားမြစ်ကန့်သတ်ပိတ်ဆို့ထားသလို ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ပိတ်ဆို့ထားပါတယ်။...

Read more

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကသစ်တွေကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့နေ

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေက ကျွန်းသစ်တွေအပါအဝင်သစ်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နေတယ်လို့ အာရက္ခပြည်သူတွေကအတည်ပြုပြောကြပါတယ်။ အဲဒီသစ်တွေကို အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်၊ကညင်ချောင်းအထူးစီးပွားရေးဇုန်းရှိဆိပ်ကမ်းမှနေ့စဥ်တင်ပို့နေတာလို့ဆိပ်ကမ်းတာဝန်ရှိသူတွေက ဆိုကြပါတယ်။ အဲဒီကျွန်းသစ်တွေအပါအဝင်သစ်တွေဟာ မောင်တောမြို့နယ်ရှိသစ်များအပါအဝင်မယူတောင်ရှိသစ်တောမှလည်းခုတ်ယူနေကြသလို မအီ၊ တောင်ကုတ်စတဲ့နေရာတွေကသစ်တွေလည်းပါတယ်လို့ သစ်ထုတ်လုပ်ရေးကို သိရှိနေကြသးတွေက ဆိုကြပါတယ်။ "ကညင်ချောင်းဆိပ်ကမ်းက ဘင်္ဂလာကို သစ်တွေတင်ပို့နေတာကြာပါပြီ။မောင်တောကသစ်တွေရော့၊တခြားနေရာကသစ်တွေလည်းပါပါတယ်။တရားဝင်တင်ပို့နေကြတာပါ။စီးပွားရေးသမားတွေကိုလည်း တင်ပို့ခွင့်ပေးထားပါတယ်။'' လို့ ကညင်ချောင်းဆိပ်ကမ်းမှတာဝန်ရှိသူတဦးက...

Read more

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ မတ်လ ၁၄ ရက်၊ ဒီနေ့နေ့လည်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရသွားတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့၊ လသာရပ်ကွက်က အသက်လေးဆယ်လေးနှစ်အရွယ်အဒူလာဟော့လ်မှာဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားတယ်လို့ မောင်တောဒေ သခံတွေက ဆိုကြပါတယ်။ အဲဒီအဒူဟာလေ့ဟ်ဟာ ဒီနေ့၊နေ့လည် ၁၂...

Read more

အာရက္ခဒေသကစစ်ဘေးရှောင်တသိန်းအပါအဝင်လူတသန်းကျော်ကို WFP က အကူအညီပေးမှုရပ်ဆိုင်း

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာအကူအညီပေးနေတဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ဟာ လာမယ့်ဧပြီ လကစတင်ပြီး အာရက္ခဒေသက စစ်ဘေးရှောင်တသိန်းအပါအဝင်လူဦးရေတသန်းကျော်အတွက် စားနပ်ရိက္ခာအကူအညီပေးမှုတွေ ရပ်ဆိုင်းတော့မယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့အထောက်အပံ့ကိုသာအားထားနေရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းတွေအပါအဝင်လူပေါင်းတသန်းကျော်ထိခိုက်လာမယ်လို့ မတ်လ ၁၄ ရက်၊ဒီ​နေ့မှာကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ၊နေရပ်စွန့်ခွာရွှေ့ပြောင်းတာတွေနဲ့သွားရောက်ကူညီခွင့်ကန့်သတ်ချက်တွေ တိုးလာတာကြောင့်...

Read more

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ

မောင်တောမြို့နယ်မှာ မတ်လ ၁၃ ရက်၊ ဒီနေ့၊ နေ့လည်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦး ဒဏ်ရာရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ ရွှေဇားအနောက်ရွာက အသက်ဆယ့်ရှစ်နှစ်အရွယ် မာမောက်ယာဆိမ့်မှာဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားသလို မိုင်းစထိမှန်ပြီး ဘယ်ဖက်မျက်လုံးတဖက်လည်းကွယ်သွားတယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီမာမောက်ယာဆိမ့်ဟာ ဒီနေ့...

Read more

မောင်တောက ဟိန္ဒူဘာသာဝင်တွေ အကူအညီတွေ လို​အပ်နေ

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်း ချုပ်ထားတဲ့ မောင်တောမြို့ကဟိန္ဒူဘာသာဝင်တွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါး ​အကူအညီတွေ လိုအပ်နေကြတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်လေးထောင်ကျော်ထိရှိနေပြီးအများစုဟာ အလုပ်အကိုင်တွေမရှိကြသေးဘူးလို့ ဆိုကြပါတယ်။ သူတို့တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြသလို အာရက္ခတပ်တော်ဆီကလည်း အကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲနဲ့ရင်ဆိုင်နေကြရတယ်လို့ ဟိန္ဒူဘာသာဝင်တွေ ကဆိုကြပါတယ်။...

Read more

“ကျွန်တော်မှာ စားဖို့သောက်ဖို့မရှိလို့ အဲဒါတခုတော့အကူညီလိုချင်ပါတယ်။”

အင်တာဗျူးBorer News Agencyမောင်တော၊ မတ် ၁၀။ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်က ဟိန္ဒူဘာသာဝင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ကြုံတွေ့နေကြရပါတယ်။ သူတို့ဟာ အလုပ်အကိုင်တွေမရှိကြတာမို့ ဝင်ငွေလည်းမရှိကြဘူးလို့ ဆိုကြပါတယ်။ အဲဒီလိုအခြေအနေတွေကို ဟိန္ဒူဘာ သာဝင်တဦးက Border News Agency ကို တွေ့ဆုံပြောပြထားပါတယ်။...

Read more

မောင်တောက ဟိန္ဒူဘာသာဝင်တွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

မောင်တောမြို့က ဟိန္ဒူဘာသာဝင်တွေဟာ အရေပြားရောဂါတွေ ဖြစ်နေကြတာမို့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေကြတယ် ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီအရေပြားရောဂါဖြစ်နေကြတာမှာကလေးသူငယ်တွေပိုများပြီး အလုပ်အကိုင်တွေလည်းမရှိကြတာမို့ ဝင်ငွေမရှိကြလို့ ဆေးဝါးကုသဖို့၊ဆေးဝယ်ဖို့ငွေကြေးအခက်အခဲတွေရှိနေကြတယ်လို့ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်ကို အာရက္ခတပ်တော်ကအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပေမယ့် ပြည်သူတွေလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရကြသေးဘူးလို့ ဆိုကြပါတယ်။

Read more

အာရက္ခဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

အာရက္ခဒေသက စစ်ဘေးရှောင်အမျိုးသမီးကိုယ်ဝန်ဆောင်တွေဟာ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပါအဝင် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်အမျိုးသမီးတွေဟာကိုယ်ဝန်ဆောင်နေကြပေမယ့်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေတွေ ပုံမှန်ထိုးရမယ့်ကာကွယ်ဆေးတွေမထိုးကြရဘူးလို့ ဆိုကြပါတယ်။ အဲဒီအပြင် ငွေကြေးအခက်ခဲတွေကြောင့်ကိုယ်ဝန်ဆောင်တွေအတွက် ဆေးဝါး၊အစာအာဟာရပြည့်ဝစွာမရကြဘူးလို့လည်းဆို ကြပါတယ်။ "အခက်အခဲတွေက အများကြီးပဲ။အ လုပ်အကိုင်ကလည်းအဆင်မပြေဘူး။ အဆင်မပြေရင်လည်း အဆင်ပြေသလို ရှာကြံပြီးစားနေရတာပေါ့။...

Read more
Page 17 of 22 1 16 17 18 22

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here