အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေတာကြောင့် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီ ရသေ့တောင်မြို့နယ်၊သာစည်တောင့်ကျေးရွာနဲ့ အနီးအနားရှိကျေးရွာတွေမှာ အရေပြားရောဂါ (ဝဲရောဂါ)ပြင်းထန်စွာ ကူးစက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီဒေသတွေမှာ ဆေးဝါးမလုံလောက်တာတွေနဲ့ ကြုံတွေ့နေရတာကြောင့် နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီအရေးပေါ်လိုအပ်နေတယ်လို့ဆိုကြပါတယ်။ အဲဒီထဲ ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာပိုပြီးအဖြစ်များနေသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ကျန်းမာရေးဌာနက လိုက်လံကုသပေးနေပေမယ့်လူဦးရေနဲ့ဆေးဝါးပမာဏ မမျှမတဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ “လမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲနေတော့ ဘယ်မှသွားလို့မရဘူး။အာရက္ခတပ်တော်ကကုပေးနေတာရှိပေမယ့်ဆေးဝါးက တကယ်ကို မလုံလောက်တာပါ။ မြို့နယ်ထဲမှာက လူတိုင်းလိုလို ဖြစ်နေကြတာဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကဆေးဝါးအကူအညီတွေ အမြန်ဆုံး ရစေချင်ပါတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။ အဲဒီရောဂါဟာ အဓိကအားဖြင့် စစ်ဘေးရှောင်စခန်းတွေမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ဒေသခံပြည်သူတွေဆီကိုပါ အလျင်အမြန် ကူးစက်နေတာလို့ ဆိုကြပါတယ်။ အဲဒီမွေးကင်းစကလေးကနေ အသက်ငါး ဆယ်ကျော် အရွယ်တွေအထိကူးစက်ခံထားရပြီး ဒီရောဂါဖြစ်နေတာ ဘယ်နှစ်လကြာနေပြီလဲဆိုတာတောင် မရေတွက်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ဆိုကြပါတယ်။ “ကျမတို့ရွာမှာလူပေါင်းလေးရာလောက် ဒီအရေပြားရောဂါဖြစ်နေကြတာပါ။စစ်ဘေးရှောင်တွေရော၊ ရွာခံတွေရော အကုန်ဖြစ်နေတာ။အာရက္ခတပ်တော်က ဆေးလာကုပေးပေမယ့် ဆေးကုန်သွားလို့ မရလိုက်တဲ့လူတွေအများကြီးပဲ။ပျောက်သွားပြီးမှ ပြန်ပေါ်လာတဲ့သူတွေလည်း ရှိတယ်။ အရမ်းယားယံပြီး အနာတွေ ဖြစ်လာတာပါ။" လို့ သာစည်တောင့်ကျေးရွာရှိ အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။ အဲဒီလို အရေပြားရောဂါဟာဖြစ်ပွားနေကြတာကြောင့် ဝင်ငွေမရှိတဲ့ စစ်ဘေးရှောင်တွေအတွက်က ဆေးဝါးဝယ်ယူဖို့ အခက်အခဲဆုံး ဖြစ်နေကြတယ်လို့ စစ်ဘေးရှောင် တွေကဆိုကြပါတယ်။ စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်မရှိတဲ့အပြင်လူသားချင်းစာနာမှု အကူအညီတွေလည်းမရရှိတာကြောင့် စားဝတ်နေရေးတင်မက ကျန်းမာရေးမှာပါ အကျပ်ရိုက်နေကြရတယ်လို့ဆိုကြပါတယ်။ “ကျမအမျိုးတွေထဲမှာလည်း ဖြစ်နေကြတာ။ စစ်ဘေးရှောင်တွေမှာက အလုပ်လည်းမရှိ၊ဝင်ငွေလည်းမရှိတော့ ဆေးဝယ်ဖို့ တော်တော်ခက်နေကြတယ်။ စားသောက်ဖို့တောင် မနည်းရုန်းကန်နေရတာဆိုတော့လူသားချင်းစာနာမှု အကူအညီတွေ မရရင် ဒီထက်ပိုဆိုးလာမှာပဲ။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။ အဲဒါကြောင့် စစ်ရှောင်တွေနဲ့ မြို့ခံတွေမှာ နေ့စဉ် စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေကို အလူးအလဲ ခံစားနေကြရတယ်လို့ စစ်ဘေးရှောင် တွေနဲ့ ပြည်သူတွေကဆိုကြပါတယ်။ အဲဒီရောဂါကူးစက်မှုကို အချိန်မီ မထိန်းချုပ်နိုင်ရင် ဒေသခံတွေအတွက် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်လို့ ကျန်းမာရေးအခြေအနေ စောင့်ကြည့်သူတွေက ဆိုပါတယ်။ အဲဒီ အရေပြားရောဂါဟာ တကိုယ်ရည်သန့်ရှင်းမှုနဲ့ ဆေးဝါးမလုံလောက်တာတွေကြောင့် ပိုမိုပြန့်ပွားနေတာဖြစ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရော၊နိုင်ငံတကာအဖွဲ့အစည်းတွေကပါ အမြန်ဆုံးကူညီပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။
Read moreBorder News Agency စစ်တွေ၊ ဖေဖော်ဝါရီ ၆ ။ ရခိုင်ပြည်မှာ တတိယအကြိမ်ပြည်နယ်လွှတ်တော်အစည်းအဝေး ခေါ်ယူနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနဲ့ ဌာနဆိုင်ရာတွေ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ စစ်တွေမြို့မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲ ပထမအဆင့်ပြီးစီးသွားပြီဖြစ်လို့ လွှတ်တော်အစည်းအဝေးကို မကြာခင်ကာလအတွင်း အမြန်ဆုံးခေါ်ယူနိုင်ဖို့ ကော်မတီတွေဖွဲ့စည်းပြီး ပြင်ဆင်နေတာပါ။ ဒီခြေလှမ်းဟာ စစ်ကော်မရှင်အနေနဲ့ သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပြဖို့ ကြိုးစားတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။ အဲဒီအပြင် စစ်ရေးပဋိပက္ခတွေရှိနေပေမယ့်လည်း မြို့ပေါ်ဒေသတွေမှာ အုပ်ချုပ်ရေးနဲ့လွှတ်တော်ယန္တရားကို ပုံမှန်လည်ပတ်နိုင်စွမ်းရှိတယ်ဆိုတာကို နိုင်ငံရေးအရပြသချင်ပုံရတယ်လို့ သုံးသပ်ထားကြပါတယ်။ အဲဒီလွှတ်တော်အဆောက်အဦးနဲ့ အသုံးအဆောင်တွေကို ပြန်လည်ပြင်ဆင်နေပြီး လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အစည်းအဝေးတွေ ခေါ်ယူကျင်းပနိုင်ဖို့အတွက် စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read moreအာရက္ခပြည်၊ စစ်တွေခရိုင်အတွင်း တိုက်ပွဲကာလနဲ့မိုးတွင်းမှာ ယိုယွင်းပျက်စီးခဲ့တဲ့ မြို့ချင်းဆက်၊ရွာချင်းဆက်လမ်းပိုင်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြုပြင်မွမ်းမံပေးနေပါတယ်။ အဲဒီစစ်တွေခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အဝေးပြေးလမ်းမကြီးတွေနဲ့ ကျေးရွာချင်းဆက်လမ်းတွေကို ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပါတယ်။ အဲဒီပုဏ္ဏားကျွန်း - ရသေ့တောင် လမ်းမကြီး၊ရသေ့တောင် - ဘူးသီးတောင် လမ်းမကြီးတွေအပြင် ရွာချင်းဆက်လမ်းတွေ ပြုပြင်နေမှုဟာရှစ်ဆယ်ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီလို့ သိရပါတယ်။ အဲဒါကြောင့် လမ်းတွေပြန်ကောင်းလာတာအပြင် ယာဉ်စည်းကမ်းထိန်းသိမ်းမှုတွေပါ ရှိလာတာကြောင့် အရင်ကမကြာခဏဖြစ်ပွားလေ့ရှိတဲ့ ယာဉ်တိုက်မှုတွေဟာလည်း သိသိသာသာ လျော့နည်းလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒါပေမယ့် စက်ယန္တရား မလုံလောက်မှုနဲ့ ကုန်ကျစရိတ်ကြီးမားတာတွေကြောင့် လမ်းပိုင်းတချို့မှာတော့လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အဲဒီလိုလမ်းပန်းဆက်သွယ်ရေးပြန်လည်ကောင်းမွန်လာတာဟာ ဒေသတွင်း ကုန်စည်စီးဆင်းမှုနဲ့ လူမှုစီးပွားဘဝတွေအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ ကျန်ရှိနေတဲ့ လမ်းပိုင်းတွေကိုလည်း အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
Read moreBorder News Agencyစစ်တွေ၊ ဇန်နဝါရီ ၃၁။ စစ်တွေခရိုင်အတွင်းရှိ မြို့နယ်တွေမှာ စိုက်ပျိုးထားတဲ့ အာဆီယံ (ခေါ်) ဘိန်းစာရွက်ပင်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က လိုက်လံရှင်းလင်း ဖျက်ဆီးနေပါတယ်။ အဲဒီလိုရှင်းလင်းရာမှာ DLEPS...
Read moreBorder News Agencyစစ်တွေ၊ ဇန်နဝါရီ ၃၀။ အာရက္ခဒေသအပါအဝင် နိုင်ငံတဝှမ်းက မြို့နယ်ခြောက်ဆယ်သုံးခုမှာ ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေး (Martial Law) သက်တမ်းကို ယာယီသမ္မတမင်းအောင်လှိုင်က တပ်ချုပ်မင်းအောင်လှိုင်ဆီ လုပ်ပိုင်ခွင့်တွေထပ်ပေးပြီး သက်တမ်းတိုးလိုက်တယ်လို့ ဇန်နဝါရီလ ၂၉ ရက်၊...
Read moreBorder News Agencyပုဏ္ဏားကျွန်း၊ ဇန်နဝါရီ ၂၇။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ် (အောင်မင်္ဂလာ) ကျေးရွာအနီးရှိ အများပြည်သူအင်တာနက်အသုံးပြုနေတဲ့နေရာကို ဇန်နဝါရီလ ၂၇ ရက်၊ည ၁ နာရီခွဲအချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအောင်မင်္ဂလာကျေးရွာအနီးရှိ အများပြည်သူအင်တာနက်အသုံးပြုတဲ့နေရာကို စစ်ကော်မရှင်တပ်က...
Read moreBorder News Agencyစစ်တွေ၊ ဇန်နဝါရီ ၂၅။ စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာကနေ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တဦးဟာ ဆိုင်ကယ်မတော်တဆမှုကြောင့် ရရှိထားတဲ့ဒဏ်ရာကို ဆေးကုသဖို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။ အဲဒီစစ်ဘေးရှောင် ဦးမောင်တင်ဟာပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈...
Read moreBorder News Agencyနေပြည်တော်၊ ဇန်နဝါရီ ၂၂။ ကုလားတန်စီမံကိန်းရှိရာစစ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေချိန် နေပြည်တော်မှာ မြန်မာ - အိန္ဒိယကုန်သွယ်ရေးပူးတွဲဆောင်ရွက်မှု သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၂၂ ရက်နေ့ကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၉ ကြိမ်မြောက်...
Read moreBorder News Agency ကျောက်တော်၊ ဇန်နဝါရီ ၂၁။ မိသားစုဝင်တွေအစုလိုက်အပြုံလိုက် သေဆုံးသွားရတဲ့ဖြစ်ရပ်ဆိုးကြောင့် ကျန်ရစ်သူတွေရဲ့မျက်နှာထက်မှာ ဖြေမဆည်နိုင်တဲ့ပူဆွေးသောကတွေ အထင်အရှားမြင်တွေ့နေရတာပါ။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းအစပ်က စစ်သုံ့ပန်းတွေရှိရာနေရာကို ဇန်နဝါရီလ ၂၀ ရက်၊ ညပိုင်းမှာ စစ်ကော်မရှင်တပ်ကလေကြောင်းမှ ပေါင်...
Read moreBorder News Agency ကျောက်တော်၊ ဇန်နဝါရီ ၂၁။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်သုံ့ပန်းနဲ့မိသားစုဝင် နှစ်ဆယ့်တဦးသေဆုံးပြီး သုံးဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ ကျောက်တော်မြို့နယ်၊ ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာအနီးရှိ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းကို...
Read moreHey! Don't Copy my content.