နိုင်ငံတကာ

မတ်ဒါဂတ်စကာမှာ အင်အားပြင်းဆိုင်ကလုန်း Gezani တိုက်ခတ်လို့ လူ ၃၀ ကျော်သေဆုံး

Border News Agency  အန်တာနာနာရီဗို၊ ဖေဖော်ဝါရီ ၁၄။ ​အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံတခုဖြစ်တဲ့ မတ်ဒါဂတ်စကာ (Madagascar) မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း "Gezani" ဝင်ရောက်တိုက်ခတ်တာကြောင့် လူ ၃၅ ဦးထက်မနည်းသေဆုံးပြီး အိုးအိမ်နဲ့အခြေခံအဆောက်အအုံတွေ အများအပြားပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ​ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မတ်ဒါဂတ်စကာရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ တိုအာမာစီနာ (Toamasina) မြို့အနီးကို တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) နှုန်းရှိတဲ့ လေပြင်းတွေနဲ့အတူ မုန်တိုင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ​မတ်ဒါဂတ်စကာ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံး (BNRGC) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူ ၃၅ ဦးအထိရှိလာပြီး လူ ၆ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၃၇၄ ဦးရှိနေပြီး၊ နေအိမ်ပျက်စီးသွားတဲ့ လူပေါင်း ၈,၈၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေကို အရေးပေါ်ရွှေ့ပြောင်းပေးထားရပါတယ်။ ​ဒီမုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်နေပြီး မြို့အများစုမှာလျှပ်စစ်မီးနဲ့ သောက်သုံးရေစနစ်တွေ ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ပြိုကျနေတဲ့အဆောက်အအုံတွေထဲမှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်နေကြသလို ယာယီစခန်းတွေမှာလည်း စားနပ်ရိက္ခာတွေဖြန့်ဝေပေးနေပါတယ်။ ​မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဆက်ရှိနေဦးမှာဖြစ်လို့ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးတာနဲ့မြေပြိုတဲ့အန္တရာယ်ကို သတိထားကြဖို့ထုတ်ပြန်ထားပါတယ်။ ​စီးပွားရေးအရလည်း မုန်တိုင်းဒဏ်သင့်ဒေသက ဗနီလာ (Vanilla) နဲ့ လေးညှင်းစိုက်ခင်းတွေ ပျက်စီးသွားတာကြောင့် အတော်လေးဆုံးရှုံးမှုဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ UNICEF နဲ့ ကြက်ခြေနီအဖွဲ့လို နိုင်ငံတကာအဖွဲ့အစည်းတွေက မုန်တိုင်းသင့်ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ပြင်ဆင်နေကြပါတယ်။

Read more

​ကိုးရတ်တောမီးကို ဟယ်လီကော်ပတာတွေနဲ့ အရေးပေါ်ငြှိမ်းသတ်ဖို့ ဝန်ကြီးအမိန့်ပေး

Border News Agency ​မဲဆောက်၊ ဖေဖော်ဝါရီ ၁၄။ ​ထိုင်းနိုင်ငံ၊ ကိုးရတ် (နခွန်ရာချစီမာ) ခရိုင်ထဲက စကေးရတ် (Sakaerat) သဘာဝပတ်ဝန်းကျင် သုတေသနနယ်မြေမှာ တောမီးအကြီးအကျယ် လောင်ကျွမ်းနေပါတယ်။ အဲဒါကြောင့် ဒုတိယဝန်ကြီးချုပ်နဲ့ သယံဇာတပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး နိုင်းဆုချတ်ချွန်ကလင်းက လေကြောင်းကနေ အရေးပေါ်ရေပက်ငြှိမ်းသတ်ဖို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အဲ​ဒီတောမီးကိုအမြန်ဆုံးထိန်းချုပ်နိုင်ဖို့အတွက် ဝမ်နမ့်ခေမြို့နယ်၊ ဘန့်ဝမ်နမ့်ခေ ကျောင်းမှာ "တောမီးငြှိမ်းသတ်ရေး ကွပ်ကဲမှုစင်တာ" ကို ချက်ချင်းဖွင့်လှစ်ခဲ့ပြီး၊ နခွန်ရာချစီမာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး နိုင်းဝိကျစ်ကွစ်ဝိရတ်က တာဝန်ယူ ကြီးကြပ်နေတာပါ။ အဲဒီတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ ဟယ်လီကော်ပတာနဲ့ ကွင်းဆင်းစစ်ဆေးကြည့်တဲ့အခါမှာတော့ မီးဟာအင်တိုင်းတောထဲက ခြောက်သွေ့နေတဲ့မြက်ပင်တွေနဲ့ ဝါးရုံတွေကြားထဲ ကူးစက်လောင်ကျွမ်းနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် ဝန်ကြီးဌာနပိုင်လေယာဉ်တွေနဲ့ မီးလောင်ရာနေရာကို အကြိမ်ပေါင်း ၁၀ ကြိမ်ထက်မနည်း ပျံသန်းပြီး ရေပက်ဖျန်း ငြှိမ်းသတ်ခဲ့ပါတယ်။ အဲ​ဒီလို လေကြောင်းကနေငြှိမ်းသတ်မှုကြောင့် မီးအရှိန်သိသိသာသာလျော့ကျသွားပေမယ့် လုံးဝငြိမ်းသွားတာမျိုးတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် ဒီနေ့၊ မနက် ၈ နာရီခွဲမှာလေကြောင်းကနေထပ်မံစစ်ဆေးပြီး မီးလုံးဝငြှိမ်းသတ်နိုင်တဲ့အထိ ထိရောက်တဲ့စစ်ဆင်ရေးတွေကို ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ​ဝန်ကြီးနိုင်းဆုချတ်ကတော့ သဘာဝသယံဇာတတွေကိုကာကွယ်ဖို့နဲ့ ပြည်သူတွေမီးခိုးငွေ့ဒဏ်မခံရအောင် ဌာနဆိုင်ရာအားလုံးပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်ကြဖို့ အလေးအနက်မှာကြားထားပါတယ်။ ​

Read more

မလေးရှားဆလန်ဂေါပြည်နယ်မှာ အော်ပရာစီ အဖမ်းအဆီးတွေဆက်တိုက်ဖြစ်ပွား

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်အတွင်းမှာ အော်ပရာစီအဖမ်းအဆီးတွေ ဆက်တိုက်ရှိနေတဲ့အတွက် မြန်မာလုပ်သားတွေ သတိပြုကြဖို့ လိုအပ်နေပါတယ်။ ရာဝမ်း (Rawang) အရပ်မှာ ပတ်ဝန်းကျင် တိုင်ကြားမှုတွေကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဝင်ရောက်ဖမ်းဆီးမှုတွေ ရှိခဲ့သလို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာလည်း ချာရက်စ် မာကိုတာ (Cheras Mahkota) နဲ့ ဆွန်ဂိုင်းလောင် (Sungai Long) ဘက်မှာ အော်ပရာစီတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။ အဲ​ဒီဖမ်းဆီးမှုတွေဟာ ဒေသခံတွေရဲ့ တိုင်ကြားချက်တွေအပေါ် အခြေခံပြီး လူဝင်မှုကြီးကြပ်ရေးဌာနက အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတာပါ။ အဲဒါကြောင့် ဆလန်ဂေါပြည်နယ်အတွင်း နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ အထောက်အထားမပြည့်စုံတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ အသွားအလာ အထူးသတိထားကြဖို့အသိပေးထားပါတယ်။ အဲဒီဆလန်ဂေါပြည်နယ်၊ Telok Panglima Garang ဧရိယာအတွင်းမှာပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက အော်ပရာစီ (Operation) ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ​ဒီအဖမ်းအဆီးအတွင်းမှာအထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမားရာနဲ့ချီ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားအများအပြားလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ မလေးရှားအစိုးရဟာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို နေရာစုံမှာရှာဖွေ ဖမ်းဆီးနေတာကြောင့် မြန်မာလုပ်သားတွေအနေနဲ့ သွားလာနေထိုင်ရာမှာ အထူးသတိပြုကြဖို့လည်း အလုပ်သမားအရေး ကူညီပေးနေသူတွေက တိုက်တွန်းထားပါတယ်။

Read more

​ဘင်္ဂလားဒေ့ရှ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် ၇ ဦး အနိုင်ရ

​Border News Agency ​ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၃။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် ၇ ဦးအနိုင်ရရှိပြီး လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ တရားမဝင်မဲရလဒ်တွေအရ သိရပါတယ်။ ​အမတ်နေရာအများစုကို အပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့နိုင်ဖို့ သေချာနေတဲ့ Bangladesh Nationalist Party (BNP) က အမျိုးသမီးကိုယ်စားလှယ် ၆ ဦးဟာ ပါတီရဲ့ စပါးနှံတံဆိပ်နဲ့ သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ အသီးသီး အနိုင်ရခဲ့ကြတာပါ။ ​အနိုင်ရရှိခဲ့တဲ့ BNP အမျိုးသမီးကိုယ်စားလှယ်တွေကတော့ Manikganj - 3 မဲဆန္ဒနယ်က Afroza Khan Rita၊ Jhalokati - 2 က Israt Sultana Elen Bhutto၊ Sylhet - 2 က Tahsina Rushdir Luna၊ Faridpur - 2 က Shama Obaid၊ Faridpur - 3 က Nayab Yusuf Kamal နဲ့ Natore - 1 က Farzana Sharmin Putul တို့ပဲ ဖြစ်ပါတယ်။ ​အဲဒီအပြင် BNP ပါတီကနေ အရင်ကထုတ်ပယ်ခံထားရတဲ့ Barrister Rumin Farhana ဟာလည်း Brahmanbaria - 2 မဲဆန္ဒနယ်ကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသွားခဲ့တာကြောင့် စုစုပေါင်းအမျိုးသမီး ၇ ဦး လွှတ်တော်တက်ခွင့် ရရှိမှာဖြစ်ပါတယ်။ ​အခုထွက်ပေါ်လာတဲ့ရလဒ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရေတွက်မှုတွေအပြီး ထွက်ပေါ်လာတဲ့ အကြိုရလဒ်တွေ ဖြစ်ပါတယ်။

Read more

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ တန်ဂေးလ်ခရိုင်အမတ်နေရာ ၈ ခုစလုံးကို BNP ပါတီဝင်တွေအနိုင်ရ

​Border News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၃။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမှာ တန်ဂေးလ် (Tangail) ခရိုင်က အမတ်နေရာ ၈ ခုစလုံးကို Bangladesh Nationalist Party (BNP) ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တဦးက အနိုင်ရရှိသွားပါတယ်။ အဲ​ဒီရလဒ်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်၊ ဒီနေ့မနက် ၂ နာရီ ၄၅ မိနစ်အချိန်မှာ ခရိုင်ရွေးကောက်ပွဲအရာရှိ ရှာရီဖာဟတ်ခ်က တရားဝင်ထုတ်ပြန်လိုက်တာပါ။ ​တန်ဂေးလ်ခရိုင်အတွင်းက မဲဆန္ဒနယ် ၈ ခုစလုံးမှာ BNP ပါတီက ကိုယ်စားလှယ် ၇ ဦး အနိုင်ရခဲ့ပြီး ကျန်တဲ့တနေရာမှာတော့ BNP ကပဲ တစ်သီးပုဂ္ဂလအဖြစ် ခွဲထွက်ယှဉ်ပြိုင်တဲ့ကိုယ်စားလှယ်က အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒီ တန်ဂေးလ် - ၁ မှာ Fakir Mahbub Anam၊ တန်ဂေးလ် -၂ မှာ Abdus Salam Pintu၊ တန်ဂေးလ် - ၃ မှာ တစ်သီးပုဂ္ဂလ လွတ်ဖာရာမန်ခန်းအာဇတ် (Lutfar Rahman Khan Azad)၊ တန်ဂေးလ် - ၄ မှာ Lutfar Rahman Matin တို့က နယ်မြေအလိုက်အနိုင်ရသူတွေ ဖြစ်ပါတယ်။  ​အဲဒီအပြင် တန်ဂေးလ် - ၅ (Sadar) မှာ BNP ဗဟိုပြန်ကြားရေးအတွင်းရေးမှူး Sultan Salahuddin၊ တန်ဂေးလ် - ၆ မှာ Rabiul Awal Lavlu၊ တန်ဂေးလ် - ၇ မှာ Abdul Kalam Azad နဲ့ တန်ဂေးလ် - ၈ မှာ Ahmed Azam Khan တို့က မဲအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၇ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ BGB တပ်ဖွဲ့ဝင် ၁၉,၀၀၀ ကျော်ကို အသုံးပြုခဲ့ပါတယ်။ ​တန်ဂေးလ်ခရိုင်တခုလုံးမှာ မဲဆန္ဒနယ် ၈ ခုအတွက် ကိုယ်စားလှယ် ၄၇ ဦး ယှဉ်ပြိုင်ခဲ့ကြပြီး မဲပေးသူ ၆၀ ရာခိုင်နှုန်းဝန်းကျင် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Read more

​ချင်းရိုင်နယ်စပ်မှာ စိတ်ကြွဆေးပြား ၉ သိန်းနဲ့ ဆိုင်ကယ် ၂ စီးကို ဖာမိူင်းတပ်ဖွဲ့ ဖမ်းဆီးရမိ

​ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊မယ်ဖာလောင်မြို့နယ်မှာ ဆိုင်ကယ်တွေနဲ့ သယ်လာတဲ့စိတ်ကြွဆေးပြား ၉ သိန်းနီးပါးကို ဖေဖော်ဝါရီလ၁၁ ရက်၊ညနေပိုင်းမှာ ဖာမိူင်းတပ်ဖွဲ့ (Pha Muang Force) က ဖမ်းဆီးရမိခဲ့ပါတယ်။ ​မယ်စလောင်နော့ကျေးရွာအုပ်စု ဘန်တတ်-ဘန်အာဘဲ လမ်းမှာ တာဝန်ရှိသူတွေ ကင်းလှည့်နေတုန်း မသင်္ကာစရာ Honda Wave ဆိုင်ကယ် ၂ စီးကို တားဆီးစစ်ဆေးရာကနေ အခုလို ဖမ်းမိခဲ့တာပါ။ ​အဲဒီဆေးဝါးသယ်လာသူ ၂ ဦးကတော့ ဆိုင်ကယ်တွေကို ထားပစ်ခဲ့ပြီး အမှောင်ထုကို အခွင့်ကောင်းယူကာ တောထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ​ဆိုင်ကယ်ပေါ်မှာ တင်လာတဲ့ ဆာလာအိတ် ၄ အိတ်ထဲကနေ စိတ်ကြွဆေးပြား ၉ သိန်းတိတိ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တရားခံတွေကို မိဖို့အတွက် မယ်ဖာလောင်ရဲစခန်းက ဆက်လက်စုံစမ်းနေပါတယ်။ ဖာမိူင်းတပ်ဖွဲ့ရဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲအရ ပြီးခဲ့တဲ့ ၄ လကျော်အတွင်း နယ်စပ်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်း ၂၁၆ ကြိမ် ရှိခဲ့ပြီလို့ သိရပါတယ်။ ​အဲဒီကာလအတွင်း စိတ်ကြွဆေးပြား ၁၁၅ သန်းကျော်၊ အိုက်စ် ၂,၃၀၀ ကီလိုကျော်နဲ့ တခြားမူးယစ်ဆေးဝါး အများအပြား ဖမ်းမိခဲ့သလို ဖမ်းဆီးချိန်အတွင်း ပစ်ခတ်မှု ၃၂ ကြိမ်ဖြစ်ပွားခဲ့လို့ မူးယစ်ဂိုဏ်းဝင် ၁၆ ဦး သေဆုံးခဲ့ပါတယ်။ ​အဲဒီမူးယစ်ဆေးဝါးတွေသာ ဘန်ကောက်အထိ ရောက်သွားမယ်ဆိုရင် စီးပွားရေးအရ ထိခိုက်နစ်နာမှုတန်ဖိုး ဘတ် ၂၂,၈၀၀ သန်းကျော်အထိ ရှိနိုင်တယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။

Read more

မဲခေါင်မြစ်ထဲမှာ စိတ်ကြွဆေးပြား ၂.၃ သန်းကျော်ကို ထိုင်းရေတပ်ဖမ်းဆီး

​ထိုင်း-လာအိုနယ်စပ်၊ နောင်ခိုင်ခရိုင်၊ ဖွန်ဖိဆိုင်းမြို့နယ်ထဲက မဲခေါင်မြစ်ကိုဖြတ်ပြီး တရားမဝင် မှောင်ခိုသွင်းလာတဲ့ စိတ်ကြွဆေးပြား ၂,၃၇၀,၀၀၀ (၂.၃ သန်းကျော်) ကို ထိုင်းရေတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ​အဲဒီဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မဲခေါင်မြစ်ကင်းစောင့်တပ်ဖွဲ့ (MRU) တပ်မှူး ရေတပ်ဗိုလ်ချုပ် Narong Emdee နဲ့ နောင်ခိုင်ခရိုင် တာဝန်ရှိသူတွေက ဖေဖော်ဝါရီလ ၁၂ ရက်၊ဒီနေ့မနက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ပြန်ခဲ့တာပါ။ ​အဲဒီမူးယစ်ဆေးဝါးတွေ မှောင်ခိုဝင်လာမယ်လို့ ကြိုတင်သတင်းရထားတဲ့အတွက် ဖွန်ဖိဆိုင်း ရေတပ်စခန်းက အရာရှိတွေဟာ မဲခေါင်မြစ်တလျှောက် စောင့်ဆိုင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ အဲဒီလူနှစ်ယောက်ပါလာတဲ့ တံရှည်လှေတစ်စီးဟာ ​ဖေဖော်ဝါရီလ ၁၁ ရက်၊ည သန်းခေါင်ကျော်အချိန်မှာ မြစ်လယ်ကနေ ကမ်းခြေကို အင်ဂျင်ပိတ်ပြီး တိတ်တဆိတ် လှော်ခတ်ဝင်ရောက်လာတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ​တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးတဲ့အခါမှာတော့ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြားတွေအပြင် သယ်ဆောင်ဖို့ စောင့်နေတဲ့ Mitsubishi ကားတစီးနဲ့ ဆိုင်ကယ်တစီးတို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ​အဲဒီမူးယစ်ဆေးဝါးတွေကို နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းအထိမှောင်ခိုပို့ဆောင်ဖို့ ရည်ရွယ်ထားပုံရတယ်လို့ ရေတပ်ဗိုလ်ချုပ် Narong Emdee က ပြောပါတယ်။ ​အဲဒီဆေးတွေကို လောလောဆယ်မှာတော့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး ဒီမူးယစ်ဆေးဝါး ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိဖို့အတွက် ဆက်လက်နှိမ်နင်းသွားမယ်လို့ သိရပါတယ်။

Read more

​သေနတ်ပစ်ခတ်ခံရလို့ကွယ်လွန်သွားတဲ့ ကျောင်းအုပ်ဆရာမကြီးအတွက် ထိုင်းအစိုးရ နစ်နာကြေးပေးမယ်

​ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ရိုင်မြို့နယ်က ဖတ်တုန်းပရာသန်းခီရီဝပ်ကျောင်းမှာဖေဖော်ဝါရီလ ၁၁ ရက်နေ့ကဖြစ်သွားတဲ့ သေနတ်ပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး ကွယ်လွန်သွားပြီဖြစ်ပါတယ်။ အဲဒါကြောင့် နစ်နာခဲ့ရသူတွေအတွက် နစ်နာကြေးတွေ အမြန်ဆုံးပေးသွားမယ်လို့ ထိုင်းတရားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်၊မနေ့ကထုတ်ပြန်လိုက်ပါတယ်။ ​အဲဒီ စိတ်မနှံ့တဲ့ ဒေသခံလူငယ်တဦးဟာ ကျောင်းထဲကို ကျူးကျော်ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ အဲဒီလို ပစ်ခတ်မှုကြောင့် ကျောင်းအုပ်ဆရာမကြီး Mrs. Sasipat Sinsamosorn ရဲ့ ဘယ်ဘက်ရင်အုံမှာ သေနတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ပြီး ဆေးရုံမှာ ကုသနေရင်းနဲ့ပဲကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ​ဒီပစ်ခတ်မှုအတွင်းမှာပဲ အသက်ဆယ့်ငါးနှစ်အရွယ် ကျောင်းသူတဦးမှာလည်း ခါးမှာ သေနတ်ဒဏ်ရာရခဲ့ပေမယ့် အရေးပေါ်အခြေအနေကနေ လွတ်မြောက်ပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။ ​အဲဒီအပြင် သေနတ်သမားရန်ကနေ လွတ်အောင် အဆောက်အဦပေါ်ကနေ ခုန်ချခဲ့လို့ ဒဏ်ရာရသွားတဲ့ ကျောင်းသားလေးတဦးကတော့ အခုထိဆေးရုံမှာ ဆက်ပြီး ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။ ​ဆောင်ခလာခရိုင် တရားရေးရုံးက တာဝန်ရှိသူတွေဟာ နစ်နာခဲ့တဲ့မိသားစုတွေဆီကို ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်ခံရသူတွေရဲ့ ကုသရေးနဲ့ တခြားနစ်နာကြေးတွေကို ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီကွယ်လွန်သွားတဲ့ ကျောင်းအုပ်ဆရာမကြီးအတွက် နစ်နာကြေး၊နာရေးစရိတ်နဲ့ ထောက်ပံ့ကြေး စုစုပေါင်း ဘတ် ၂၀၀,၀၀၀ ပေးသွားမှာဖြစ်ပြီး ဒဏ်ရာရသွား ကျောင်းသူ၊ကျောင်းသားတွေအတွက်လည်း ဆေးကုသစရိတ် ဘတ် ၄၀,၀၀၀ အထိနဲ့ တခြားနစ်နာကြေးတွေကိုပါ ပေးအပ်သွားဖို့ ရှိနေပါတယ်။ ​အဲဒီပြစ်မှုကျူးလွန်သူ လူငယ်ကတော့ အရင်က မူးယစ်ဆေးသုံးခဲ့ဖူးသလို စိတ်ကျန်းမာရေးကုသမှုလည်း ခံယူဖူးသူတဦးဖြစ်ပြီး ရဲတပ်ဖွဲ့ကဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။

Read more

ထိုင်းရောက်မြန်မာလုပ်သား‌တွေကို သက်သေခံလက်မှတ်လုပ်ပေးမယ်

ထိုင်းအစိုးရထုတ်ပေးထားတဲ့အလုပ်လုပ်ခွင့်(Work Permit)ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေအတွက် ဘယ်သူ၊ ဘယ်ဝါဖြစ်ကြောင့်သက်သေခံလက်မှတ်(CI)လုပ်ပေးတော့မယ်လို့မြန်မာသံရုံးကထုတ်ပြန်ပါတယ်။ အဲဒီသက်သေခံလက်မှတ်တွေကို လာမယ့်ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစတင်ပြီးနေရာငါးခုမှလုပ်ပေးမှာလို့ထုတ်ပြန်ပါတယ်။ မြန်မာ-ထိုင်းနှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနပူးပေါင်းပြီး  စမုစခွန်၊စမုကန်၊ ဆူရတ်ဌာနီ၊ချင်းမယ်နဲ့ ချွန်ဘူရီခရိုင်မှာလုပ်ပေးမှာပါ။ အဲဒီ Work Permit CI စာအုပ်ရဲ့ ကုန်ကျစာရိတ်မှာ ဘတ် ၂,၄၇၀ ဖြစ်ပြီး အလုပ်သမားတွေဟာ နီးစပ်ရာ 7-Eleven ဆိုင်တွေမှာ ငွေသွင်းရမှာဖြစ်ပါတယ်။ အဲဒီငွေသွင်းပြီးပါက မိမိတို့လျှောက် ထားလိုတဲ့စခန်းအမည်နဲ့နေ့ရက်ကို ရွေးချယ်နိုင်ဖြစ်ပြီး ရရှိလာတဲ့ ပြေစာနဲ့ အတူ စခန်းတွေကိုသွားရောက်လုပ်ရမှာပါ။ အဲဒီ CI လျှောက်ထားရာမှာ သတ်မှတ်ထားတဲ့ ကုန်ကျစာရိတ်ထက် ပိုမိုပေးဆောင်ရတာမရှိဖို့၊မလိုလားတဲ့ကုန်ကျစာရိတ်တွေမရှိစေဖို့အတွက် အလုပ်သ မားတွေ သတိပြုကြဖို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထားပါတယ်။

Read more

ဒါကာမြို့ရှိ မဲရုံတွေကို ယူနွတ်စ်ကိုယ်တိုင်ကွင်းဆင်းစစ်ဆေး

Border News Agency  ဒါကာ၊ ဖေဖော်ဝါရီ ၁၂။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိကအကြံပေးပုဂ္ဂိုလ် (ယာယီအစိုးရအကြီးအကဲ) ပရော်ဖက်ဆာမိုဟာမက်ယူနွတ်စ်ဟာ ဒီနေ့မနက်ပိုင်းက ဒါကာမြို့ရှိ Gulshan Model School & College မဲရုံမှာ ကိုယ်တိုင်မဲပေးခဲ့ပါတယ်။ ​မဲပေးပြီးနောက်မှာတော့ ပရော်ဖက်ဆာယူနွတ်စ်ဟာ ဒါကာမြို့အတွင်းရှိ Badda High School နဲ့ မီရ်ပူရ် (Mirpur) ရှိ SOS Hermann Gmeiner College မဲရုံတွေကို ဆက်လက်သွားရောက်ပြီး ရွေးကောက်ပွဲရဲ့ အခြေအနေအရပ်ရပ်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ ​အဲဒီလို ကြည့်ရှုစစ်ဆေးစဉ်အတွင်းမှာ ပရော်ဖက်ဆာယူနွတ်စ်ဟာ မဲလာပေးကြတဲ့ပြည်သူတွေ၊ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေနဲရင်းရင်းနှီးနှီး တွေ့ဆုံစကားပြောခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Read more
Page 57 of 65 1 56 57 58 65

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here