Border News Agency
အိန္ဒိယ၊မေ ၁၆။
အိန္ဒိယနိုင်ငံ၊နယူးဒေလီမှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေရှိနေတာကြောင့် ဘုံသဘောထားမချမှတ်နိုင်ဘဲ မေလ ၁၅ ရက်၊မနေ့ကပြီးဆုံးသွားပါတယ်။
အဲဒီအစည်းအဝေးမှာ အီရန်က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လုပ်ရပ်တွေကို ရှုတ်ချဖို့ တိုက်တွန်းခဲ့ပေမယ့် ယူအေအီး (UAE) ကတော့ အီရန်ရဲ့ တိုက်ခိုက်မှုတွေကိုသာ ရှုတ်ချဖို့ ပြန်လည်တောင်းဆိုခဲ့တာကြောင့် အခြေအတင် ဖြစ်ခဲ့ကြတာပါ။
အီရန်နိုင်ငံခြားရေးဝန်ကြီးက ယူအေအီးဟာ အမေရိကန်ကို သူရဲ့နယ်မြေအတွင်း အခြေစိုက်ခွင့်ပေးပြီး အီရန်ကိုတိုက်ခိုက်ရာမှာ ပါဝင်ကူညီနေတယ်လို့ စွပ်စွဲခဲ့သလို ယူအေအီးဘက်ကလည်း ဒါကို ငြင်းဆိုထားပါတယ်။
အခုလို အဖွဲ့ဝင်သစ်တွေဖြစ်တဲ့ အီရန်နဲ့ ယူအေအီးတို့ကြား တိုက်ရိုက်ပဋိပက္ခဖြစ်နေတာဟာ BRICS အဖွဲ့အတွင်း အကြီးမားဆုံး သဘောထားကွဲလွဲမှု ဖြစ်လာပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကတော့ အဖွဲ့ဝင်တွေအနေနဲ့ ဘုံသဘောတူညီချက်တွေကို လေးစားဖို့ တိုက်တွန်းခဲ့ရပါတယ်။
ဒါဟာ အိန္ဒိယက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အစည်းအဝေးတွေမှာ အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ဘုံသဘောထားမရဘဲ ဒုတိယအကြိမ်မြောက် ကျရှုံးခဲ့တာဖြစ်ပြီး စစ်ပွဲကြောင့် ဒေသတွင်း သံတမန်ရေးရာတွေမှာ အခက်တွေ့နေကြရတာလည်း ဖြစ်ပါတယ်။






