ပညာရေး

မင်းအောင်လှိုင်ကို ပါရဂူဘွဲ့ပေးတာဟာ ဘွဲ့ကတ်ပြားရောင်းစားတာပဲလို့ ရကသ ရှုတ်ချ

Border News Agency ​ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ။ ​စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က "ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့" ပေးအပ်လိုက်တာဟာ စစ်အုပ်စုကိုမျက်နှာချိုသွေးပြီး ဘွဲ့တံဆိပ်နဲ့တံစိုးလက်ဆောင်ပေးတာပဲလို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရကသ) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ​စာသင်ကျောင်းတွေကိုဗုံးကြဲပြီး ကျောင်းသားပြည်သူတွေရဲ့ သွေးစွန်းနေတဲ့ စစ်ရာဇဝတ်တရားခံ မင်းအောင်လှိုင် ဆင်မြန်းလိုက်တဲ့ ဘွဲ့ဝတ်ရုံနဲ့ ဘွဲ့လက်မှတ်ဟာ ဂုဏ်သိက္ခာကင်းမဲ့သလို ဘွဲ့နှင်းသဘင်ခန်းမတခုလုံးလည်း သွေးညှီနံ့တွေ လှိုင်နေပြီလို့ ဆိုပါတယ်။ ​စစ်အုပ်စုခန့် ပညာရေးဝန်ကြီး ချောချောစိန်နဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် တင်မောင်ထွန်းတို့ဟာ သူတို့ရာထူးတည်မြဲဖို့အတွက် ငရဲခွေးကြီးကို ဘွဲ့ဝတ်ရုံဆင်ပေးလိုက်တာဖြစ်ပြီး ဒါဟာ စစ်ကျွန်ပညာရေးရဲ့ သရုပ်သကန်ကိုဖော်ပြနေတာလို့ ဆိုပါတယ်။ ​စစ်အာဏာရှင်စနစ်ရှိနေသရွေ့ စစ်ကျွန်ပညာရေးစနစ်က သက်ဆိုးရှည်နေမှာဖြစ်လို့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမှသာ အားလုံးနဲ့ထိုက်တန်တဲ့ ဒီမိုကရေစီပညာရေးစနစ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

Read more

မင်းအောင်လှိုင်ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ရ

​Border News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ​အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့" ပေးအပ်ခဲ့ပါတယ်။ အဲဒီဘွဲ့ကို ဖေဖော်ဝါရီလ ၅ ရက်၊ ဒီနေ့မနက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပေးအပ်ခဲ့တာပါ။  ​နိုင်ငံရေးအပြောင်းအလဲကာလအတွင်း စီမံခန့်ခွဲမှုတွေကြောင့် အခုလိုဘွဲ့ပေးတာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီအခမ်းအနားကို ပညာရေးလောကက တာဝန်ရှိသူတချို့ တက်ရောက်ခဲ့ကြပါတယ်။

Read more

အရာတော်မှာလေကြောင်း၊ မိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးပြုလုပ်

Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ကျောင်းသားတွေနဲ့ပြည်သူတွေကို လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ် ကာကွယ်ရေး အသိပညာပေးသရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလှုပ်ရှားမှုကို အရာတော်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂတွေနဲ့ ဒေသရှိလက်နက်ကိုင်တော်လှန်ရေအင်အားစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဟောပြောပွဲမှာ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီဒီယိုတွေပြသတာ၊ ကာကွယ်ရေးနည်းလမ်းတွေကို လက်တွေ့သရုပ်ပြဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအပြင် ဗုံးခိုကျင်းတည်ဆောက်ပုံလမ်းညွှန်နဲ့ အသိပညာပေးလက်ကမ်းစာစောင်၂၀၀ ကို ပြည်သူတွေဆီဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။

Read more

​အာရက္ခပြည်ကအစ္စလာမ်ဘာသာရေးတက္ကသိုလ်မှာဘွဲ့နှင်းသဘင်နဲ့ ဆုပေးပွဲကျင်းပ

Border News Agencyမြောက်ဦး၊ ဖေဖော်ဝါရီ ၃။ ​အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ အစ္စလာမ်ဘာသာရေးတက္ကသိုလ်တခုမှာဖေဖော်ဝါရီလ ၂ ရက်၊ မနေ့က ဘွဲ့နှင်းသဘင်နဲ့ဆုပေးပွဲအခမ်းအနားကို စည်စည်ကားကား ပြုလုပ်ခဲ့ပါတယ်။ အဲ​ဒီပွဲမှာ ဘာသာရေးစာမေးပွဲတွေနဲ့ကုရ်အာန်ကျမ်းမြတ်အာဂုံဆောင်သင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဘွဲ့လက်မှတ်တွေနဲ့...

Read more

​ထိုင်းရောက်မြန်မာကလေးတွေကို G-Code နဲ့ကျောင်းတက်ခွင့်ပြုဖို့ ထိုင်းအစိုးရအတည်ပြု

Border News Agency​မဲဆောက်၊ ဇန်နဝါရီ ၃၁ ။ ​ထိုင်းနိုင်ငံမှာရောက်ရှိနေထိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအခြေချသူတွေနဲ့ အထောက်အထားမဲ့ကလေးငယ်တွေအားလုံး ခွဲခြားမှုမရှိဘဲ ပညာသင်ကြားခွင့်ရရှိစေဖို့အတွက် ဥပဒေပြင်ဆင်ချက်ကို ထိုင်းအစိုးရပြန်တမ်း (Royal Gazette) ကနေ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။...

Read more

တောင်ညိုတပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Border News Agencyနေပြည်တော်၊ အောက်တိုဘာ ၂၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၊ ဗျူဟာ ၃၆ လက်အောက်ရှိ၊ တောင်ညိုတပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အောက်တိုဘာလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီ အပတ်စဥ် ၂...

Read more

ကိုးကန့်တပ်ရဲ့တော်လှန်ရေးသမိုင်းကြောင်း ပညာပေးလှုပ်ရှားမှုသင်တန်းဆင်းပွဲ

Border News Agencyလောက်ကိုင်၊ အောက်တိုဘာ ၁၀။ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်နယ်မြေ၊ အထူးဒေသ ၁ သိန္နီခရိုင်မှာ တော်လှန်ရေးပညာပေးလှုပ်ရှားမှု သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ အောက်တို ဘာလ ၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီသင်တန်းကို အောက်တိုဘာလ ၁...

Read more

ရခိုင်က အမျိုးသမီးသုံးဆယ်နှစ်ရာခိုင်နှုန်း ပညာရေးနဲ့အလုပ်အကိုင်ဖယ်ကျည်းခံနေရ

Border News Agencyကျောက်တော်၊ အောက်တိုဘာ ၈ မြန်မာလူငယ်ငါးဦးမှာ တဦးနီးပါးခန့်မှ န်းခြေသုံးသန်းခန့်ဟာအလုပ်အကိုင်၊ ပညာရေး(သို့မဟုတ်)သင်တန်းတခုခုမှာ ပါဝင်တာမရှိဘူးလို့ NEET (Not in Employment, Education or Training) ကုလသမဂ္ဂဖွံ့ဖြိုးရေးအဖွဲ့ ယူအန်ဒီပီ မြန်မာ...

Read more

အာရက္ခဒေသက မုဒိမ်းမှုတွေကို ဘယ်လိုကိုင်တွယ်မလဲ

သတင်းဆောင်းပါး သိမ်းစံ ရေးတယ်။ Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၁၀။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝမြို့နယ်အ ပါအဝင် တဆယ့်ငါးမြို့နယ်ကို အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။ အာရက္ခပြည်သူတော်လှန်ရေးအစိုးရမှာအာရက္ခတရားရေးဌာနအပါအဝင် တ ရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(DLE...

Read more

စာသင်ကျောင်းကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦဒဏ်ရာရ

Border News Agencyဖားအံ၊ စက်တင်ဘာ ၃။ ကော်သူးလေအုပ်ချုပ်နယ်မြေရှိ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကျောင်းဆရာတဦး၊ ဆရာမတဦးနဲ့ ကျောင်းသားတဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုး သားအစည်းအရုံးမှ ​စက်တင်ဘာလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ)...

Read more
Page 3 of 4 1 2 3 4

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here