စီးပွားရေး

​၁၈ နှစ်မပြည့်သူကိုအရက်ရောင်းရင် ထောင်ဒဏ် ၆ လကျခံရမယ်

Border News Agencyရန်ကုန်၊ မတ် ၈။ ​အသက် ၁၈ နှစ်မပြည့်သေးတဲ့သူတွေကို အရက်ရောင်းတာဒါမှမဟုတ် ပေးကမ်းတာမျိုး မလုပ်ဖို့အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက မတ်လ ၇ ရက်နေ့မှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ယစ်မျိုးဥပဒေမှာ တရားဝင်တားမြစ်လိုက်ပါတယ်။ ​အသစ်ထွက်လာတဲ့ယစ်မျိုးဥပဒေ ပုဒ်မ...

Read more

​ပါရှန်းပင်လယ်ကွေ့ ရေကြောင်းဆုံးရှုံးမှုတွေအတွက် အမေရိကန်ကဒေါ်လာ ၂၀ ဘီလီယံ အာမခံပေးမယ်

Border News Agency​ဝါရှင်တန်၊ မတ် ၇။ ​အီရန်နဲ့စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ပါရှန်းပင်လယ်ကွေ့ဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တင်ပို့သူတွေ ယုံကြည်မှုရှိရှိ ဆက်လက်ကုန်သွယ်နိုင်ဖို့အတွက် ဒေါ်လာ ၂၀ ဘီလီယံအထိ အာမခံပေးသွားမယ်လို့ အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ဘဏ္ဍာရေးကော်ပိုရေးရှင်း (DFC) က...

Read more

ဒေသတွင်းလုံခြုံရေးကြောင့် ဒူဘိုင်းအဝင်အထွက် ခရီးစဉ်အားလုံးကိုရပ်နားထား

Border News Agencyဒူဘိုင်း၊​ မတ် ၅။ ဒေသတွင်းလေပိုင်နက်ပိတ်ထားမှုတွေကြောင့် ဒူဘိုင်းမြို့ကိုအဝင်အထွက်လုပ်မယ့်ခရီးစဉ်အားလုံးကို လာမယ့်မတ်လ ၇ ရက်နေ့ ညသန်းခေါင်အချိန်အထိ ဆက်လက်ရပ်နားထားမယ်လို့ အီးမရိတ်စ် (Emirates) လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ အဲ​ဒီလို ခရီးစဉ်တွေရပ်နားထားတာဟာ ခရီးသည်တွေရဲ့ လုံခြုံရေးနဲ့ဘေးကင်းမှုကို...

Read more

စက်သုံးဆီရက် ၄၀ စာရှိတယ်လို့ စစ်ကော်မရှင်ပြော

Border News Agencyနေပြည်တော်၊ မတ် ၄ ။ ​အာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေတွေမှာစက်သုံးဆီ ရက် ၄၀ စာရှိတယ်လို့ အာဏာသိမ်းစစ်တပ်က ဆိုပါတယ်။ အဲဒီဓာတ်ဆီဂါလံသန်း ၆၀ နဲ့ ဒီဇယ်ဂါလံသန်း ၇၀ နီးပါးစုထားတာမို့ ရက် ၄၀...

Read more

မင်းပြားရှိ လေလံကူတို့ဆိပ်တွေကိုအာရက္ခအစိုးရ ကွင်းဆင်းစစ်ဆေး

Border News agencyမင်းပြား၊​ မတ် ၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားခရိုင်အတွင်း လေလံအောင်မြင်ထားတဲ့ ကူတို့ဆိပ်လုပ်ငန်းတွေမှာ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ​အဲဒီ စစ်ဆေးမှုကို မြို့နယ်ဒီလပ်ဌာန၊...

Read more

​မီဇိုရမ်မှာ ကုဋေချီတန်ဖိုးရှိ မက်အဖက်တမင်းနဲ့ ဟီးရိုးအင်းတွေဆက်တိုက်ဖမ်းဆီးရမိ

Border News Agencyအိန္ဒိယ၊​ မတ်လ ၃။ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်အတွင်း ရူပီးကုဋေနဲ့ချီ တန်ဖိုးရှိတဲ့ မက်အဖက်တမင်းနဲ့ ဟီးရိုးအင်း အမြောက်အမြားကို ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က မတ်လ ၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီ မီဇိုရမ်ပြည်နယ်မှာ...

Read more

ပလက်ဝဆိပ်ကမ်းမှာ ရေနစ်မြုပ်‌နေတဲ့ ခရီးသည်နဲ့ကုန်တင်လှေကို အာရက္ခတပ်တော်မှကူညီကယ်ဆယ်

Border News Agencyပလက်ဝ၊ မတ် ၃။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝဆိပ်ကမ်းမှာ ရေနစ်မြုပ်‌နေတဲ့ ခရီးသည်နဲ့ကုန်တင်လှေကို အာရက္ခတပ်တော်မှဖေဖော်ဝါရီလ ၂ရက်၊မနက်ပိုင်းက ကူညီကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပလက်ဝ - ကျောက်တော်ကို လိုင်းဆွဲထွက်နေတဲ့ကုန်တင်လှေတစီးဟာ မတ် ၁ ရက်နေ့...

Read more

​အိုမန်ကမ်းလွန်မှာ Skylight ရေနံတင်သင်္ဘောတိုက်ခိုက်ခံရလို့လူ ၄ ဦး ဒဏ်ရာရ

Border News Agencyအိုမန်၊ မတ် ၂။ ​အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှု ခံထားရတဲ့ ပလောင်းနိုင်ငံအလံတင် Skylight ရေနံတင်သင်္ဘောဟာ အိုမန်နိုင်ငံကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ အိုမန်ရေကြောင်းလုံခြုံရေးဗဟိုဌာနက ထုတ်ပြန်လိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် သင်္ဘောပေါ်ပါ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပေမယ့်...

Read more

​Operation Epic Fury စစ်ဆင်ရေးမှာ အမေရိကန်စစ်သည် ၃ ဦး ကျဆုံးပြီး ၅ ဦးဒဏ်ရာရ

Border News Agencyအမေရိကန်၊ မတ် ၂။ Operation Epic Fury စစ်ဆင်ရေးအတွင်းမှာ အမေရိကန်စစ်သည် ၃ ဦး ကျဆုံးခဲ့ရပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရသွားခဲ့တယ်လို့ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM)က မတ်လ ၁...

Read more

မောင်တောမှာ ဒေသကြက်တွေဈေး ကောင်းရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မောင်တောမြို့မှာ ဒေသကြက်တွေ ဈေးကောင်းရနေပါတယ်။ မောင်တောမြို့မှာ ဒေသအိမ်‌ကြမ်ကြက်အကြီးတကောင်ကိုခြောက်သောင်းကျပ်၊ အလတ်တကောင်ကိုငါးသောင်းကျပ်၊အငယ်တကောင်ကို သုံးသောင်းကျပ်ထိစျေးရှိနေပါတယ်။ အဲဒီကြက်တွေကို ဘူးသီးတောင်မြို့န ယ်မှအများဆုံးလာရောက်ရောင်းချနေတာပါ။ အဲဒီဘူးသီးတောင်မြို့နယ်၊မြောင်းနားကျေးရွာမှလာရောက်ရောင်းချသူတွေက စျေးကောင်းရနေကြတယ်လို့ ဆို​ကြပါတယ်။ "တရက်မှာကြက်အကောင်ရေသုံးဆယ်လောက်ရောင်းချရပါတယ်။လေးသော င်းနဲ့ဝယ်ရင် ဒီ‌မှာလေးသောင်းနှစ်ထော င်ရောင်းတယ်။ငါးသောင်းနဲ့ဝယ်ငါး သောင်းနှစ်ထောင်ရောင်းတယ်။ကြက်တကောင်ကနှစ်ထောင်ပဲအမြတ်ရတ ယ်။ဘူးသီးတောင်က ဆိုက်ကယ်နဲ့လာရတယ်။ဆီစာရိတ်၊ထမင်းနဲ့ကုန်ကျ စာရိတ်ကသုံးသောင်းလောက်ရှိတယ်။တရက်အမြတ်ငွေကတောသုံးသောင်း၊ လေးသောင်းလောက်ရပါတယ်။ကြက်တွေကတော ကျေးရွာတွေမှာလည်ပတ်ပြီးရှာဝယ်ရတယ်။"လို့ ဘူးသီးတောင်မြို့နယ်၊မြောင်းနားကျေးရွာမှအဒူလာမိန်က Border News Agency ကို ပြောပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်းအာရက္ခတပ်တော်ကမြို့အများစုကိုသိမ်းပိုက်ထိန်းချုပ်လိုက်တာမို့ ဒေသထွက်ကုန်တွေကို ပိုမိုထုတ်လုပ်လာကြပါတယ်။ ဒါပေမယ့် ဒေသတွင်းမွေးမြူရေးတွေနည်းနေသေးသလို ဒေသကြက်တွေလ ည်းနည်းပါးနေသေးတာမို့ တရွာဝင်တရွာထွက်ရှာဖွေဝယ်ယူနေကြရတယ်လို့ကြက်ရောင်းသူတွေက ဆိုကြပါတယ်။ "ကြက်တွေကတော့ ကျေးရွာတွေကိုလည်ပတ်ပြီးဝယ်ရပါတယ်။မိသားစုစားသောက်ဖို့ တရက်မှာနှစ်သောင်းကျော်ကုန်ပါတယ်။သားသမီးသုံးဦးက ငါးနှစ်အထက်မရှိသေးပါဘူး။ငါးနှစ်အောက်သာရှိပါတယ်။"လို့ ဘူးသီးတောင်မြို့နယ်မှကြက်ရောင်းချနေသူတဦးက Border News Agency ကိုပြောပါတယ်။ အဲဒါကြောင့်ဒေသကြက်တွေကို ပိုမိုမွေးလာကြသလို တပိုင်တနိုင်မွေးသူတွေလည်းပိုများလာနေကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက ဒေသခံပြည်သူတွေမွေးမြူရေးတွေပိုမိုလုပ်နိုငိကြဖို့နိုင်ငံတကာအကူ အညီတွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။

Read more
Page 11 of 32 1 10 11 12 32

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here